Friday, June 13, 2008

ဆရာတော်ကြီး များ ဩဝါဒ


13rd June,

သာသနာရေးနဲ့နိုင်ငံရေး

နိုင်ငံတစ်ခုမကောင်းပဲနဲ့ သာသနာဆိုတာ ဘယ်လိုကောင်းမလဲ။နိုင်ငံဆိုတာ (ဋ္ဌာန) အိမ်လိုပဲ။ သာသနာဆိုတာ (ဋ္ဌာနူ) အဲဒီအိမ်ပေါ်မှာတက်နေတဲ့လူလိုပဲ။ အိမ် ကြီးကယိုယွင်းပျက်ဆီး နေရင် အိမ်ပေါ်မှာနေတဲ့လူတွေ ဘယ်လိုလုပ်နေမလဲ။သာသနာရေးနဲ့နိုင်ငံရေး ပူးတွဲမလုပ်သင့်ဘူးပြောနေတာ သာသနာရေးနဲ့နိုင်ငံရေးကို ကွဲကွဲပြားပြား မသိသေးလို့ပဲ။

အေးအေးဆေးဆေး ကိုယ်နဲ့မဆိုင်သလိုမနေပါနဲ့

အလုပ်တစ်ခုဖြစ်လာပြီဆိုရင်အမှတ်တမဲ့ မနေကြပါနဲ့။ဗမာတွေထင်နေတာက မလုပ်၊ မရူပ်၊ မပြုတ်ဆိုပြီးတော့ အေးအေး ဆေးဆေး နေရရင် ပြီးရောလို့ ထင်နေတယ်။ ဒီကနေ့ ဗမာပြည်မှာ ဘာဖြစ်လို့အခုလိုဖြစ်နေသလဲဆိုတော့ဗမာတွေအေးအေးဆေးဆေးနေလို့။အေးအေးဆေးဆေးနေတယ်
ဆိုတာ တာဝန်ယူရမှာကိုတာဝန်မယူတာ။အင်္ဂလိပ်လိုပြောရရင် The risk of the action နဲ့ The risk of the in-action လို့ခေါ်ပါတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါအလုပ်လုပ်တာလည်း တာဝန်တစ်ခုရှိတယ်။ အလုပ်မလုပ်ပဲနေတဲ့တာဝန်က လုပ်တာကြောင့်ဖြစ်တဲ့တာဝန်ထက်ပိုကြီးတယ်လို့ပြောတယ်။ အင်္ဂလိပ် လိုပြောရင် far greater than လို့ပြောတယ်။ The risk of the in-action is far greater than the risk of the action အဲဒီလိုပြောတယ်။
(သာသနမောဠိ ဥက္ကဋ္ဌ ပီနန်ဆရာတော်)

0 Comments: