Saturday, June 14, 2008

တတိယအကြိမ် စေလွတ်မည့် ထိုင်းဆေးပညာရှင်အဖွဲ့ကို နအဖ စစ်အစိုးရက ပြည်ဝင်ခွင့် ပေးရန် ငြင်းဆို

14th June,
မောင်ရမ္မာ(နိရဉ္စရာ) မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော လေဘေးဒုက္ခသည်များကို ဆေးဝါး အကူအညီပေးရန် အတွက် ထိုင်းနိုင်ငံမှ တတိယအကြိမ်စေလွှတ်မည့် ဆေးပညာရှင် ဆရာဝန်များအဖွဲ့ကို နအဖ စစ်အစိုး ရက မလိုအပ်တော့ဟု ဆိုကာ ပြည်ဝင်ခွင့် ဗီဇာပေရန် ယမန်နေ့က ငြင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါငြင်းဆိုမှုနှင့်ပတ်သက်၍ ထိုင်းအမျိုးသား အရေးပေါ်ဆေးဘက်ဆိုင်ရာ သိပ္ပံဌာန၏ အတွင်းရေးမှူးချုပ် ဒေါက်တာ ချူရာချပ်ဆူဒနာရစ်က “ဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံက မုန်တိုင်း ဒဏ်သင့်တဲ့ ဒေသတွေဘက်ကို ထိုင်းနိုင်ငံကနေ ထွက်ခွာဖို့အသင့်ဖြစ်နေတဲ့ အချိန်မှာ ခုလို လက် မခံတော့ဘူးဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။ ဒီသတင်းအတွက် ကျွန်တော်တို့ အထူးစိတ်မကောင်းဖြစ်မိတယ်” ဟု ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်းတွင် လေဘေးသင့် ဒုက္ခသည်များကို ဆေးဝါးကုသနိုင် ရေးအတွက် ထိုင်းနိုင်ငံမှ ဆေးအဖွဲ့ နှစ်ဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ စေလွှတ်ခဲ့သောအဖွဲ့များကို ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဦးဆောင်လုပ်ကိုင်နေသော ပြည်နယ်ဆေးရုံများနှင့် ဆူရာလောင်ကွန်းဆေးရုံ၊ ရာမသီဘိုဒီ ဆေးရုံနှင့် စရီအာရပ် ဆေးရုံများအပြင် ၀န်ကြီးဌာနလက်အောက်မှ တခြားဆေးရုံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ စေလွတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သော ပထမ ဆေးအဖွဲ့မှာ ထိုင်းအိမ်ရှေ့မင်းသား ၀ါချီလာ လောင်ကွန်းက ဦးစီးဆောင်ရွက်သော ဘုရင့်ဆေးအဖွဲ့ကိုယ်စား ကူညီဆောင်ရွက် ပေးနေသော ဆေးအဖွဲ့ဖြစ်သည်၊ ၎င်းဆေးအဖွဲ့တွင် ဆေးအဖွဲ့ဝင်ပေါင်း ၃၀ ပါဝင်ပြီး သတင်းနှစ်ပတ်ကြာ မြန်မာနိုင်ငံ၌ တာဝန်ယူ ဆောင်ရွက် ခဲ့သည်ဟုသိရှိရသည်။

ဒုတိယအကြိမ် စေလွှတ်ခဲ့သော ထိုင်းဆေးဆရာဝန်များအဖွဲ့တွင် ထိုင်းသမားတော်ကြီးများ အပါအ၀င် တခြားဝန်ထမ်းများလည်း ပါဝင်ကာ ယခုအခါ မြန်မာနိုင်ငံမှ လေဘေးသင့်သော ဒေသများတွင် လတ်တလော ဆေးရွာကုသမှု အကူအညီများပေးလျှက်ရှိပြီး ဇွန်လ ၁၅ ရက်နှင့် ၁၆ရက်များတွင် ထိုင်းနိုင်ငံကို ပြန်လည် ထွက်ခွာ လာရန် စီစဉ်ထားကြောင်း သတင်း ရရှိသည်။

နအဖ စစ်အစိုးရသည် နာဂစ်မုန်တိုင်းဒဏ်သင့်သော မြောင်းမြနှင့် လပွတ္တာအပါအ၀င် မြစ်ဝကျွန်းပေါ်ဒေသများရှိ ဒုက္ခသည်များကို သွားရောက်ပြီး ဆေးဝါးကုသရေးအတွက် ထိုင်းဆေးအဖွဲ့များကို ပထမဆုံးအနေဖြင့် ၀င်ခွင့်ပြုခဲ့သည်။

0 Comments: