Sunday, July 5, 2009

“သာမန်ပြည်သူ”

6th July, 2009
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ မိမိကိုယ်ပိုင် အထင်အမြင်ကို ထုတ်ဖော်မပြောဆိုမီ “ကျွန်တော်ကတော့ သာမန်ပြည်သူပါ” ဟူ၍ စကားခံပြောကြားသည်ကို မကြာခဏ ကြုံရလေ့ရှိသည်။ ဤသို့ပြောရခြင်း၏ နောက်ကွယ်တွင် အကြောင်းအမျိုးမျိုးရှိနိုင်သည်။

တချို့က မိမိ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော် မိတ်ဆက်သည့်အနေဖြင့် သဘောရိုးပြောကြားခြင်းဖြစ်သည်။ အချို့ကမူ မိမိစကားထဲတွင် တစုံတရာ အမှားအယွင်းပါသွားပါက မိမိအား ပြန်လည်မဝေဖန်စေရန်အတွက် ကြိုတင်၍ ထန်းလက်ဖြင့် ကာထားခြင်းဖြစ်သည်။ သူ့အမှားကို တဖက်က ထောက်ပြလာလျှင် “ကျွန်တော်ပြောတယ်မဟုတ်လား။ ကျွန်တော်က သာမန်ပြည်သူပါလို့”…. ဟု ပြန်ပြောနိုင်ရန် ဖြစ်လေသည်။

အချို့ကမူ နိုင်ငံရေးသမားဟု အထင်မခံလိုခြင်းကြောင့် ဖြစ်သည်။ ဤသို့ အထင်မခံလိုခြင်းမှာ မိမိကိုယ်တိုင်က အမှန်တကယ် နိုင်ငံရေးသမားမဟုတ်သည့်အတွက်ကြောင့်တကြောင်း (သို့တည်းမဟုတ်) နိုင်ငံရေးသမားဆိုသည် ကလိန်ကကျစ်လူများ၊ လူလည်များဟု သတ်မှတ်လိုခြင်းကြောင့်တကြောင်း ဖြစ်နိုင်ပါသည်။

မြန်မာပြည်ကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ဖမ်းဆီးထောင်ချခံနေရသော နိုင်ငံရေးအကျဉ်းသားများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ စသူတို့အား နိုင်ငံရေးသမားများအဖြစ်ဖြင့် အများစုက သတ်မှတ်ကြသည်။ ထိုသူတို့အား မိမိကိုယ်ကို သာမန်ပြည်သူဟု ကင်ပွန်းတပ်သူ အချို့ (အချို့ဆိုသော်လည်း အရေအတွက်မှာ မနည်းလှ)က နည်းမျိုးစုံဖြင့် ဝေဖန်ကြသည်။ ဆဲရေးကြသည်။ သူတို့၏ လုပ်ပုံကိုင်ပုံကို နည်းလမ်းမကျ၊ အသုံးမကျ၊ ခရီးမတွင်၊ မအောင်မြင် စသဖြင့် သာမန်ပြည်သူဟူသော နာမည်ကို တွင်တွင်ကြီး သုံးကာ တဖက်သတ် ဝေဖန်ကြ၊ ဆဲဆိုကြသည်ကို အစဉ်လိုလို မြင်တွေ့နေရသည်။


ယင်းကို တွေ့မြင်ရသောအခါ “နိုင်ငံရေးသမား” နှင့် “သာမန်ပြည်သူ” ဆိုသော ဝေါဟာရ ပညတ်ချက်များနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုများကို တွေးတောသုံးသပ်ကြည့်မိသည်။ ထိုအခါတွင် မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ထိုသို့ တဖက်သတ် ဝေဖန်၊ ဆဲဆိုနေကြသည်မှာ တရားမျှတပါ၏လောဟု ထပ်မံစဉ်းစားစရာ ဖြစ်လာသည်။

အင်္ဂလိပ်အဘိဓါန်တွင် နိုင်ငံရေးသမားဆိုသည်မှာ နိုင်ငံရေးနှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်းပြုသူ၊ အထူးသဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသော ရာထူးတခုကို လက်ကိုင်ထားသူဟု အတိုချုံး အဓိပ္ပါယ်ရပါသည်။

ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုလျှင် အထက်တွင်ပြောခဲ့သော မြန်မာပြည်မှ နိုင်ငံရေးသမားဆိုသူများမှာ နိုင်ငံရေးအပေါ်မှီတည်၍ အသက်မွေးနိုင်ကြသူများ မဟုတ်ကြ။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မိသဖြင့် မိမိတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပင် တားဆီးပိတ်ပင် ကန့်သတ်ခံကြရရှာသေးသည်။ ထို့ကြောင့် ထိုသူများကို နိုင်ငံရေးသမားဟု လူတန်းစား ခွဲခြားသတ်မှတ်နေခြင်းကပင် ကျနော်တို့၏ အခြေခံအမှားဖြစ်သည်။ အမှန်စင်စစ် မြန်မာပြည်တွင် နိုင်ငံရေးလုပ်၍ အသက်မွေးနိုင်ကြသည်မှာ စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ နောက်လိုက် အပေါင်းပါများသာ ရှိသည်။

လွတ်လပ်သောနိုင်ငံများတွင်မူ နိုင်ငံရေးသမားများကို ပြည်သူလူထုက ပုံမှန်ပြုလုပ်ကျင်းပသော ရွေးကောက်ပွဲများတွင် မဲထည့်ကာ ရွေးချယ်တင်မြှောက်ကြသည်။ ရာထူးကို ရရှိလာသူ နိုင်ငံရေးသမားများအနေဖြင့် ပြည်သူလူထုအတွက် အကျိုးပြုသော ပေါ်လစီများကို ချမှတ်အကောင်အထည်ဖော်ရသည်။ ထိုနေရာတွင် မအောင်မြင်ပါက သူ့အားရွေးချယ်တင်မြှောက်ခဲ့သော၊ သူ့အား ထိုက်သင့်သည့်လစာပေးထားသော အခွန်ထမ်းပြည်သူလူထုအနေဖြင့် ထိုသူအား မသက်မညှာ ဝေဖန်ပိုင်ခွင့်ရှိသည်။ နောင်ရွေးကောက်ပွဲတွင် ထိုသူအား မရွေးချယ်တော့ဘဲ နေပိုင်ခွင့်ရှိသည်။ ထိုအနေအထားမျိုးတွင် အခွန်ထမ်းပြည်သူတဦးအနေဖြင့် မိမိကိုယ်ကို “သာမန်ပြည်သူတဦးပါ၊ နိုင်ငံရေးသမားမဟုတ်ပါ” ဟုလည်း ခွဲခြားပြောကြားသည်မှာ သဘာဝကျသည်။

မြန်မာပြည်တွင် ၁၉၉၀ ခုနှစ်က အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်လောင်းများအား တခဲနက်မဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော်လည်း ထိုသူများမှာ သူတို့၏ လွှတ်တော်အမတ်တာဝန်ဝတ္တရားကို ထမ်းဆောင်ခွင့်မရသေး။ လွှတ်တော်အမတ်လစာဖြင့် အသက်မွေးရန် မဆိုထားနှင့်၊ နအဖအစိုးရ၏ ဖမ်းဆီးထောင်ချမခံရလျှင်ပင် ကံကောင်းလှပေသည်။ ထိုသို့အနေအထားတွင် ရွေးချယ်တင်မြှောက်ခံရသော လွှတ်တော်အမတ်များကို ကျွန်တော်တို့က အခွန်ထမ်းသာမန်ပြည်သူဖြစ်သဖြင့် သူတို့၏ မအောင်မြင်မှု၊ အသုံးမကျမှုများကို တဖက်သတ်ဝေဖန်မည်ဆိုပါက တရားမျှတသည် မဆိုသာ။ တကယ်တော့ ထိုသူများသည်လည်း မိမိကိုယ်ကို “သာမန်ပြည်သူ”ဟု ပြောဆိုနေကြသူများနှင့် ဘာမှကွာခြားလှသည်မဟုတ်။ သာမန်ပြည်သူဆိုသူများထက်ပင် သူတို့မှာ အကြပ်အတည်းကို ရင်ဆိုင်ရပေသေးသည်။ သာမန်ပြည်သူဆိုသူများနှင့် ကွာခြားသည့် အချက်မှာ ထိုသူတို့သည် မိမိနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် အခြားသူများထက် ပိုမိုတက်ကြွစွာ၊ တာဝန်ကျေပွန်စွာ လုပ်ဆောင်နေကြခြင်းသာ ရှိသည်။

အချို့ကလည်း ရွေးကောက်ပွဲတွင် ပြည်သူက မဲထည့်ကာ အခွင့်အာဏာပေးလိုက်သဖြင့် ပြည်သူ့တာဝန်ကျေပြီ။ အခွင့်အာဏာ (Mandate) အပ်နှင်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ အမတ်များ၏ တာဝန်သာကျန်တော့သည်ဟူသည့် စကားမျိုးကို ဆိုကြသည်။ ဤစကားမျိုးကြားတိုင်း “ကံဆိုးသူ မောင်ရှင်” ဟူသော ပုံပြင်ကိုသာ သတိရမိတော့သည်။

ဤအဖြစ်အပျက်ကို အနီးစပ်ဆုံးတူညီသည့် ဥပမာတခုကို ပေးရလျှင် စစ်မြေပြင်တွင် တဖက်မှ ရန်သူက စက်သေနတ်ဖြင့် ခေါင်းမဖော်နိုင်အောင် ပစ်ခတ်နေချိန်တွင် မိမိဖက်မှ တစုံတယောက်အား ကတုပ်ကျင်းအတွင်းမှ ထွက်၍ ထိုစက်သေနတ်အား လက်ပစ်ဗုံးနှင့် သက်စွန့်ဆံဖျား တက်ထုရန် ရွေးချယ်တင်မြှောက်ခြင်းနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်။ (ရွေးချယ်တင်မြှောက်ခြင်းဆိုသည်မှာ ဥပမာအနေနှင့် ပြောခြင်းမျှဖြစ်ပါသည်။ စစ်တပ်တွင်တော့ တက်ထုကွာဟု အမိန့်ပေးလိုက်ရုံသာ ရှိပေလိမ့်မည်။)

စစ်မြေပြင်တွင် တစုံတယောက်ကို ကတုတ်ကျင်းမှထွက်၍ လက်ပစ်ဗုံးဖြင့် တက်ထုရန် တာဝန်ပေးလျှင် ထိုသူ ကတုတ်ကျင်းမှ ထွက်နိုင်ရေးအတွက် ကျန်သော တပ်သားများကလည်း ရန်သူအပစ်လျော့သွားစေရန် အနည်းဆုံးတော့ ကာပစ် ပစ်ပေးရမည်။ အားလုံးက ကတုပ်ကျင်းထဲတွင် ခေါင်းမဖော်ဘဲ ၀ပ်နေလျက် တဦးတယောက်အား လက်ပစ်ဗုံးနှင့် တက်ပစ်စေလိုခြင်းမှာလည်း သဘာဝကျလှသည်မဟုတ်။ အောင်မြင်နိုင်မည်လည်း မဟုတ်။ ထိုထက်ပိုဆိုးသည်မှာ သက်စွန့်ဆံဖျား လက်ပစ်ဗုံးနှင့် တက်ထုရသူကို ကတုတ်ကျင်းအတွင်း (သို့မဟုတ်) နောက်တန်း ကျည်ကွယ်ရာအရပ်တွင် အမြိုင့်သားထိုင်နေသူများက “ဒီကောင် လက်ပစ်ဗုံးပစ်ပုံက အသုံးမကျလို့ ငါတို့ ခေါင်းမဖော်နိုင်တာ”ဟု ပြောဆိုခြင်းမျိုး ဖြစ်သည်။

တကယ်တမ်းတွင်မူ စစ်အာဏာရှင်စနစ်သည် ကျွန်တော်တို့ တနိုင်ငံလုံးကို ဂုတ်ခွစီးထားခြင်းဖြစ်သည်။ ထိုစစ်အာဏာရှင်စနစ်ပြုတ်ကျအောင် ဆောင်ရွက်ရန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်။ ကျောင်းသားခေါင်းဆောင်များတွင်သာ တာဝန်ရှိသည်မဟုတ်။ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများတွင်သာ တာဝန်ရှိသည်မဟုတ်။ လူ့အခွင့်အရေးလှုပ်ရှားသူများတွင်သာ တာဝန်ရှိသည်မဟုတ်။ ပြည်ပမှ မြန်မာ့အရေးလှုပ်ရှားကြသူများတွင်သာ တာဝန်ရှိသည်မဟုတ်။ သာမန်ပြည်သူဆိုသူများအပါအ၀င် အားလုံးသော မြန်မာနိုင်ငံသားများတွင် တန်းတူညီမျှ တာဝန်ရှိပေသည်။

အချုပ်ဆိုရသော် ဤဆောင်းပါးသည် နိုင်ငံရေးသမားများ၊ ပါတီ အဖွဲ့အစည်းများကို မဝေဖန်ဘို့ ပြောနေခြင်းမဟုတ်။ ဝေဖန်မှုသည် တိုးတက်မှုအတွက် လိုအပ်သည်။ သို့သော် လက်ရှိမြန်မာနိုင်ငံအခြေအနေအရ မလွတ်လပ်သေးသည့် အနေအထားတွင် မိမိကိုယ်တိုင်က ဘာမှ မလုပ်ဘဲ “သာမန်ပြည်သူ” အမည်တပ်ကာ ဝေဖန်နေခြင်းမှာ တရားနည်းလမ်းလည်း မကျ။ တဖက်သတ်လည်း ဆန်လွန်းသည်ဟု ထင်ပါသည်။

တကယ်တမ်းတွင်မူ “သာမန်ပြည်သူ” ဆိုသူများတွင်လည်း မြန်မာပြည်အား စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းရန်အရေးတွင် “နိုင်ငံရေးသမား”ဟု ကင်ပွန်းတပ်ခံရသူများနည်းတူ တန်းတူညီမျှ တာဝန်ကိုယ်စီ ရှိကြပါသည်။

ကိုပေါ

Read More...

ဘန်ကီမွန်း ရောင်းမစွန်ခဲ့တဲ့ ပစ္စည်းသုံးမျိုး

6th July, 2009

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းတစ်ယောက် မြန်မာပြည်ရောက်မလာခင်ကတည်းက ပစ္စည်းသုံးမျိုးကို ကြိုပြီးကြေငြာထားခဲ့ပေမယ့် အခုတော့ ၄င်းပစ္စည်းတွေ မရောင်းရသလောက်ဖြစ်ပြီး ကိုယ့်အထုပ်လေးကို ပြန်သယ်လို့ မြန်မာပြည်က ထွက်သွားခဲ့ရပါပြီ။ အဲဒီပစ္စည်းသုံးမျိုးတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး ဆိုတဲ့အချက် ၃ ချက်ကို စစ်အစိုးရထံ အဓိက တောင်းဆိုမယ်ဖြစ်ကြောင်း ပြောဆို ထားခဲ့ပါတယ်။

အခုတော့လည်း သူရဲ့ခရီးစဉ်အတွင်းမှာ အင်းစိန်အကျင်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတိုင် တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရားခွင်ကို နောက်တစ်ပတ်ထဲအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ တကယ်တော့ မစ္စတာဘန်ကီမွန်း ဟာ မြန်မာပြည်ခရီးစဉ်ကို သူရဲ့ လက်ထောက်တွေနဲ့ သွားသင့် မသွားသင့်ဆိုတာကို ကြိုတင်ပြီးအသေအချာ ပြင်ဆင်ခဲ့တာပါ။ အမေရိကန် အစိုးရအရာရှိတွေကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ တရားစွဲဆိုထားတဲ့ကာလနဲ့ တိုက်ဆိုင်နေချိန်မှာ မစ္စတာဘန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်အစိုးရရဲ့ အသုံးချမှုကို ခံရနိုင်တယ်လို့ သတိပေးခဲ့တယ်လို့ဆိုပါတယ်။ မစ္စတာဘန်ရဲ့ခရီးစဉ်ကနေ ဒေါ်စုအပေါ်စွဲဆိုထားတဲ့ အမှုတွေကို တရားဝင် ထောက်ခံပေးလိုက်သလို ဖြစ်သွားမှာကို အခြားလူအခွင့်အရေး အဖွဲ့အစည်းတွေကလည်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပြီးလည်းဖြစ်ပါတယ်။
ကုလသမဂ္ဂအရာရှိအချို့ကတော့ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံကို စစ်ပွဲပြီးလျှင်ပြီးချင်း သွားခဲ့တုန်းကအဖြစ်မျိုးလို နောက်တစ်ကြိမ်ဖြစ်မှာကို စိုးရိမ့်ခဲ့ကြပါတယ်။ အဒီတုန်းက အစိုးရစစ်တပ်နှင့် တမီးလွတ်မြောက်ရေးသူပုန်တို့အကြား ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေအတွင်းမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို အကူညီပေးရေး သက်ဆိုင်ရာအစိုးရနှင့် စေ့စပ်ပေးရေးဆိုပြီးလာခဲ့တာပါ.။ အဲဒီအချိန်ဟာ တစ်မီးသူပုန်တွေကို တိုက်ခိုက်ပြီး နေရာအတော်များများကို သိမ်းယူပြီးတဲ့ အချိန်ဖြစ်နေပါပြီ။ အစိုးရဘက်ကနေပြီး ဆောက်လုပ်ပေးထားတဲ့ ဒုက္ခသည်စခန်းတွေက စစ်အတွင်း ဒုက္ခသည်တွေထံကိုလည်း အလည်သွားရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒုက္ခရောက်နေသူတွေကို အကူအညီပေးဖို့ ကယ်တင်ဖို့ဆိုတဲ့ သူရဲ့အားထုတ်မှုတွေဟာ အစိုးရဘက်ကပြသတဲ့ ဒုက္ခသည်စခန်းတွေနှင့် အခြေအနေတွေကောင်းနေပါပြီဆိုတဲ့ ပြောဆိုချက်တွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့်သူရဲ့ခရီးစဉ်ဟာ အစိုးရဘက်က သူပုန်တွေအပေါ်မှာ နှိုင်းနင်းတဲ့ကိစ္စကို တဖက်သတ် ထောက်ခံအားပေးသလိုဖြစ်ခဲ့တာကြောင့် အစိုးရရဲ့ အသုံးချမှုကို ခံလိုက်ရတယ် ဆိုတဲ့သတင်းမျိုးတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုလိုအဖြစ်အပြက်တွေကြောင့် လူအခွင့်အရေးအဖွဲ့တွေက မစ္စတာဘန်ရဲ့ မြန်မာပြည် ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး စစ်အစိုးရရဲ့ အသုံးချမှုကို ခံရနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အခြားတစ်ဖက်ကလည်း ကုလသမဂ္ဂအသိုင်းအ၀ိုင်းအနေနဲ့ အကောင်းဘက်ကနေကြည့်ပြီး မျှော်လင့်ခဲ့ကြတာလည်း ရှိပါတယ်။ အဲဒါတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ ၂၀၀၈-ခုနှစ် နာဂစ်လွန်ကာလမှာ ရရှိခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပေါ် သူရဲ့ ပုဂ္ဂိုလ်ရေး အကျွန်းဝင်မှုကို အသုံးချပြီး မြန်မာနိုင်ငံရေးကိစ္စမှာ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ယခုအချိန်မှာတော့ ကုလ အတွင်းမှုးချုပ်ရဲ့ ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး အကျိုးရလာဒ်ကိုတိတိကျကျ ပြောဖို့က ခက်ပါတယ်။


အများကမျှော်လင့်ခဲ့ကြတာကတော့ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ ခရီးစဉ်အပေါ်အခြေခံပြီး နိုင်ငံရေးအကျဉ်းသား အများစုလွတ်မြောက်လာတာမျိုးတွေ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရှိတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒီမျှော်လင့်ချက်တွေဟာလည်း အခုတော့ လေထဲမှာပဲ ပျောက်ကွယ်လို့သွားခဲ့ရပါပြီ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို တောင်းဆိုခဲ့တဲ့အခါမှာလည်း သူမဟာ လက်ရှိမှာ တရားရင်ဆိုင်နေရတာကြောင့် တွေခွင့်မပေးနိုင်ပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တွေ့ဆုံခွင့်ကို ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရေးဆိုတဲ့ မျှော်လင့်ချက်ကလည်း တိမ်မြုတ်ပျောက်ကွယ်သွားခဲ့ရပါတယ်။ ယခင် ဓနသဟာယနိုင်ငံများအသင်းရဲ့ အထွေထွေအတွင်ရေးမှုးချုပ်ဟောင်း Don McKinnon ကတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ လက်ဗလာချည်း အိမ်ပြန်လာရတယ်ဆိုတာကတော့ ကုလသမဂ္ဂအတွက်ရော အထွေထွေအတွင်းရေးမှုးအတွက်ပါ အင်မတန်မှ မကောင်းတဲ့ ကိစ္စပါလို့ပြောခဲ့ဖူးပါတယ်။
ဒါဆိုရင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်က ဘာတွေ အမြတ်ထွက်ခဲ့သလဲ ကြည့်ကြရအောင်ပါ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လွပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်အောင် ကျင်းပပေးမယ်လို့ပြောခဲ့ပါသတဲ့။ ဒီရွေးကောက်ပွဲဟာ ၁၉၉၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ NLD အနိုင်ရခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နှစ်ဆယ်အတွင်းမှာ ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါလိမ့်မယ်။ အဆိုပါရွေးကောက်ပွဲဟာ နအဖ တင်ပြခဲ့တဲ့ နိုင်ငံရေးလမ်းပြမြေပုံခုနစ်ခုထဲက တစ်ခုအပါအ၀်လည်းဖြစ်ပါတယ်။ သူတို့အဆို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာကလည်း သူတို့အာဏာကို ဆုပ်ကိုင်ထားနိုင်ရေး အာဏာတည်မြဲရေးအတွက်ပဲဖြစ်တယ်ဆိုတာ နိုင်ငံရေးဆန်းစစ်လေ့လာသူတွေအကြား မှာ အမြဲဝေဖန်နေကြပါတယ်။
မစ္စတာဘန်ကီမွန်း ကြိုတင်ပြီးကြေငြာထားခဲ့တဲ့အချက်သုံးချက်ထဲက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုတဲ့ ပထမ အချက်ဖြစ်လာ မလာ ဆိုတာတော့ ကြိုတင်မခန့်မှန်းနိုင်သေးပေမယ့် လက်တွေမှာတော့ အကျဉ်းသားတစ်ယောက်လိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင် တွေဆုံခွင့်ကို မရရှိခဲ့တဲ့ အပြင် NLDအဖွဲ့ဝင်တွေကိုလည်း ဆက်လက်ဖမ်းဆီးလျှက်ရှိပါတယ်။ မျက်နှာချင်းဆိုင်ပြီးတောင်းဆိုခဲ့တဲ့ တောင်းဆိုချက်ကိုတိုင် အားနာပါးနာမလိုက်လျောခဲ့မှဖြင့် မျက်ကွယ်မှာဖြစ်လာမယ့် နောက်တောင်းဆိုချက် နှစ်ချက်ကရော ဘယ်လောက်ထိ မျှော်လင့်ချက်ရှိနိုင်ပါသလဲဆိုတာကတော့ စဉ်းစားစရာပါ။ အကြောင်းကတော့ နအဖစစ်အစိုးရနေနဲ့ ပေးထားတဲ့ကတိ ဘယ်တုန်းကမှ မတည်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ခြုံငုံပြီးကြည့်လိုက်ရင် ယခုလောလောဆယ်မှာ ဘာအကြိုးရလာဒ်မှ မဖြစ်ပေါ်ခဲ့သလို နောက်ထပ်လည်းမျှော်လင့်စရာတော့ သိပ်ပြီးမရှိနိုင်ပါဘူး။ မြန်မာပြည်မသွားခင်ကတည်းက ကြိုပြီး ကြော်ငြာထားခဲ့ရတဲ့ ပစ္စည်းတွေကလည်း လျှော့ဈေးနဲ့တိုင် ရောင်းမစွန်ခဲ့လေတော့ ကိုယ့်အထုပ်လေးကို ပြန်ပိုက်ပြီး အိမ်ပြန်ခဲ့ရပြန်ရော့ပေါ့။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တစ်ယောက် သူထမ်းလာတဲ့အထုပ် သူပြန်ထမ်းသွားခဲ့ရသလို မြန်မာပြည်သူတွေမှာလည်း နှစ်ပေါင်း များစွာထမ်းလာခဲ့ရတဲ့ စစ်အုပ်စုရဲ့ ဒါဏ်ထုပ် ၀န်ထုပ်ဝန်ပိုးကြီးတွေကို ဘယ်လောက်ကြာသည်အထိများ ဆက်လက် ထမ်းဆောင်ကြရအုံးမှာလည်း ဆိုတာကတော့ မတွေးဝံ့စရာပဲဖြစ်ပါတော့တယ်။
အော်---ဒုက္ခ-ဒုက္ခ။ ဝိပရိဏာမ ဒုက္ခ။ စစ်အစိုးရ ဒုက္ခ။
သခင်နွယ် (MSMA)

Read More...

တစ်လောကလုံးက ပြောနေပြီ....မင်းကို လေ

6th july, 2009
-ကျော်သိင်္ခ-


“ယုတ်မာတဲ့မျက်ခွက်၊ စုတ်ချာတဲ့မျက်ခွက်”
“အရှက်မရှိတဲ့မျက်ခွက်၊ နှစ်ဘက်မကြည့်တဲ့မျက်ခွက်”
“တဏှာများတဲ့မျက်ခွက်၊ မာယာများတဲ့မျက်ခွက်”
“အစာတောင်းတဲ့မျက်ခွက်၊ မသာလောင်းရဲ့မျက်ခွက်”
“အမျိုးဖြုတ်မယ့်မျက်ခွက်၊ သူခိုးလုပ်တဲ့မျက်ခွက်”
“ဘုန်းကြီးသတ်တဲ့မျက်ခွက်၊ ကုန်းပြီးဟပ်တဲ့မျက်ခွက်”
“ပြိုင်ဘက်ကင်းတဲ့မျက်ခွက်၊ နိုင်ထက်နင်းမယ့်မျက်ခွက်”
“ဥာဏ်များလှတဲ့မျက်ခွက်၊ ခံစားရမယ့်မျက်ခွက်”
“အာဏာပေါတဲ့မျက်ခွက်၊ ပါဝါလျှောမယ့်မျက်ခွက်”
“ဒီတစ်ခါရူံးမယ့်မျက်ခွက်၊ လူတကာမုန်းတဲ့မျက်ခွက်”
“ဗီလိမ်ရုပ်နဲ့မျက်ခွက်၊ ဇီဝိန်ချုပ်မယ့်မျက်ခွက်”
“လုပ်ကြံတော့မယ့်မျက်ခွက်၊ သုဿန်လျှောမယ့်မျက်ခွက်”
“မသေသေးတဲ့မျက်ခွက်၊ မအေပေးရဲ့မျက်ခွက်”
“နဂိုမလှတော့တဲ့မျက်ခွက်၊ သင်္ဂြိုဟ်ရတော့မယ့်မျက်ခွက်”
“ဖျာလိပ်ပတ်ရမယ့်မျက်ခွက်၊ ငါနှိပ်စက်ရမယ့်မျက်ခွက်”
“မိန်းမရှုံးတဲ့မျက်ခွက်၊ ကိစ္စတုံးမယ့်မျက်ခွက်”

Read More...

Thursday, July 2, 2009

အချိန်မနှောင်းသေးပါ

2nd July, 2009


မကြာသေးခင် လများအတွင်းမှာပဲ နအဖ ကျောထောက်နောက်ခံပြုထားတဲ့ DKBA အဖွဲ့နှင့် KNU အဖွဲ့ တို့ကြားမှာ တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန် တိုက်ပွဲတွေဖြစ်ပွါးခဲ့ကြပါတယ်။ ၄င်းတို့ဟာ မြန်မာနိုင်ငံမှာ ကရင်တိုင်းရင်းသားမျိုးနွယ်စု တစ်ခုတည်းက ပေါက်ဖွားလာကြသလို DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့အနေနဲ့ကလည်း များမကြာသေးတဲ့ နှစ်များအတွင်းကမှ မိခင် KNU ကရင်အမျိုးသားတပ်မတော်မှ လမ်းခွဲပြိး နအဖ စစ်အုပ်စုထံမှာ ငြိမ်းချမ်းရေးယူသွားခဲ့တာဖြစ်ပါတယ်။ ယခုတော့ နအဖ စစ်အုပ်စုရဲ့ သတ်ရှိုသွေးခွဲမှုကြောင့် ကိုယ့်အမျိုးသားအချင်းချင်း စစ်မြေပြင် သွေးချောင်းစီး တိုက်ပွဲတွေ ဆင်နွဲလို့နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ နအဖစစ်အုပ်စုဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို အမြဲပဲ ကြွေးကျော်လို့နေသလို တဖက်မှာလည်း တိုင်းရင်းသား မျိုးနွယ်တစ်ခုတည်းမှာပင် အမျိုးမျိုးသပ်ရှိုသွေးခွဲပြီး အစိတ်စိတ်အမွှာမွှာ ကွဲအောင်ကြိုးစားလို့နေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ စစ်အုပ်စုက အာဏာကို မတရားရယူလာကတည်းက ဖြစ်လာခဲ့တာပါ။ တကယ့်လက်တွေမှာတော့ စစ်အာဏာရှင်တို့မည်သည်မှာ တိုင်းရင်းသား ပြည်သူများအချင်းချင်း စည်းလုံးညီညွတ်နေတာကို မလိုလားပါဘူး။ အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားလေ သူတို့အာဏာထိုင်ခုံ တည်မြဲလေဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်နားလည်ထားကြသူတွေပါ။ တစ်စုံတစ်ရာ အကြပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်လာရတိုင်း တိုင်းရင်းသားပြည်သူများအချင်းချင်း ဘာသာရေးနယ်ပယ်က ပုဂ္ကိုလ်တွေအချင်းချင်း ရန်တိုက်ပေးတတ်တဲ့ အလေ့အကျင့်ဟာလည်း မြန်မာနိုင်ငံမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေပါပြီ။ ။ အဲဒီဖြစ်စဉ်တွေကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက သင်ခန်းယူသင့်ကြသလို စစ်အာဏာ၇ှင်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို နားလည်သဘောပေါက်သင့်ကြပါပြီ။
ယခုလည်း ရင်နင့်ဖွယ်ဖြစ်ရပ်တစ်ခုကိုကြည့်ပါ။ နအဖ စစ်အုပ်စုရဲ့ ဖိအားပေးမှုတွေကြောင့် ကရင်လူမျိုးအချင်းချင်း ဖြစ်ကြရတဲ့ ဆန့်ကျင်တိုက်ပွဲများအကြား ထိခိုက်ဒဏ်ရာရရှိမှုတွေ မြေမြှုတ်မိုင်းပေါက်ကွဲမှုတွေကြောင့် ခြေလက်အင်္ဂါဆုံးရှုံးသွားခဲ့ရသူတွေရဲ့ သွေးစွမ်းနေတဲ့ ပတ်တီစတွေ နာကြင်မှုဝေဒနာတွေကြောင့် ရှုံ့မဲ့နေတဲ့မျက်လေးတွေနဲ့ သူတစ်ပါးမြေပေါ်က ဆေးရုံပေါ်မှာ ကုတင်ချင်းကပ်လျှက် ဆေးဝါးကုသမှုခံယူနေကြတာကို တွေမြင်ကြရမှာဖြစ်ပါတယ်။ အဲဒီထဲက တစ်ယောက်ဖြစ်တဲ့ KNLA က 26 နှစ်အရွယ်ရှိ Muzzo ဆိုသူက အခုလိုပြောပါတယ် ၊ “ကျွန်တော်က ကျွန်တော်တို့ ကရင်ပြည်သူတွေရဲ့ အကျိုးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်” တဲ့။ သူဆက်ပြောတာက “ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ စစ်အစိုးရရဲ့ နှိပ်စက်ညှင်းပမ်းမှုတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေကို သီးမခံနိုင်တော့ဘူး၊ ဒီလိုအဖြစ်မျိုးတွေကိုလည်း လုံးဝအဖြစ်မခံနိုင်ဘူး ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေက ရပ်တန့်သွားအောင် ကျွန်တော်တို့ ဆက်လက်တိုက်ခိုက်သွား၇မှာပဲဖြစ်တယ်” လို့ပြောသွားခဲ့ပါတယ်။ Muzzo ဟာ DKBA နှင့် နအဖ စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့တွေရဲ့ KNLA တပ်စခန်းတွေဆီကို ဆက်လက်ချီတက် တိုက်ခိုက်နေမှုကြောင့် ခုခံတိုက်ခိုက်ရင်း မြေမြှုတ်မိုင်းပေါက်ကွဲလို့ လက်နှစ်ဖက်ဖြတ်လိုက်ရပြီး ဘယ်ဖက်မျက်စိလည်း ကွယ်ခဲ့ရပါတယ်။ ၄င်းဆေးရုံပေါ်မှာပဲ မြေမြှုတ်မိုင်းမတော်တဆ ဖြစ်မှုကြောင့် ဒဏ်ရာရှိထားကြတဲ့ DKBA က စစ်သားအချို့လည်း ဆေးဝါးကုသမှုခံယူနေရတာတွေကိုလည်း တွေမြင်ရပါတယ်။ DKBA က စစ်သားတစ်ယောက်ကတော့ မကြာခင်ကမှ ခွဲစိတ်ဖြတ်တောက် ကုသမှုကိုခံနေ၇တာတဲ့အတွက် နာကြင်နေတဲ့ သူ၇ဲ့ ညာဖက်ဒူးကို သက်သာလိုသက်သာငြား ဆုပ်ကိုင်ထားလေရဲ့။ သူ့ဘေးနားမှာတော့ ပင်ပန်းနွမ်းနယ်နေပြီး အကူညီကင်းမဲ့နေတဲ့ မျက်နှာလေးနဲ့ ဇနီးသည်ဖြစ်သူက စောက်ရှောက်လို့နေပါတယ်။
လူနာဆောင်တစ်ခုမှာတော့ ကုတင်ချင်းယှဉ်လျှက် DKBA စစ်သားတစ်ယောက်နှင့် KNU စစ်သားတစ်ယောက်တို့ တကယ့်မိတ်ဆွေဟောင်းကြီးတွေပမာ စကားလက်ဆုံကြနေကြပါတယ်။ DKBA စစ်သားကပြောတာက ဒီလိုပါ “ကျွန်တော် DKBA နှင့်မပူးပေါင်းချင်ပါဘူး ဒါပေမဲ့ ကျွန်တော့ကို ပူးပေါင်ဖို့ ဖိအားပေးတယ်လေ။ ကျွန်တော်အနေနဲ့ ကရင်ပြည်သူတွေအချင်းချင်း မတိုက်ချင်ပါဘူး ဒါပေမဲ့လည်း ကျွန်တော့ကို ပစ်ဖို့အမိန့်ပေးတော့ ကျွန်တော့မှာ ရွေးချယ်စရာလမ်းမရှိတော့ဘူးပေါ့ ၊ တကယ်တော့ ကျွန်တော်ဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်ရင် အေးအေးချမ်းချမ်းနေချင်တာပါ”လို့ပြောပါတယ်။
တကယ်တော့ သူတို့တစ်တွေရဲ့ ပြောဆိုတဲ့စကားသံတွေဟာ ကိုယ့်လူမျိုး အကျိုးစီးပွါးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ သူတို့၇ဲ့ သဘောထားတွေကို ရောင်ပြန်ဟပ်စေလို့နေပါတယ်။
တစ်ခုသတိထားမိတာက သူတို့တစ်တွေရဲ့ ဦးတည်ချက်တွေဟာ တူညီပါလျှက်နဲ့ ဘာဖြစ်လို့များ လမ်းတစ်ခုတည်းမှာအတူမလျှောက်နိုင်ကြပဲ ထိပ်တိုက်လမ်းကြောင်းပေါ်ကိုရောက်နေကြတာလဲ။ နအဖစစ်အုပ်စုက ပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေက မပြောက်သေးသလို အခုချိန်ထိလည်း ဒုက္ခပေါင်းများစွာတွေကို ပေးနေဆဲ ၊ ဒီလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာပဲ ကိုယ့်လူမျိုးအချင်းချင်း လက်နက်စွဲကိုင်ပြီး ရက်ရက်စက်စက် သတ်ပြနေကြတော့ ခက်မနေပေဘူးလား။ စကားရိုင်းရိုင်းနဲ့ပြောရရင် “ခွေးဝမ်းသာအောင် လေလည်ပြနေတယ်” ဆိုတာမျိုးဖြစ်နေပါတယ်။


စစ်အာဏာရှင်စနစ် မပျက်သုဉ်းသေးသမျှကာလပတ်လုံး တစ်နိုင်ငံလုံးနှင့် တိုင်းရင်သားပြည်သူတစ်ရပ်လုံးအကြား ဒုက္ခမျိုးစုံရဲ့အောက်က ရုန်းထွက်ဖို့ မလွယ်ကူသလို တိုင်းရင်သားပြည်သူအချင်းချင်းနှင့် ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ်အသီးသီးတို့အကြား နားလည်မှုလွဲမှားမှုတွေကလည်း ဆက်လက်ဖြစ်ပေါ်နေအုံးမှာကတော့ မလွဲဧကန်ပါပဲ။ ခောတ်အဆက်ဆက်က ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့အကြေုံတွေ သင်ခန်းစာတွေကို ရယူပြီး နားလည်သဘောပေါက်ကြမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာ ရေရှည်မရပ်တည်နိုင်ပါဘူး။ ဒီသဘောတရားတွေကို နားလည်သဘောပေါက်ကြမယ်ဆိုရင် ယခုအချိန်ဟာ အချိန်အခါကောင်းပါ။ နောက်မကျသေးပါဘူး။ အသိတရားတစ်ခုကို အခြေခံပြီး လက်ရှိအခြေအနေကို အကျိုးရှိရှိ အသုံးချနိုင်ကြမယ်ဆိုရင်တော့ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မုချဧကန်ရောက်ရှိကြမှာဖြစ်ပါတယ်။

သခင်နွယ်

Read More...

Thursday, June 18, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၄) နှစ်မြောက်မွေးနေ့ ကဗျာများ

19th June, 2009



ဒို့မေမေစု ဒို့ဒေါ်လေးစု မွေးနေ့ဆုတောင်း
(ဒေါ်စုမွေးနေ့မှာ ကလေးများ ရွတ်ဆိုစရာ)
မေမေစုကြည်၊ ဒို့စုကြည်
ဆန်းရဲ့သမီး ဆန်းစုကြည်
ဇာနည်ဘွားမို့ စွန့်စားသည်။
နှင်းဆီနီနီ ပန်းတပွင့်
လန်းလန်းစွင့်စွင့် အနီရင့်
ခွပ်ဒေါင်းကြယ်ဖြု လူလူလွှင့်။
ရဲရဲရင့်ရင့်၊ မြင့်မြင့်ကြံ
ညီညွတ်ကြရန်၊ ငြိမ်းချမ်းရန်
တွေ့ရန် ဆုံရန် ညှိနှိုင်းရန်။
လမ်းမှန်ကိုဖောက်၊ ရှေ့ကလျှောက်
ခေါင်းဆောင်ဂုဏ်မြောက်၊ ရဲရဲတောက်
မခ သူ့အောက်၊ လက်မမြှောက်။
မဖောက် မဖည် ညီကြမည်
ပြည်ထောင်စုသစ်၊ ခေတ်သစ်တည်
ဒုတိယပင်လုံ၊ ဆုံကြမည်။
ဒီမိုကရေစီ ရရှိရေး
အားလုံးအရေး ဒို့အရေး
လူသစ် စိတ်သစ် အားသစ်မွေး။
ယဉ်ကျေးကြစေ၊ ရဲရင့်စေ
ဖြောင့်စေ မတ်စေ၊ တည်ကြည်စေ
အောင်စေ ဦးစေ အေးပါစေ။
အဝေရာ ရန်အပေါင်း
ဝေးပါစေကြောင်း အေးစေကြောင်း
မေမေစုတွက် ဆုမွန်တောင်း
ဒေါ်လေးစုတွက် ဆုမွန်တောင်း
မာကြောင်း သာကြောင်း မြန်မာအပေါင်း
လက်ငင်းခု၊ ငြိမ်းဆုရစေကြောင်း
ချက်ချင်းခု၊ လွတ်ဆုရစေကြောင်း။ ။
မောင်စွမ်းရည်
ဇွန် ၁၅၊ ၂၀၀၉




ဒေါ်အောင်ဆန်းစုကြည်ကဗျာ

ဆယ့်ကိုးရက်နေ့ ဇွန်လ ဟာ
ဒေါ်စုမွေးနေ့ပါ။
တစ်ထောင့်ကိုးရာ လေးဆယ့်ငါး
ရန်ကုန်မြို့မှာ ဖွား။

ဦးအောင်ဆန်းနဲ့ ဒေါ်ခင်ကြည်
မွေးဖွားသန့်စင်သည်။
စိတ်ဓာတ်တည်ကြည် နှလုံးသား
ငြိမ်းချမ်းရေး လိုလား။

မြန်မာပြည်ကြီး လွတ်လပ်အောင်
ဒေါ်စု တို့ခေါင်းဆောင်။
ဦးဆောင်လို့သာ သူစွန့်စား
ပြည်သူတွေရဲ့ အား။

ညီညွတ်ရေးကို ဖော်ဆောင်သည်
ဒေါ်အောင်ဆန်းစုကြည်။
အနာဂတ်မှာ ပြည်ထောင်သစ်
ကြံဆောင် သူဖွင့်လှစ်။
သမီးလည်းချစ် သားလည်းချစ်
လူထုအားလုံးချစ်။ ။
ထိန်လင်း
၁၆၊ ၆၊ ၂၀၀၉

အောင်ဆန်းစုကြည် ။

အောင်လံ ရယ်ထူ
မကြည်ဖြူလည်း
နာမည်ကျော်မှု့ 
ဆန်းသစ်လှတယ်
လေတွင် ဝေ့၀ဲ
ကမ္ဘာတလွှား
ု တွေလည်းဝေ
ကျော်ကြားဆဲလေ
မွေးရပ်မြေတွက်
ကြည်ကြည်ဖြူဖြူ
ဘ၀စတေးခံ
သူလိုလူကား
ဇမ္ဗူ တလွှား
ရှိနိုင်မလား
ရှိပါ့မလား။

(သီဖွဲ့ သူ - ဆူး ၊ မေလ ၂၉၊ ၂၀၀၉၊ ၂း၀၀ နာရီ) ။



ငြိမ်းချမ်းရေး ဒေါင်းမိခင်
(ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့သို့)
မေတ္တာရှင်
ကြည်လင်စမ်းရေ အလား
သူ့ရင်ခွင် အေးမြရိပ်
စိတ်ချမ်းမြေ့စေသား။
ငြိမ်းချမ်းရေး အို မိခင်
ပြုံးရွှင်ပ နှလုံးသား
မိုးကောင်းကင် ကြယ်တမွတ်
ဆွတ်နိုင်မယ့် အား။
ငြိမ်းချမ်းရေး အို မိခင်
သန့်စင်မြ နှလုံးသား
ကမ္ဘာမြေ နေခြည်ဝင်း
လင်းလက်မယ့် အား။
ငွေစင်ကြယ် ၀န်းရံခ
လမင်းနှင့် ပြိုင်ကာ
သူ့မေတ္တာ ဂုဏ်ရောင်လင်း
ထုံသင်းပျံ့စွာ
မြန်မာဟေ့ မြန်မာ
ကမ္ဘာမှာ တယောက်ထဲ။
မုန်တိုင်းဒဏ်
ဘယ်လောက်ကြမ်းသော်လည်း
ဒေါင်းမိခင် ကမ္ဘာလွှမ်းမယ်
ပန်းပန်လျက်ပဲ။ ။
မောင်သြ
ဇွန် ၁၆၊ ၂၀၀၉




မီးထဲကကြာ ပေး မေတ္တာစာ
မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီဟ။ ။

မောင်လွမ်းဏီ


လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့
(ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရ)
မြန်မာ့သမိုင်းတလျှောက်
အုပ်စိုးသူအဆက်ဆက်မှာ
သူ့ထက်ဆိုးသူတောင်မ
သူ့လောက်မဆိုးခဲ့ကြဘူး
အဲဒီလူပေါ့
တိုင်းသူပြည်သားတွေရဲ့
တံတွေးခွက်ထဲပက်လက်မျောသူ
တိရစ္ဆာန်လိုလူတယောက်
အာဏာမက်စိတ်က တောင်လိုမောက်နေပုံများ …၊

ဘဝရဲ့ ဆည်းဆာချိန်
တိမ်တောက်တောက်ထဲမှာ
ထွေးပြီးသား တံတွေးတွေ ပလုတ်ပလောင်းနဲ့
သွေးရူးသွေးတမ်း အမိန့်ပြန်တမ်းတွေထုတ်
အမေ့ကို နောက်တနှစ် အကျယ်ချုပ်တဲ့
တံတွေးခွက်ထဲကအကောင်ပေးတဲ့
အမေ့အတွက် မွေးနေ့လက်ဆောင် …။

တကမ္ဘာလုံး ဝက်ဝက်ကွဲပါပဲ
အမေ့အတွက် ဝမ်းနည်းကြောင်း
စိတ်မကောင်းကြောင်း
သတင်းစကားတွေ
သဝဏ်လွှာတွေ
ထုတ်ပြန်ကြေညာချက်တွေ ပလူပျံလို့
တနှစ်တခါ တောခြောက်သံလား
တောလဲသံလား
ပြီးတော့လည်း ပြီးသွားတာပါပဲ
အမေ့လွတ်မြောက်ရေးဟာ
လေနဲ့အတူလွင့်မျောသွားခဲ့
အမေ့စိတ်တခုသာ
သံမဏိကျောက်ဆောင်တခုအလား
ပိုမိုမာကျောကျစ်လာခဲ့တယ် …။

အမေ့ရဲ့ဒုက္ခဟာ ပြည်သူလူထုရဲ့ ဒုက္ခမဟုတ်ဘူး
ပြည်သူလူထုရဲ့ဒုက္ခသာလျှင် အမေ့ရဲ့ ဒုက္ခဖြစ်တယ်
ပြည်သူလူထုအတွက် အမေ့ရဲ့အသက်ကို ပေးထားပြီးသားမို့
အမေ့ရဲ့ ခိုင်မာတဲ့စိတ်ဓါတ်အင်းအားအောက်မှာ
တံတွေးခွက်ထဲကကောင်တွေတနေ့ …
ဒူးထောက်ကြရမယ်ဆိုတာ သားတို့ ယုံတယ် …၊

ကံကြမ္မာရေ …
ရက်စက်မှုအပေါင်း သရဖူမဆောင်းလိုက်ပါနဲ့
အမေဟာ
ခေတ်သစ်ဗမာပြည်သမိုင်းရဲ့ ကောင်းကင်မှာ
ထွန်းလင်းတောက်ပတဲ့ လမ်းပြကြယ်ဖြစ်တယ်
အမေဟာ
ပြည်သူလူထုကြီးဖြစ်တယ်
ပြည်သူလူထုကြီးရဲ့သွေးက
အမေ့ကိုယ်ထဲ လှည့်လည်စီးဆင်းတယ် …၊

ကမ္ဘာကြီးရေ …
ဗမာပြည်ကြီးရေ …
အမေ့ကို ချစ်သူ မုန်းသူများအားလုံးအား
အမေ့ကိုယ်စား
ငါတို့က ကျေးဇူးစကားဆိုပါရစေ …၊

အမေလွတ်မြောက်ဖို့အတွက်
ပြည်သူလူထုလွတ်မြောက်ဖို့အတွက်
တိုင်းပြည်လွတ်မြောက်ဖို့အတွက်
လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့ …။

ရေးစပ်သူကို မဖေါ်ပြနိုင်သည်ကို ခွင့်လွတ်ပါ။ (ဤကဗျာကို အမေ့(၆၃)နှစ်က ဖွဲ့ဆိုခဲ့သည်)


ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရ
အမေ
လွတ်လပ်ခြင်း ကောင်းကင်မှာ
ငြိမ်းချမ်းရေး ချိုးငှက်တို့
အထောင်အသောင်း ပျံသန်းလာကြပြီ ။

အမေရဲ့
ခြောက်ဆယ့်နှစ်နှစ်မြောက်မွေးနေ့ကို
နောက်ထပ် တနှစ်
အကျယ်ချုပ် သက်တမ်းတိုးခြင်းနဲ့
ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတွေကို
ခြေမွ ဖျက်ဆီး ပြလိုက်ပြီလေ ။

အမေနဲ့ပြည်သူလူထုကြီးအပေါ်
သူတို့
ရက်စက်နိုင်တာထက်
ပိုပြီး ရက်စက်ခဲ့ကြတယ် ။

နှိပ်စက်နိုင်တာထက်
ပိုပြီး နှိပ်စက် ခဲ့ကြတယ် ။

မိုက်တွင်းနက်နိုင်တာထက်
ပိုပြီး မိုက်တွင်းနက်ခဲ့ကြတယ် ။

အမေရဲ့ 
ခံနိုင်ရည်စွမ်းအား
သားတို့
ဟောဒီ ရင်ဘတ်ကြီးတွေနဲ့
မြင်တွေ့ခံစား ခွန်အား ဖြစ်စေခဲ့တယ် ။

အမေရေ
ဗမာတပြည်လုံးနဲ့
ကမ္ဘာကြီးတခုလုံးရဲ့
ချစ်ခြင်းမေတ္တာတရား
အမေ့အပေါ်မှာ လွှမ်းခြုံလို့ထားကြတယ် ။

ကမ္ဘာ့ရွာကြီး တခုလုံး
ခြိမ့်ခြိမ့်သဲသဲ
အမေ့ရဲ့ မွေးနေ့ပွဲတွေ ကျင်းပနေချိန်မှာ
အမေ့ရဲ့ လွတ်မြောက်ရေးအတွက် တောင်းဆိုနေချိန်မှာ
အမေကတော့
သည်းခံ ခွင့်လွှတ်ခြင်းနဲ့
မေတ္တာတရားကသာလျင်
အရာရာကို အောင်နိုင်လိမ့်မယ် ဆိုတဲ့
ဘုရားရှင်ရဲ့ တရားတော်ကို
နှလုံးသွင်း ဆင်ခြင် အာဏာရှင်တွေကို
တိုက်ပွဲဝင်နေမယ်ဆိုတာ
သားတို့ သိသလို
ကမ္ဘာကြီးကလဲ သိကြပါတယ် အမေ ။

အမေ့ရဲ့ မွေးနေ့မှာ
အမေ သက်တော် ရာကျော် ရှည်စေကြောင်း
ဆုမွန်တောင်းရင်း
အမေ့ရဲ့ ဉီးဆောင်မှုအောက်မှာ
သားတို့
ပြည်သူလူထုကြီးတရပ်လုံး
ညီညီညွတ်ညွတ် နဲ့
ခေတ်တခေတ်ကို ထုဆစ်သွားမယ် ။
ရေးစပ်သူ မည်သူဖြစ်သည်ကို မဖေါ်ပြနိုင်သည်ကိုခွင့်လွတ်ပါ။

(ဤကဗျာကို အမေ့ ၆၂နှစ်မြောက် မွေးနေ့က ဖွဲ့ဆိုခဲ့သည်)

Read More...

Saturday, June 13, 2009

13.6.2009

ကျောင်းသားခေါင်ဆောင်များ ပြောခဲ့သော ရဲရဲတောက်မိန်းခွန်းများ။



ကျွန်တော်တို့ခောတ်ရောက်တဲ့အခါတိုင်းတပါးကျွန်ဘဝကလွတ်မြောက်ပေမဲ့ ကိုယ့်အမျိုးသားချင်း နှိပ်စက်ခဲ့ကြတဲ့စစ်ကျွန်ဘဝကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တမျိုးသားလုံးကိုင်ဆောင်ခဲ့ရတဲ့ဒေါင်းအလံဟာဘယ်ကျွန်မှ ခံမှာမဟုတ်ပါဘူး။ ရှစ်လေးလုံးရဲ့အနှစ်သာရဟာ ဘယ်သူ့ကျွန်မှမခံဘူးဆိုတဲ့အနှစ်သာရပါပဲ။ ဒါကြောင့်-------
တိုင်းတပါးကျွန်၊ စစ်တပ်ကျွန် ။
ဘယ်ကျွန်မှ မခံ၊ဒေါင်းအလံဟေ့။
ကျောင်းနံရံတ ဝိုက်၊ ဒေါင်းအလံ ပြန်စိုက်မယ်။ (ကိုမင်းကိုနိုင်)














၁၉၇၄ ဥပဒေဟာ နိုင်ငံရေး ပြဿနာတွေကိုဖြေရှင်း နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ နောက်ငံသားတွေမှာ အထွေထွေအခက်အခဲဖြစ်ပြီး ပြောင်းလဲဖို့လိုအပ်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြုပြင်ပြောင်းလဲနိုင်ဖို့ ပျော့ပြောင်းမူမျိုးမရှိခဲ့လို့။ ဥပမာ -၇၄ဖွဲ့စည်းပုံမှာ လွတ်တော်ကိုယ်စလှယ်အားလုံးရဲ့ ၇၅%ကျော်က သဘောတူပြီးတဲ့နောက် ဆန္ဒခံယူပွဲ ကျင်းပပြီှးမှ ပြင်ဆင်လိုရမယ်လို့တင်းကြပ်ထားတဲ့အတွက် နောက်ဆုံး ပြုပြင်လို့မရတဲ့အဆုံး, ဖွဲ့စည်းပုံ ဥပဒေဘောင်မှာ ဖြေရှင်းလို့မရတဲ့အဆုံးမှာ သွေးထွက်သံယိုမူတွေနဲ့ ဖြေရှင်းခဲ့ရတာပါပဲ။ ယခုရေးဆွဲနေတဲ့ ဖွဲ့စည်းပုံဥပဒေဟာလည်း ၇၄ ဖွဲ့စည်းပုံထက် ပိုဆိုးပြီး စစ်တပ် အခွင့်အရေးအတွက် တဖက်သက်ရေးဆွဲပြီးတော့ ပြုပြင်ရခက်လောက်အောင်တင်းကြပ်ထားမယ်ဆိုရင် အလားတူသွေးထွက်သံယိုမူတွေ ဖြစ်လာအုံးမှာပဲလို့သတိပေးချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဖွဲ့စည်းပုံကို ကျွန်တော်တို့ကိုယ်တိုင် ၊နိုင်ငံသားတွေရဲ့ဆန္ဒနဲ့ ဆုံဖြတ်ပေးကြမယ်လို့ ဆော်ဩလိုက်တာဖြစ်ပါတယ်။ (ကိုကိုကြီး)















ကောင်းစားမှ ၊ပေါင်းစားမယ်ဆိုတဲ့အလုပ်ကို ။
သခင်ကြီးဘယ်တော့မှ မလုပ်ဘူး။
ဒီအလုပ်ကို။
ကျုပ်အဖိုးလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ကျုပ်အဖွားလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ကျုပ်အဖေလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ဒါကြောင့်ကျုပ်နာမည်၊သခင်ကြီး။
ကောင်းစားမှ၊ပေါင်းစားမယ်ဆိုတဲ့သူဟာ။
သုဿာန်ဇရပ်ပြတ်ကြီးပေါ်မှာထိုင်ပြီး၊
အပင်းအဆိပ်ကိုမြိုနေရတဲ့အတိုင်းပဲ။
ဒီအလုပ်ကိုကျုပ်လုပ်တာဟာ။
ကျုပ်တယောက်ကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ကျုပ်မိသားစုကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ကျုပ်တဆွေတမျိုးကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ဗမာပြည်သူပြည်သားတွေ၊
တောင်းမစားပဲ ကောင်းစားစေချင်လို့။
အဲဒီအလုပ်ဟာ နိုင်ငံရေးပဲ။ (သခင်ထင်အောင်)














ကျွန်တော်တို့ဒီနေ့ဒီရက်မှာ မြန်မာနိုင်ငံရဲ့သမိုင်းတစ်ခုကိုဖန်တီးခဲ့ကြတယ်။ဘယ်လူ့အဖွဲ့အစည်းမဆို ဒီလူ့အဖွဲ့အစည်းတစ်ရပ်ရဲ့စိတ်ဆန္ဒအတိုင်းပဲပြောင်းလဲရမှာဖြစ်တယ်။လူအဖွဲ့အစည်းရဲ့သဘောထားအမြင်မှန်တွေကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ ကလည်းတခါပြခဲ့ပြီးပြီ။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတုန်းကလည်းတစ်ကြိမ်ပြခဲ့ပြီးပြီ။ ဒီကနေ့ကျွန်တော်တို့နိုင်ငံသားအားလုံး စုပေါင်းပြီးတော့ပြရတော့မယ့်မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သတ်တဲ့အဆုံးအဖြတ်ပွဲတစ်ခုကိုကျွန်တော်တို့
ကြုံရပါတော့မယ်။ အဲဒါဟာပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့အရာဖြစ်တယ်။ ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ ကျွန်တော်တို့ရဲ့ခြေတွေလက်တွေ အနာဂတ်တွေကိုတုတ်နှောင်မယ့် စစ်အစိုးရရဲ့ တဖတ်သတ်ရေးဆွဲထားတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ကျွန်တော်တို့လူ့အဖွဲ့အစည်းအသီးသီးက လက်ခံမလား၊လက်မခံဘူး ငြင်းမလားဆိုတာ ပြတ်ပြတ်သားသား ပြရတော့မှာဖြစ်ပါတယ်။ (ကိုဋ္ဌေးကြွယ်)



ဒီနေ့မြင့်မားနေတဲ့ကုန်ဈေနူံး၊လူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ မတရားမူတွေကို ကျွန်မတို့က တောင်ဒဂုံဆင်းရဲသားရပ်ကွက်မှာနေရတော့ အများကြီးခံစားရပါတယ်။ ဒီနေ့အာဏာပိုင်တွေ အနိုင်ကျင့်တာတွေ၊မတရားဖမ်းဆီး အရေးယူမူတွေကိုကျွန်မတို့က လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအနေနဲ့မပြတ်မလပ်ပါဝင်ဆောင်ရွက်နေပါတယ်။
(ဒေါ်ခင်အေး၊တောင်ဒဂုံ။)














စစ်အာဏာရှင်အစိုးရရဲ့ မတရား ငြင်းပန်းနှိပ်စက်မူတွေကြောင့် ကျွန်မတို့အသက်ပေါင်းများစွာသွေးမြေကျခဲ့ရပါတယ်။ဒါတွေကို ရှေ့ဆက်ပြီးငြိမ်ခံနေမယ်ဆိုရင် ကျွန်မတို့ရဲ့သားစဉ်မြေးဆက် နောင်လာနောင်သားတွေ အကုန်လုံး ဒီလိုပဲဘဝဆိုးတွေနဲ့ ရင်ဆိုင်ရအုံးမှာဖြစ်တဲ့အတွက် ကျွန်မတို့ဒီလိုဘဝမျိုးတွေ ဒီလိုစနစ်ဆိုးတွေကို ဒီနေရာမှာချေဖျတ်သင့်ပြီးလို့ ကျွန်မတို့မှာတာဝန်ရှိတယ်လိုပြောချင်ပါတယ်။ ဒီနေ့ဒီအချိန်မှာ ကျွန်မတို့သူငယ်ချင်းတွေ ၊ညီအကိုမောင်နှမတွေ သွေး မြေကျခဲ့ကျတာကို ဒီလိုပဲငြိမ်ခံမနေပါနဲ့။စစ်အာဏာရှင်ရဲ့စစ်ဘိနပ်အောက်မှာ ငြိမ်ခံမနေပါနဲ့။လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားလုပ်ပါ။ပြတ်ပြတ်သားသားပြောပါ။ရဲ့ရဲ့ရင့်ရင့်ထွက်ကြပါ။ ဒီထဲမှာ ကျွန်မတို့အမျိုးသမီး တွေ ကျရာတာဝန်ကို ကျတဲ့နေရာက တာဝန်ယူဆောင်ရွက်ဖို့အရေးကြီးပါတယ်။ ခောတ်အဆက်ဆက်ကိုကြည့်မယ်ဆိုရင်ကျွန်မတို့အမျိုးသမီးတွေဟာဘယ်တော့မှအညံ့ခံခဲ့တာမရှိပါဘူး။ အင်္ဂလိပ်ခောတ် မှာ ကျွန်မတို့အမျိုးသမီးတွေ ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်ခဲ့တယ်။ ဂျပန်ခောတ်မှာလည်းတွန်းလှန်ခဲ့ကျတယ်။ ဒီနေ့စစ်အာဏာရှင် စစ်အစိုးရကို တွန်းလှန်ဖို့ ကျွန်မတို့အမျိုးသမီးတွေမှာ တာဝန်ရှိတယ်လို့တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေထွက်ကျပါ။
(မထက်ထက်ဦးဝေ၊ရွှေပြည်သာ)


နိုင်တဲ့သူတရားကြေးဆိုပြီး ၊
ကျည်ဆံနဲ့သမိုင်ရေးချင်ကျသလား။
ဟော့ဒီကျောင်းသားမျိုးဆက်ကုန်သွားမှ၊
အဲ့ဒီတရားကိုမင်းတို့ရမယ်။
နိုင်တဲ့သူတရားကြေးဆိုပြီး။
အမြောက်တွေနဲ့သမိုင်းရေးချင်ကျသလား။
ကောင်းကင်ပေါ်ကမိုးစက်တွေခြောက်ခန်းမှ၊
အဲဒီသမိုင်းကိုမင်းတို့ရမယ်။
တရားတဲ့သူသာ နိုင်ကြေးဟေ့။
(ကိုဂျင်မီ)


ကျွန်တော်တို့လက်ရှိပညာသင်ကြားနေရတဲ့ကျောင်းတွေမှာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့အခြေခံအခွင့်အရေးတွေဆုံးရူံးနေပါတယ်။ဒီဆုံရူံးမူတွေကို၊ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို တရားဥပဒေဘောင်အတွင်းကတောင်းဆိုခဲ့တာကို ကျွန်တော်တို့ကိုဆူပူအုံကြွအောင်လုပ်တယ်လို့ပြောတယ်။ ကျွန်တော်တို့ကိုဘယ်သူမှမြောက်ပေးခြင်းမရှိဘူးလို့ပြောချင်တယ်။ ပညာရေးဖြင့်ခောတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတည်ဆောက်နေပါတယ်ဆိုပြီးပြောတဲ့နေရာမှာ ကျွန်တော်တို့ပညာရေးနို့ချိုကိုသောက်သုံးတဲ့အခါ ရသင့်ရထိုက်တဲ့ ကျောင်းသားအခွင့်အရေးတွေမရမပဲ ဘယ်လိုတည်ဆောက်မှာလည်းလို့ အာဏာပိုင်တွေကိုမေးချင်ပါတယ်။
(စည်သူမောင်၊ ဒီငြိမ်းအေး ၊မျိုးဆက်သစ်)




၁၉နှစ်ရှိခဲ့ပါပြီ ကျွန်တော်တို့ကျောင်းတက်ခဲ့တုန်းက သင်ကြားခဲ့ရတဲ့ပညာတွေဟာ ကျွန်တော်တို့လူမျိုးတွေကို ဘယ်မှာလာပြီး အကျိုးပြုနိုင်လောက်တဲ့တက်မြောက်လောက်တဲ့ ပညာရေး ဖြစ်ခဲ့လို့လဲ။ ကျွန်တော်တို့ကျောင်းသားဆိုတာ မတရားမူကိုဘယ်တုန်းကမှ ငုံ့ခံခဲ့တဲ့ထုံးစံမရှိခဲ့ပါဘူး။ ကျွန်တော်တို့ပြန်ပြောချင်ပါတယ် ၁၉ နှစ်ရှိခဲ့ပေမဲ့၊စေးထန်းပြီး နက်မှောင်ကျယ်ကျုပ်နေတဲ့ကတ်တရာလမ်းတွေကို ရိုက်ခွဲကြည့်လိုက်စမ်းပါ။ တစိမ့်စိမ့်ဆိမ့်ရိုစီးကျလာတဲ့၈၈ ကျောင်းသားတွေရဲ့သွေးစက်တွေက ဒီကနေ့ထိအော်ဟစ်မြည်တမ်းနေတုန်းပဲ။ ဒါဟာ---ဒီမိုကရေစီ--ဒီမိုကရေစီး--ဒီမိုကရေစီ--။
(ကိုမြအေး)
(မှတ်ချက်) DVB အသံဖိုင်မှ ကူးယူ ဖေါ်ပြပါသည်။

Read More...

Sunday, May 31, 2009

Freedom from fear ဆိုတာ သူမှ အစစ်

1th June, 2009

Friday, 29 May 2009 20:18 ဧရာဝတီ post ကို ကူးယူဖေါ်ပြလိုက်ပါသည်။

မခင်ဥမ္မာသည် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ နိုင်ငံခြားရေးရာ အတွင်းရေးမှူး တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် လက်မှတ်ရေးထိုး လှုပ်ရှားမှုတွင် ပြောရေးဆိုခွင့်ရှိသူတဦးအဖြစ် ပါဝင်ခဲ့သည်။ ယင်း လှုပ်ရှားမှုကို အတိုက်အခံအင်အားစုများ သတ်မှတ်ထားသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (မတ်လ ၁၃) ရက်နေ့က စတင်ခဲ့ရာ နိုင်ငံပေါင်း ၁၅၀ ကျော်မှ လက်မှတ် ၆ သိန်း ၅ သောင်းကျော်ရရှိခဲ့ကြောင်း မေလ ၂၆ ရက်နေ့တွင် ကြေညာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် မတရားစွပ်စွဲခံရကာ တရားရင်ဆိုင်နေရခြင်းနှင့် ပတ်သက်၍ ဧရာဝတီ မဂ္ဂဇင်းက မေးမြန်းခဲ့ပါသည်။


မေး။ ။ ခုဖြစ်ပေါ်နေတဲ့နိုင်ငံတကာ ဖိအားကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီအခြေအနေမှာသိသာထင်ရှားတာကတော့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက အရမ်းကိုကြီးတယ်၊ နအဖဘက်က ဒီလောက်တောင် မျှော်လင့်ထားမှာ မဟုတ်ဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တကမ္ဘာလုံးက ယုံကြည်ကိုးစားမှုနဲ့ လေးစားမှုက ဘယ်လောက်ရှိတယ်ဆိုတာ အရမ်းကို သိသာ ထင်ရှား သွားတယ်။ အရင်ကလို ထုတ်ပြန်ချက်တွေနဲ့ ပါးစပ်က ပြောနေတာတင် မဟုတ်ဘဲ ကြိုးစား လုပ်နေတာ တွေလည်း တွေ့ရတယ်။ ဥပမာ ဆိုရရင် UK အစိုးရက ဒေါ်အောင်ဆန်းစုကြည် အသက်ကို ရည်ရွယ်ပြီး ဝက်ဘ်ဆိုက်တခု လုပ်ပေးတာကြည့်၊ အစိုးရတရပ်အနေနဲ့ ခုလို လုပ်ပေးတာက နည်းတဲ့ အင်အား မဟုတ်ဘူး လေ။ အနည်းဆုံးတော့ လုံခြုံရေးကောင်စီက သတင်းစာ ရှင်းလင်းပွဲနဲ့ ကြေညာချက်ကို ရအောင် ထုတ်ပေးနိုင် တယ်၊ တရုတ်နဲ့ ရုရှားက သူတို့ဘာသာ သူတို့ဆိုရင် ဘယ်တော့မှ စဉ်းစားမှာ မဟုတ်သလို သူများလုပ်ရင်လည်း တော်ရုံနဲ့ လက်ခံတာမဟုတ်ဘူး။ ဒါပေမယ့် UK တို့ US တို့ ပြင်သစ်တို့ရဲ့ ချက်ချင်း တုံ့ပြန် မှုကြောင့် ဒါကို လုပ်လိုက်နိုင်တာ တွေ့ရတယ်။ နောက် အာဆီယံနဲ့ ထိုင်းဆိုရင်လည်း ဒါမျိုးတခါမှ မကြုံဖူးဘူး။

ဘာပဲပြောပြော ကြေညာချက်တွေမှာ ပါတဲ့ စာသားတွေကို ကြည့်ရင်ပဲ ကြေညာချက်ထုတ်ရုံနဲ့ ရပ်သွားမှာမျိုး မဟုတ်ဘဲနဲ့ ဆက်ပြီး ထိထိရောက်ရောက်လုပ်ဖို့အတွက် ဒီအစိုးရ တော်တော်များများမှာ အစီအစဉ်တွေ ရှိနေတယ်ဆိုတာ သိသာတယ်။ အရင်ကဟာတွေနဲ့ ကွာတယ်။

မေး။ ။ နအဖက နိုင်ငံတကာက ဖိအားကို ထည့်မစဉ်းစားဘဲဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်လိုက်မယ်ဆိုရင် နိုင်ငံတကာရဲ့ အခြေအနေက ဘယ်လို ဆက်ဖြစ်လာမယ် ထင်ပါသလဲ။

ဖြေ။ ။ ကျမထင်တာတော့ အခုအချိန်မှာ နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင်လွှတ်ပေး မလွှတ်ပေးဘဲ နေအိမ်အကျယ်ချုပ်ဆိုရင်လည်း ပုံစံမကျတော့ဘူးဆိုတော့ ဒီတော့ သူတို့က ထောင်ချကို ချမှာပဲ။ ခု နိုင်ငံတကာက စောင့်ကြည့်နေသူတွေ နားလည်တယ်၊ နအဖ ဘာလုပ်မလဲဆိုတာ သူတို့ ရိပ်မိတယ်။ ဒီတော့ နိုင်ငံတကာရဲ့ ဖိအားက ရပ်သွားမှာမဟုတ်ဘူး။

ပြောရရင် နအဖရဲ့ ရက်စက် ယုတ်မာမှုက ကမ်းကုန် နေပြီ ဆိုတော့ ဒီလောက်ကမ်းကုန်အောင် ယုတ်မာတဲ့ အာဏာရှင်တစု လုပ်ချင်ရာ လုပ်နေချိန်မှာ ဘယ်လို လက်တွေ့ကျပြီး ကျမတို့နိုင်ငံအတွက် အကျိုးဖြစ်မယ့် .. အဖြေတခုကို နိုင်ငံတကာ အင်အားစုတွေ၊ အစိုးရတွေကြားထဲမှာ ဘယ်လောက် ထိ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပဲ။

လွယ်လွယ်ကူကူနဲ့တော့ လုပ်လို့ ရမှာမဟုတ်ဘူး။ အဲဒီလို မလုပ်နိုင်ခဲ့လို့လဲ ဒီလောက်ကြာခဲ့ ပြီးပြီ၊ တရုတ်နဲ့ ရုရှား အမြဲခံနေလို့ ဘာမှ မလုပ်နိုင်တဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲလိုအနေအထားမှာ နိုင်ငံတကာဖိအား လျော့သွား စရာ မရှိဘူး၊ ပိုတိုးလာဖို့ပဲရှိတယ်။ ပိုတိုးလာတယ်ဆိုတဲ့ အနေအထားမှာ လက်တွေ့ကျတဲ့ တုံ့ပြန်မှုနဲ့ အရေးယူ ဆောင်ရွက်မှု ရှိဖို့ပဲ လိုအပ်တယ်။

မေး။ ။ ပြည်ပရောက် နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် မတရား စွပ်စွဲ ခံရပြီး တရားရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ နိုင်ငံတကာကို ဘယ်လို တောင်းဆိုမှုတွေ လုပ်ထားပါသလဲ။

ဖြေ။ ။ အာဆီယံက အထူးကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို ခုချက်ချင်းဖွဲ့ပြီး မြန်မာနိုင်ငံကို သွားပါ၊ နအဖနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွှတ်ပေးဖို့ ပြောပေးပါ လို့တောင်းထားတယ်။ နောက်တော့ အာဆီယံကိုပဲ ထိရောက်တဲ့၊ တဦးချင်းစီကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူပေးဖို့၊ ဒါက အာဆီယံ တခုတည်းကို မဟုတ်ဘူး ဥရောပကော်မရှင်၊ US အားလုံးက လုပ်ပေးဖို့။ အခု လတ်တလော ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ ကျူးလွန်နေတဲ့ ကိစ္စတွေကို နိုင်ငံတကာက သံတမန်နည်း အရ ချက်ချင်းဖိအားပေးဖို့၊ လုံခြုံရေးကောင်စီက အရေးပေါ် စည်းဝေးခေါ်ပြီး မြန်မာပြည်အရေးအတွက် ဆုံးဖြတ်ချက် ချဖို့။ မစ္စတာ ဘန်ကီမွန်းအနေနဲ့ သူကိုယ်နှိုက်က တက်တက်ကြွကြွ ဦးဆောင်ပြီး နိုင်ငံအားလုံးက အဓိက ကျတဲ့သူတွေ ပါဝင်နိုင်တဲ၊့ အားလုံးသဘောတူညီတဲ့ အစီအစဉ်တခုကို ချမှတ်နိုင်ဖို့၊ မစ္စတာ ဘန်ကီမွန်း သွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စကို နအဖနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ အဲဒါမှ မရရင် လက်မခံနဲ့ ဆိုတာမျိုး တောင်းဆိုထားပါတယ်။ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က တောင်းဆိုထားတာကိုလည်း ငြင်းဆိုစရာ ဘာမှမရှိဘူး။

နောက်တခု US က အထူးကိုယ်စားလှယ်က သမ္မတ ဘုရှ် လက်ထက်မှာ အလုပ်လုပ်ပေမယ့် ဘုရှ် ပြီးသွားချိန်မှာ အသက်မဝင်ဘဲနဲ့ သမ္မတ အိုဘားမားအစိုးရက အဲဒါကိုဆက်မလုပ်ဘူး၊ အာဆီယံမှာကလည်း အထူး ကိုယ်စား လှယ် မရှိဘူး၊ ဒီတော့ US နဲ့ အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် အမြန်ဆုံး အထူး သံတမန် အဖွဲ့ ဖွဲ့ပြီး သွားပါလို့ တောင်းဆိုထားတယ်။ နောက်တော့ EU မှာက အထူးကိုယ်စားလှယ်ရှိတယ်၊ အဲဒီအထူးကိုယ်စားလှယ်ကိုလည်း ချက်ချင်း သွားပါလို့ ပြောထားတယ်။ ဒါက သံတမန်နည်းအရပေါ့။ အဲဒီလို သံတမန်နည်းအရ သွားရဲ့သားနဲ့ နအဖ က လုံးဝလက်မခံဘဲနဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို မလွှတ်ပေးဘူး ..၊ တရားစီရင်တာကို မရပ်ဘူးဆိုရင် နောက်တဆင့်ထပ်တောင်းတာက လုံခြုံရေး ကောင်စီအနေနဲ့ စစ်လက်နက် ပစ္စည်း တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ လုပ်ပါ၊ နောက်တော့ နအဖရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ပါ။ ရှင်းရှင်း ပြောရရင် နအဖ ကို သံတမန်နည်းအရ ဖိအားပေးလို့မရရင် အပြစ်ပေး၊ အရေးယူပါတော့လို့ ပြောလိုက်တာ။

အဲဒါတွေကို ဒီတရက် နှစ်ရက်မှာပို့ဖို့အတွက် စီစဉ်နေပြီ။ အဲဒါတွေက နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းတွေ ..၊ အမျိုးသမီးနဲ့ လူငယ်တပ်ပေါင်းစုတွေ ပေါင်းပြီး လုပ်ကြတာ။ မစ္စတာဘန်ကီမွန်းရုံးအထိ ပို့ဖို့ လုပ်နေပြီ။

မေး။ ။ ဒီအဖြစ်အပျက်ကြီး တခုလုံးပေါ်မှာ အမျိုးသမီးတယောက်အနေနဲ့ မခင်ဥမ္မာတဦးတည်းရဲ့ အမြင်ကို ပြောပြပေးပါ။

ဖြေ။ ။ ကျမအနေနဲ့တော့ ဒီအဖြစ်အပျက်မှာ နအဖက စစ်ဗိုလ်ချုပ်တွေပေါ့ ..၊ အမျိုးသမီး အမျိုးသား ဆိုတဲ့ ကျား၊ မ သတ်မှတ်ချက်အရ ကြည့်မယ်ဆိုရင် အထူးသဖြင့် (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေပေါ့။ သူက နံပတ် ၁ လည်း ဖြစ်တယ်၊ ဗိုလ်ချုပ်လည်းဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ပြိုင်ဘက် ဖြစ်နေတယ်။ တကယ်တမ်း ပြောရ ရင် ဒေါ်အောင်ဆန်းစုကြည်က သူ့အာဏာကို အဆုံးသတ်ပေးမယ့်သူကိုး။ ဒေါ်အောင်ဆန်းစုကြည်က သူ့ထက် ငယ်တယ်၊ နောက် အမျိုးသမီးဖြစ်တယ်၊ အဲဒီငယ်လည်းငယ်တဲ့ ပိန်ပိန်ပါးပါးနဲ့ အမျိုးသမီးက သေချာတာကတော့ လူထုရဲ့ အသည်းနှလုံးကိုရထားတယ်။ လူထု ဆိုတာတောင် မြန်မာတပြည်တည်းမဟုတ်ဘူး တကမ္ဘာလုံးက လူထု၊ ကျမ စဉ်းစားကြည့်တာ လူသားတယောက်အနေနဲ့ မြင်ကြည့်ရင် ကိုယ့်ကို သူများချစ်ခင်မှု မလိုချင်တဲ့သူ ဘယ်သူမှ မရှိဘူး။

ဒါပေမယ့် သေချာတာက (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေကို သူ့မိသားစုနဲ့ သူမြေးလောက်ပဲ ချစ်မယ်၊ အများမေတ္တာ ကိုတော့ သူမရဘူး။ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနေရာက နေကြည့်ရင် သူ့အနေနဲ့လည်း ဒါကို သူမလိုချင်တာ မျိုးတော့ မဖြစ်လောက်ဘူး .. သူမရနိုင်တာလည်း သူသိတယ်။ ဆိုတော့ ဒေါ်အောင်ဆန်း စုကြည် အပေါ်မှာ သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှု၊ ပုဂ္ဂိုလ်ရေးအရ အမျက်ဒေါသ၊ ပုဂ္ဂိုလ်ရေး မနာလိုမှုတွေ ရှိကိုရှိမယ်။ သူ့အတွက် ပိုပြီးခံရခက်စေတာက ငယ်လည်းငယ်ပြီး အမျိုးသမီးတယောက် ဖြစ်နေတဲ့ ဒီလိုလူဟာ သူလို တနိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်တဲ့ လူတယောက်ထက် သာနေတယ်ဆိုတဲ့အချက်က သူ့ရဲ့ မနာလို မုန်းတီးမှုနဲ့ ပုဂ္ဂိုလ်ရေးအရ ကလဲ့စားချေမှုတွေပါ ပါလာတယ်လို့ မြင်တယ်။

နောက်တခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထူးခြားချက်တွေ သူတို့သိနေတယ် သူတို့နဲ့ လုံးဝမတူဘဲ၊ သူတို့ လုံးဝ မယှဉ်နိုင်တဲ့ အချက်တွေပေါ့။ သူတို့ဟာသူတို့ ဘယ်လောက်ကြီးပဲ လက်နက်ကြီးနဲ့ စစ်တပ်ကြီးရှိနေ ရှိနေ၊ လူထု ကြားမှာ ခြေတချောင်းမပြောနဲ့ အရိပ်တောင်ချရဲတဲ့ သူတွေမှ မဟုတ်တာ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် လူထုကြားသွားရင် မိုးအဆုံးမြေအဆုံး လူထုက မိုးချုပ်နေဝင်ထိ လိုက်တယ်လေ။ ဘာသေနတ်မှလည်း မလိုဘူး။ အဲဒီဥစ္စာက သူတို့အတွက် အကြီးမားဆုံး ကြောက်စရာ ခြိမ်းခြောက်မှု ဖြစ်စေတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်နက်လို့ပြောလို့ရတာက သူ့နောက်မှာ ပြည်သူရှိတယ်။ သူက အမှန် တရားအတွက် ရဲရဲ ရင့်ရင့် ရင်ဆိုင်ရဲတယ်။ ရှင်းရှင်းပြောရရင် သူက အမျိုးသမီးတယောက်၊ မိခင်တယောက် .. အနည်းဆုံးတော့ သူ့မှာ သားသမီးတွေ မြေးတွေရှိတယ်။ သူ့မိသားစုနဲ့ ပုဂ္ဂိုလ်ရေး ဘဝ အေးအေးဆေးဆေး နေလို့ရတယ်။ သူ့မှာ လူသားတယောက်ရဲ့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေပြီးသားပဲ .. ဘာလိုလဲ။ အဲဒါ တောင်မှ သူ့ရဲ့လွတ်လပ်မှု၊ မိသားစုဘဝ အကုန်လုံးကို ကိုယ်ကျိုးတကယ်စွန့်၊ အနစ်နာခံပြီး ဒီအခြေအနေမှာ အမှန်တရားအတွက် မူအရ၊ သစ္စာတရားအရ သည်းခံပြီး နေနေတယ်၊ နောက်ဆုံး ဒီဗိုလ်ချုပ်တွေကိုတောင် မေတ္တာ မပျက်ဘဲ ဆက်ပြီးရပ်နေတာ၊ ဒါကိုတော့ သူတို့ ယှဉ်နိုင်မှာကို မဟုတ်ဘူး။

တဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရိုးရိုးသားသားမှန်မှန်ကန်ကန်နဲ့ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား ကိုယ်ကျိုးစွန့် ရပ်တည်မှုဟာ နအဖဘက်က မုန်းတီးပြီး အငြိုးကြီးကြီးနဲ့ ဆက်လုပ်နေဦးမယ်ဆိုရင် သေချာ တာက သမိုင်းကိုတော့ လိမ်လို့ရမှာမဟုတ်ဘူး။

ဒီတော့ အမျိုးသမီးတယောက် ဖြစ်နေတဲ့အပေါ်မှာ ပိုပြီး အငြိုးကြီးတယ်၊ သူတို့ဘက်က ပြောရရင် သူတို့ကို ပါဝါ အားဖြင့် မယှဉ်နိုင်တဲ့ သူတယောက်ဖြစ်တယ်လို့ မြင်မယ်။ အဲဒီလို အနေအထားမှာ သူတို့ထက် အများကြီး မိုင်ထောင်နဲ့ ချီပြီး ရှေ့ရောက်နေတဲ့ အနေအထားဖြစ်တာကို သူတို့ ပိုပြီး မခံမရပ်နိုင်ဖြစ်မယ်။ ဒီ အပေါ်မှာ သူတို့ အငြိုးကြီးကြီးနဲ့ ရက်စက်ဖို့ စဉ်းစားကြတယ်။

တဘက်က အမျိုးသမီးတယောက်အနေနဲ့ ပြောရရင် ကျမအနေနဲ့ပေါ့ စိတ်ပူတာတွေရှိတယ်။ သူ့အသက် ၆၄ နှစ် ပြည့်တော့မယ်၊ တယောက်တည်းနဲ့ ကျန်းမာရေးအရပဲဖြစ်ဖြစ် အသိုင်းအဝန်းအရပဲဖြစ်ဖြစ် ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်တဲ့နေရာ၊ မနေသင့် မနေထိုက်တဲ့နေရာ၊ သူ့အတွက် ဘယ်လိုမှမသင့်တော်တဲ့ နေရာကြီးမှာ ခုလို နေနေရတာ ဘယ်လိုမှ မဖြစ်စေချင်ဘူး။ ဒါ ကျမက အမျိုးသမီးတယောက် အနေနဲ့ ကြည့်ကြည့်တာ။ နောက် တော့ အမျိုးသမီး ကျန်းမာရေးတို့ဘာတို့ .. ဘယ်လောက်ထိ သူ ကုသမှုခံရနိုင်မလဲ။ နအဖရဲ့ လက်အောက်မှာ ဘယ်လောက်အထိ အငြိုးကြီးကြီးနဲ့ ရက်စက်ယုတ်မာမှုကို ခံရနိုင်သလဲ ဆိုတာ စဉ်းစားမိတယ်။ နောက် သူ့ရဲ့ တကိုယ်ရည် လုံခြုံရေးက အစ အများကြီး စိတ်ပူစရာတွေရှိတယ်။

ဒါပေမယ့် သတင်းတွေမှာ သူ့မျက်နှာကို မြင်လိုက်ရတော့ အရမ်းကို ကြက်သီးထမိတယ်။ ကျမစိတ် ဓာတ်ကျတဲ့အချိန်ဆို သူ့မျက်နှာကို ပြေးမြင်တယ်။ သူတောင် ငါတို့အတွက် ဒီလောက် နေနိုင်တာ ငါက ဘာလို့ စိတ်ဓာတ်ကျရမှာလဲ ဆိုတာမျိုး ဖြစ်မိတယ်။ အခု နောက်ဆုံး သံတမန် သုံးယောက်နဲ့ တွေ့တဲ့မျက်နှာ၊ တရားရုံးထဲ ဝင်လာတဲ့ မျက်နှာကို ကြည့်လိုက် .. ရှင်းပြီး ငြိမ်နေတယ်။ အေးအေးဆေးဆေးပဲ။ သူ့ရဲ့နဂို စိတ်ရင်းအတိုင်း စိုးရိမ်ပူပန်မှု တုန်လှုပ်မှု ဘာမှမရှိဘူး။

ဒီလို စိတ်ဓာတ်မျိုးကတော့ စစ်တပ်က တသန်းချီနေ ပစေဦး ကြောက်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်း စုကြည်ကတော့ တကယ့်ကို မယုံနိုင်စရာ ကောင်းလောက် အောင်ပါပဲ။ တခါတလေကျရင် ကိုယ်လည်း အမျိုးသမီးတယောက်ပဲ ..ပင်ပန်းလို့ ညည်းညူမိတာပဲ ဖြစ်ဖြစ် နေမကောင်းလို့ အိပ်ရာထဲ ခွေမိတာပဲဖြစ်ဖြစ် ဖြစ်မိရင် သူ့ကို သတိရတယ်။ နေမကောင်းလို့ ဆေးခန်း သွားရရင်တောင် စိတ်ထဲမှာ ငါက ဆေးခန်း သွားနေတဲ့အချိန်မှာ သူကတော့ သူတို့ခွင့်ပြုမှ ဆေးကုသ ခွင့်ရတဲ့ အနေအထားပါလားလို့ စဉ်းစားမိတယ်။ သူ့ရဲ့ ရပ်တည်နိုင်မှု၊ နောက် စိတ်ကျန်းမာရေး ကိုယ်ခန္ဓာ ကြံ့ခိုင်နိုင်မှုတွေကိုပါ တည်ဆောက်နိုင်တာကို ကြည့်ရတာ Freedom from fear ဆိုတာ သူမှ အစစ်ပဲ။

မေး။ ။ လက်ရှိ အနေအထားမှာ ပြည်သူလူထုရဲ့အကြောက်တရားနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ် မိပါသလဲ။

ဖြေ။ ။ ပြည်သူလူထုကို စိတ်ပူတယ် လို့ပဲ ပြောချင်တယ် ..။ ပြည်သူတွေရဲ့ လောလောဆယ် အနေအထားကို စိတ်ပူတာအပြင် အနာဂတ် အရေးအရကော၊ လာမယ့် မျိုးဆက်တွေ အတွက်ကော စိတ်ပူ တယ်။ အဲဒါက ဘာလဲဆိုတော့ အကြောက်တရားကို အများကြီး အသွတ်သွင်း ခံလိုက်ရတဲ့ အခါကျတော့ လူတွေက ထုံသွားသလိုဖြစ်သွားတာလားလို့ စိတ်ပူတာ။ ဒါက အပြစ်တင်ပြီး ပြောတာ မဟုတ်ဘူး။ ဒီလောက် ဖိနှိပ်ခံနေရတဲ့ အနေအထားမှာ ပြည်သူ ကြောက်တာကို အပြစ်တင်လို့ မရဘူး။

၈၈ တုန်းကဆိုရင်ကြည့်၊ ကိုယ့် ကျောင်းသား တယောက် တခုခုဖြစ်ရင် နောက်က ကျောင်းသားတွေ လိုက်လာ တယ်။ တချိန်တည်းမှာ သူတို့ရဲ့ မိဘတွေ လိုက်လာတယ်။ အခုချိန်မှာ သံဃာတော်တွေကို ရိုက်တယ်၊ ထောင်ချ တယ်၊ သတ်တယ် .. နောက်ကနေပြီးတော့ ပြည်သူလူထုက အကြောက်တရားတွေက ဖိစီးနေတော့ ထွက်သင့် သလောက် ထွက်မလာနိုင်ဘူး .. ။

ခုလည်း အဲလိုပဲ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးက ကျမတို့နိုင်ငံမှာ နောက်ထပ် တယောက် မရနိုင်တော့ဘူး ..။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတိုင်းပြည်ကို ပြန်တည်ဆောက်ဖို့ ဆိုတာ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် အရမ်းအရေးကြီးတယ်။ ဒါပေမယ့် အဲဒါကို ပြည်သူက မြင်ဖို့ခက်နိုင်တယ်။

ဘာလို့လည်းဆိုတော့ တနေ့ကို ထမင်း နှစ်နပ်စားနိုင်ဖို့အရေးရယ် ..၊ နောက်တခုက ရှင်းရှင်းပြောရရင် ထောင်ထဲ မရောက်ရေးပေါ့ ..။ ထမင်းစားရဖို့ ကြိုးစားတဲ့နေရာမှာ ထောင်ထဲ မရောက်ရေးရယ် ..။ ပါးစပ်လှုပ်လိုက်ရင် လှုပ်လိုက်သလောက် ထောင်ထဲ မရောက်ရေးရယ်ကို ၂၄ နာရီထက်ပိုပြီးကျော်လွန် စိတ်ပူနေရတယ်။ အဲဒီတော့ ပြည်သူလူထုက ရေတိုပဲ ကြည့်နိုင်တဲ့ အနေအထားဖြစ်နေပြီး ရေရှည်မှာ တသက်လုံးခံရတော့မှာ ..။ အဲဒီ တခုကိုတော့ စိတ်ပူတယ်။

အပြစ်ပြောတာတော့မဟုတ်ဘူး။ ခုလို ကျမတို့က ပြည်ပမှာ ရောက်နေချိန်မှာ ပြည်တွင်းက ပြည်သူတွေကို ဘာဖြစ်စေချင်တယ်လို့ ပြောတာက ကျမစိတ်ထဲမှာ တရားတယ်လို့မထင်ဘူး။ ဒါပေမယ့် ဖြစ်စေချင်တဲ့ ဆန္ဒ ကတော့ရှိတာပေါ့။ ကိုယ်က အပြင်မှာရောက်နေတဲ့ ကာလမှာ အထဲမှာရှိတဲ့ ပြည်သူတွေကို ဘာဖြစ်စေချင်တယ် ဆိုတာထက် .. ကျမတို့ နိုင်ငံအပြောင်းအလဲဖြစ်ဖို့ ပြည်တွင်း ပြည်ပက လူတွေ ပေါင်းပြီးတော့ လုပ်ကြရအောင် ဆိုတာတော့ ပြောကိုပြောချင်တယ်။

ကျမတို့ရှေ့က မားမားမတ်မတ်ရပ်ခဲ့တဲ့ ခေါင်းဆောင်တယောက် ခုလို မတရားခံနေရတာကို လက်ပိုက် ကြည့်မနေကြစို့နဲ့တော့ အတူတူရပ်ကြစို့ဆိုတာမျိုးပြောချင်တယ်။ ဒါပေမယ့် ဒီလို အပြင်က ရပ်ပြီး ပြောနေရတာ လည်းမတရားဘူး ဆိုတာသိတယ်။ အဲလိုဖြစ်မှာစိုးလို့ မပြောချင်တာက လွဲရင် .. အဲလိုစကားမျိုးက ပြောကို ပြောချင်တယ်။ အပြင်မှာရောက်နေတယ် သို့သော် အကောင်းဆုံး အဖြစ်နိုင်ဆုံး ဦးနှောက်ထဲက အကြံဉာဏ် ရှိသမျှ ထုတ်သုံးပြီး လုပ်နေတာပဲ တချိန်တည်းမှာ အထဲမှာရှိတဲ့ ပြည်သူတွေကိုလည်း တို့တွေနဲ့ တူတူ လက်တွဲပြီး အတူတူရပ်ကြစို့၊ မခံကြစို့နဲ့လို့ ပြောချင်တယ်။ ဒါပေမယ့် ဒီစကားကို ပြောမထွက်ဘူး။ ။

Read More...

ဒေါ်အောင်ဆန်းစုကြည်မှ ဗိုလ်ချုပ်မှူးကြီးထံသို့ ပေးစာ(သရော်စာ)

1st June, 2009
သို့ ... စေတနာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရှင့် …

ကျေးဇူးတင်လွန်းလို့ ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးက တကယ့် စေတနာရှင်ကြီးပါပဲ။ ဗိုလ်ချုပ်မှူးကြီးကြောင့်သာ ကျမကို တကမ္ဘာလုံးက လူတွေ သတိတရနဲ့ အာရုံစိုက်လာကြတာပါ။

တကယ်ဆို ကျမကို အားလုံးက မေ့နေကြပြီလေ။ အော်နေကြတဲ့သူတွေလည်း မောကြပြီ။ ဝတ္တရားမပျက် အော်ကြရင်း အသံတွေလည်း ဝင်ကုန်ပြီ။

ဒီကြားထဲ ကျမတို့ထက် အရေးကြီးတဲ့ နိုင်ငံတွေရဲ့ ကိစ္စတွေက ဟိုကပေါ်လာ ဒီက ပေါ်လာနဲ့ ဆိုတော့ နိုင်ငံ တကာကလည်း “ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူ့အိမ်ထဲမှာ သူ အေးရာအေးကြောင်း နေနေရတဲ့ နိုဗဲလ် ဆုရှင်ပဲလေ။ တချက်တချက် ထအော်ပေးလိုက် တော်ရောပေါ့၊ တခြား ပိုအရေးကြီးတဲ့ နိုင်ငံတွေ ရှိသေးတယ်” ဆိုပြီး ကျမနဲ့ပတ်သက်တဲ့ ကိစ္စကို ပျင်းကုန်ကြပြီ မဟုတ်လား။

နိုင်ငံတကာမပြောနဲ့ ကျမတို့ နိုင်ငံထဲက လူတွေတောင် ကျမကို မေ့တေ့တေ့ ဖြစ်နေပါပြီလေ။ ကျမလည်း အိမ်ထဲ မှာ အကြာကြီးနေနေရတာ ပျင်းလှပြီ။ တနေ့တနေ့ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမ .. ဒီမျက်နှာ နှစ်ခုပဲ မြင်နေရ၊ ဒီပစ္စည်းတွေနဲ့ပဲ ထိတွေ့နေရတာလည်း ညည်းငွေ့လှပြီ။

အဲဒီလိုကျမ ပျင်းနေ၊ ညည်းငွေ့နေတာကို ဗိုလ်ချုပ်မှူးကြီးက သိပုံပေါ်တယ်။ တကယ့်ကို အမျှော်အမြင်ကြီးတဲ့ ဗိုလ်ချုပ်မှူးကြီးပါပဲ။ ကျမကို လူတွေမေ့နေတာကို ကြည့်ပြီး စိတ်မကောင်း ဖြစ်သွားတယ်ထင်တယ်၊ ရုတ်တရက် ကြီး တကယ့်ကို ရယ်စရာကောင်းတဲ့ လူတယောက်ကို ကျမဆီ လွှတ်လိုက်တဲ့ကိစ္စ .. တော်ရုံစဉ်းစားဥာဏ်နဲ့ ဘယ်သူက တွေးမိမှာလဲ။ ဗိုလ်ချုပ်မှူးကြီးလို ဦးနှောက်ကောင်းတဲ့ သူမို့လို့ပေါ့။

ကျမတို့ ၃ ယောက်လုံး အိမ်ထဲမှာ ညည်းငွေ့နေကြတုန်း လူစိမ်းတယောက်ကို လွှတ်လိုက်တော့ အရုပ်သစ်ရတဲ့ ကလေးတွေလိုပဲ ကျမတို့ ပျော်ကြတာပေါ့။ သူ့ခမျာလည်း ရေသေကြီးထဲ မနည်းကူးလာရတာ ဆိုတော့ ကျမတို့ အားလုံး ရှိတာလေးတွေ ထုတ်ကျွေးကြရင်း စကားပြောဖော် အသစ်တယောက် ရောက်လာသလို ဖြစ်သွားတာ ပေါ့လေ။

ဗိုလ်ချုပ်မှူးကြီးက ဒီလောက်နဲ့တင် မကျေနပ်ဘူး။ မစ္စတာယက်ထော အိမ်ထဲဝင်တဲ့ကိစ္စကြောင့် “ကျမကို အကျယ်ချုပ်ရက် ထပ်တိုးတယ်” လို့ အာဏာသုံးပြီး ပြောလိုက်လည်း ရရဲ့သားနဲ့ စေတနာဗရပွနဲ့ အလုပ်ရှုပ် ခံရှာတယ်။

“သြော် ကောင်မလေးခမျာ ပျင်းနေရှာတယ်၊ လူတွေနဲ့လည်း မတွေ့ရတာ ၆ နှစ်နီးပါး ရှိနေရှာပြီ။ လူတွေနဲ့ တွေ့ရအောင် လုပ်ပေးဦးမှ” ဆိုပြီး ဗိုလ်ချုပ်မှူးကြီး စဉ်းစားတယ် မဟုတ်လား။ အဲဒီလို စေတနာ ထားတာ။

လူနှစ်ယောက်ထဲနဲ့ နေခဲ့ရတဲ့ ကျမ .. ခုလို လူပေါင်းများစွာနဲ့ တွေ့လိုက်ရတာ ဘယ်လောက် ပျော်လိုက်မလဲ စဉ်းစားသာကြည့်။ စကားတွေလည်း ပြောရသေးတယ်၊ ပြီးတော့ ကျမရဲ့ ရှေ့နေကြီးတွေဆိုလည်း တွေ့ရ ပါတော့မလား ထင်တာ ခုပြန်တွေ့ခွင့်၊ စကားပြောခွင့်ရတယ်။ ဘာပဲဖြစ်ဖြစ် ခုလို ကျမကို မပျင်းရအောင် ဒီလို အခြေအနေတွေ ဖန်တီးပေးတာ ဗိုလ်ချုပ်မှူးကြီးကို ကျေးဇူးတင်ထိုက်တာပေါ့ မဟုတ်ဘူးလား။

နောက်တခုရှိသေးတယ် .. ဘယ်သူတွေက “တံခါးဖွင့် တရားစီရင်ရေးလုပ်ပါ” ဆိုပြီး ဘယ်လောက်ပဲ တောင်းဆိုတောင်းဆို .. လုပ်ချင်ရာလုပ်နေကျ ဗိုလ်ချုပ်မှူးကြီးရဲ့ ဉာဉ်အတိုင်း “မဖွင့်ဘူးကွာ ဒီတိုင်းစစ်” လို့ လုပ်လို့ရရဲ့သားနဲ့ စေတနာတွေ ဝေဖြာပြီး သံတမန်တွေ၊ သတင်းထောက်တွေကို (ဟန်ပြပဲဖြစ်ဖြစ်) ဝင်ခွင့် ပေးခိုင်းတာလည်း ကျေးဇူးတင်ရမှာပဲလေ။

အဲဒီတော့ ပွဲက ပိုဆူသွားတာပေါ့၊ အဲဒီမှာ နိုင်ငံတကာက ပိုအာရုံစိုက်လာတဲ့ အပြင် ကျမရဲ့ သတင်းတွေ၊ ဓာတ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေ ဆိုတာ နိုင်ငံတကာက မီဒီယာတွေ၊ ရုပ်သံတွေမှာ တင်းကြမ်းပြည့် ပါလာပြီး လူတွေကလည်း အန်တီစု၊ အမေစု၊ မမစု၊ ညီမလေးစု .. ဘာစု၊ ညာစုနဲ့ အုတ်အုတ်ကျက်ကျက် လုပ်ကုန်ကြရော မဟုတ်လား။

ကျမ ပြောနေကျ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စကို ထပ်ပြောခွင့်ရအောင်လည်း ဗိုလ်ချုပ်မှူးကြီးက ဖန်တီး ပေးပြန်တယ်။ သံတမန် ၃ ယောက်နဲ့ အင်းစိန်ထောင်ထဲမှာ စကားပြောခွင့်ရဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲနော်။ ကျမလို နေအိမ်အကျယ်ချုပ်ကျခံထားရပြီး ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့ သူတယောက်အဖို့ ပိုတောင် မလွယ်သေး တယ်။

ကျမကို ၂ ပတ်လောက်အတွင်းမှာ တကမ္ဘာလုံးကလူတွေ အာရုံစိုက်လာအောင် လုပ်ပေးတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ အစွမ်းကတော့ အံ့မခန်းပါပဲ။ ခုဆို ကျမအမှုတရားစီရင်ရေးက ၂၀၀၉ အတွက် အထူးခြားဆုံး တရားစီရင်မှု ဖြစ် သွားလောက်ပြီ။

ကြည့်ရတာ ဗိုလ်ချုပ်မှူးကြီးက တရုတ်နဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြိုက်တတ်တယ် ထင်တယ်နော်။ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ရေးတာလည်းတော်တော် တော်တယ်။ ဗိုလ်ချုပ်မှူးကြီးသာ ရုပ်ရှင်ဝင်ရိုက်ရင် ဒါရိုက်တာ မောင်မျိုးမင်းတို့၊ စင်ရော် မောင်မောင်တို့တောင် အလုပ်လက်မဲ့ ဖြစ်သွားနိုင်တယ်။

ဗိုလ်ချုပ်မှူးကြီးကြိုက်တတ်တဲ့ ရုပ်ရှင် စကားနဲ့ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဗိုလ်ချုပ်မှူးကြီးက ကျမကို မင်းသမီး တင်ပေးလိုက်တာပဲ။ နာမည်မြုပ်စ ပြုနေတဲ့ မင်းသမီးကို တကားတည်းနဲ့ နာမည်ပြန်ကြီးအောင် လုပ်ပေးလိုက်တာနဲ့ အတူတူပဲ။ စိတ်မကောင်းစရာ အချက်က ဗိုလ်ချုပ်မှူးကြီးကတော့ လူကြမ်း ဖြစ်သွားတာ ပေါ့လေ။ ကျမကတော့ လူကြမ်းက နာနာရိုက်တာကိုခံရတဲ့ မင်းသမီးပေါ့။

ဇာတ်ထဲမှာ လူကြမ်းက မင်းသမီးကို နာနာနှက်လေ ပရိသတ်က မင်းသမီးကို ဂရုဏာသက်လေ၊ လူကြမ်းကို မုန်းလေ ဆိုတာကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း စိတ်မညစ်ပါနဲ့ လူကြမ်းတွေလည်း အကယ်ဒမီတော့ ရနိုင်ပါသေးတယ်။ အံ့ကျော်ကြီးတို့ အောင်ခိုင်တို့တောင် အကယ်ဒမီ ရသေးတာပဲ။

ချီးကျူးစရာကောင်းတာ တချက်ရှိသေးတယ် .. ဗိုလ်ချုပ်မှူးကြီးတင် ဇာတ်ညွှန်းရေးတော်တယ် ထင်တာ ဗိုလ်ချုပ်မှူးကြီးရဲ့ နောက်လိုက်နောက်ပါတွေကလည်း စိတ်ကူးယဉ် ဝတ္ထုရေးတဲ့နေရာမှာ တော်တော် တော်ပါလား။ ဟောင်ကောင်က ကောင်စစ်ဝန် ဦးရဲမြင့်အောင်က ကျမနဲ့ မစ္စတာ ယက်ထောက သမီး ရည်းစားတွေ လို့ ပြောတယ်တဲ့။ ကြည့်ရတာ အလွန်ဆွတ်ပျံ့ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်း တပုဒ် ဖန်တီးချင်ပုံရတယ်။ ဒီလိုလူတွေရှိနေရဲ့သားနဲ့ မြန်မာ့ရုပ်ရှင် ကမ္ဘာကို ဘာလို့မလွှမ်းသလဲ စဉ်းစားမရဘူး။ သူ့ခမျာလည်း သူ့ ပါပါ ဗိုလ်ချုပ်မှူးကြီး သူ့ကို မေ့နေမှာစိုးလို့ ထအော်ပေးတာ ထင်ပါရဲ့။ သတိရကြောင်းလေး စာလှမ်းရေးလိုက်ပါဦး။

ဗိုလ်ချုပ်မှူးကြီးအတွက် နောက်ထပ် စိတ်မကောင်းဖြစ်မိတာတခု ရှိသေတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD သာ ဝင်အရွေးခံရင် ၁၉၉၀ ရွေးကောက်ပွဲလို မဲအပြတ်အသတ်နဲ့ နိုင်ဦးတော့မှာ။ အဲဒီလိုဖြစ်အောင်လည်း ဗိုလ်ချုပ်မှူး ကြီးက လုပ်ပေးလိုက်တာပါ။ နှစ် ၂၀ လုံးလုံး မနည်းကို ကျားကန်ထားရတဲ့ NLD ပါတီက ဗိုလ်ချုပ်မှူးကြီး လုပ်ပေး လိုက်တာနဲ့ မေ့နေတဲ့သူတွေ သတိပြန်ရ၊ လုံးဝမသိသေးတဲ့သူတွေလည်း သိလာကြနဲ့ လူတွေ တော်တော် အာရုံစိုက်လာတာ ခံနေရပြီ။ ဒါ ဗိုလ်ချုပ်မှူးကြီးရဲ့ ကျေးဇူးကြောင့်ပဲ။

ဗိုလ်ချုပ်မှူးကြီးက ဒါရိုက်တာလုပ်တာ၊ ဇာတ်ညွှန်းရေးတာတင် တော်တာမဟုတ်ဘူး ပရိုမိုးရှင်းလုပ်တဲ့ နေရာ မှာလည်း တော်တော် တော်တာပဲ။ ကျမကတော့ ဗိုလ်ချုပ်မှူးကြီးကို လစာကောင်းကောင်းပေးပြီး ကျမပါတီကို လူပိုသိအောင်၊ နာမည်တက်အောင် လုပ်ပေးတဲ့ ကိုယ်စားလှယ် (PR) ခန့်ချင်လာပြီ။

စဉ်းစားကြည့်တော့ ဗိုလ်ချုပ်မှူးကြီးက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံ၊ လူကြမ်းအဖြစ်ခံပြီး ကျမနဲ့ ကျမရဲ့ပါတီကို ကမ္ဘာက ပိုသိအောင် နာမည်တက်အောင် လုပ်ပေးလိုက်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် NLD ပဲ နိုင်ဦးမှာ ဆိုတော့ ခုကတည်းက ဗိုလ်ချုပ်မှူးကြီးတို့လို လူတော်တွေ မွေးထားဖို့ လိုတယ်လေ။ ဆက်သွယ်ဖို့ မမေ့နဲ့နော်..။ လစာ ကောင်းကောင်း ပေးမှာပါ။ ။

ကျေးဇူးတင်စွာဖြင့် …
အောင်ဆန်းစုကြည်
ခေတ္တ အင်းစိန်ထောင်

မှတ်ချက်။ ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို စာရေးသည့် သဘော စိတ်ကူး ပုံဖော်ကာ သရော်စာအဖြစ် ဖန်တီးထားခြင်းသာ ဖြစ်ပါသည်။

Read More...

မေလ ၃ဝ ရက် - ဒီပဲယင်း အရေးအခင်းနေ့ (၆) နှစ်ပြည့် အထူးအစီအစဉ် အင်တာဗျူး (ဒုတိယပိုင်း) ။

31th May,2009

(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။

ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ၃၀ရက် ဒီပဲယင်းအရေးအခင်းဖြစ်တဲ့ညက လမိုက်ည၊မြန်မာလို ၁၃၆၅ခုနှစ် ကဆုန်လကွယ်ည လို့  သိရတယ်ဘုရား။အဲဒီ လမိုက်ညကိုမှ အာဏာရှင်တွေက ရွေးပြီးဒေါ်စုတို့ ကို စနစ်တကျ လုပ်ကြံခဲ့တာလို့  အများကပြော နေကြ တယ်ဘုရား။ဦးဇင်းအနေနဲ့  ဘယ်လို ထင်မြင်ချက် ပေးချင်ပါသလဲဘုရား။

ဦးဇင်းဦးဝိမလ။ ။ ဦးဇင်းအမြင်ကတော့ သူတို့ စနစ်တကျ ကြိုတင်ကြံစည်ခဲ့တာဖြစ်တယ်။ပုံမှန်အားဖြင့်ဒေါ်အောင်ဆန်းစုကြည် တို့ အဖွဲ့ ဦးဇင်းတို့ ကျည်ရွာကို ရောက်ရမယ့်အချိန်ဟာ နံနက်ပိုင်းဖြစ်ရပေမယ့်၊ ဒီပဲယင်းမှာ ကုလားမယား ခြေ မချရဘူးဆို တဲ့ စီမံချက်တွေကြောင့် နအဖ က ဒေါ်စုတို့ အဖွဲ့ကို ညဘက်ကျမှ ရောက်စေချင်ခဲ့တာ သိပ်သိသာတယ်။သတ်ကွင်းထဲကို တ မင် မောင်းသွင်းသလို…စီမံချက်ချ၊အကွက်ကျကျ….ကြိုတင်ကြံစည်ရွေးချယ်……လုပ်ကြံခဲ့ကြတာ ဖြစ်တယ်။ ဒီပဲယင်းမှာ အ သေ လုပ်ကြံမယ်လို့  ဗိုလ်ချုပ်မှုးကြီးဆီက အမိန့် အော်ဒါ ရပြီး ထားပုံရတယ်။ဒါ့ကြောင့် ဒီပဲယင်းအရေးအခင်းကို ညဘက်မှာ ဖန်တီး ချင်လို့  ဒီပဲယင်းမရောက်ခင် ဘုတလင်မြို့ မှာကတည်းက အချိန်ဆွဲ နှောက်ယှက်ဟန့် တား နည်းဗျုဟာတွေနဲ့  ဒီပဲ ယင်းမြို့ အ ဝင်ကို နံနက်မဝင်စေဘဲ ညဘက်ဝင်ဖြစ်အောင် ကြိုတင်ကြံစည်ခဲ့ကြတာပဲ။ လမိုက်ညဖြစ်သွားတော့ အတိုင်းထက်အလွန်ပေါ့။ ဒေါ်စုတို့ ကို လုပ်ကြံမယ့် သတ်ကွင်းနေရာကို ကျည်ရွာ(သို့ မဟုတ်)ရွာသစ်ရွာ ရဲစခန်းသစ်နေရာလို့  နအဖက မေ ၃၀ မတိုင် ခင် ရက်အနည်းငယ် ကတည်းက ကြို စီစဉ်ထားခဲ့ပုံရတယ်။

ဦးဇင်းတို့ ကျည်ရွာအလွန် ရွာသစ်ရွာစိုက်ပျိုးရေးစခန်းလို့ အများခေါ်နေကြတဲ့  ရွာသစ်ရွာ ဆည်မြောင်းဦးစီးဌာနခြံဝင်းကို အ ခင်း မဖြစ်ခင် ရက်အနည်းငယ်ကတည်းက ယာယီရဲစခန်းအဖြစ် သတ်မှတ်ကာ လုံခြုံရေးရဲတွေ တိုးမြှင့်ချထားခဲ့တယ်။ ခြံဝင်းထဲကို ဘောက်စာ(bowser)ကားကြီးများ၊မြေညှိစက်ကားကြီးများ၊စစ်ထရပ်ကားများ၊အလောင်းကောက်မည့်ကားများ ကြိုတင် ရောက် ရှိနေရာယူထားခဲ့တယ်လို့ သိရတယ်။စခန်းအနီး ကားလမ်းဘေးက သစ်ပင်ကြီးတပင်ကိုလည်းအခင်းဖြစ်မယ့် နေ့ မှာ ပြတ်လု ပြတ်ခင် လွှနဲ့ တိုက်ထားပြီး၊သံကြိုးတွေနဲ့  လဲမကျအောင် ယာယီထိန်းထားခဲ့တယ်လို့ ကြားသိခဲ့ရတယ်။

ကားလမ်းတဘက်တချက်က သစ်ပင်ကြီးတွေပေါ်မှာလည်း ညကြည့်မီးဆလိုက်ကြီးတွေ ကြိုဆင်ထားခဲ့တယ်လို့ သိရတယ်။ဒါ့
အပြင် အခင်းဖြစ်မယ့်နေ့ ညနေ (၃)နာရီလောက်မှာ နအဖတွေက အဲဒီရွာသစ်ရွာဂိတ်စခန်းထဲကို ဆရာတော်တွေကို ပင့်ပြီး
သီတင်းသုံးနေထိုင်ခိုင်းပြီး နောက်နေ့ မှ ပြန်ကြွစေတယ်လို့ သိရတယ်။စစ်ကိုင်းတိုင်းသံဃာ့မဟာနာယက ဆရာတော် (၂)ပါး၊ ရေဦးမြို့ နယ်သံဃနာယက ဆရာတော်တွေ၊ဒီပဲယင်းမြို့ နယ် သံဃာ့နာယက ဆရာတော် ဦးနန္ဒော။ခွန့် တောင်း (ဒေသအခေါ် =ခတောင်း )ကျေးရွာ သံဃာ့နာယကဆရာတော် ဦးနန္ဒောဘာသ။

အင်ပင်ကုန်းထဲ ကျေးရွာသံဃနာယကဆရာတော် ဦးနန္ဒိ အစရှိတဲ့ဆရာတော်တွေကို ပင့်ထားပြီး အခင်းဖြစ်ပြီးနောက်နေ့ မှာ
ဆရာတော်တွေကို သက်သေအဖြစ် လက်မှတ် အတင်းထိုးခိုင်းခဲ့တယ်လို့ ကြားသိရတယ်။လက်မှတ်ထိုးရတဲ့စာရွက်မှာ (အဓိ ကရုဏ်းဖြစ်ပွားရခြင်းမှာ ဒေါ်စုကြည်ယာဉ်တန်းက သူတို့ ကို စတင်တိုက်ခိုက်တဲ့အတွက် သူတို့ က ပြန်လည်တိုက် ခိုက်ရိုက် နှက်ရတာဖြစ်တယ်)လို့ ရေးထားပြီး၊ဟုတ်မှန်ကြောင်းလက်မှတ်ရေးထိုးခိုင်းတာလို့ သိရတယ်။

၂ပါးတည်းသာ လက်မှတ်ထိုးပေးခဲ့တယ်လို့ သတင်းထွက်လာတယ်။နအဖအလိုကျ လက်မှတ်ထိုးပေးခဲ့တဲ့၂ပါးကတော့..ဒီပဲ ယင်းမြို့ နယ် သံဃာ့နာယက ဆရာတော် ဦးနန္ဒောနဲ့  ခွန့် တောင်း ကျေးရွာ သံဃာ့နာယကဆရာတော် ဦးနန္ဒောဘာသတို့ 
ဆိုပြီး သတင်းထွက်လာတယ်။

ဟစ်တိုင်။ ။ သံဃာတွေထဲမှာလည်း ပြည်သူ့ ဘက်က၊ အမှန်တရားဘက်က လိုက်ပါကြတဲ့ သံဃာတွေ ရှိသလို ၊ စစ်အာဏာရှင် နအဖအလိုကျ အဂတိလိုက်စားကြတဲ့ သံဃာတွေလည်း ရှိသေးတယ်ဆိုတာသိလာရတယ်ဘုရား။ဦးဇင်းတို့ လို ပြည်သူတွေကို ကူညီကယ်တင်ဆေးကုပေးတဲ့ သံဃာတွေကျတော့ ဘာ့ကြောင့် ဘယ်လို အဖမ်းခံရပြီး ဘာပုဒ်မတွေနဲ့ ထောင်ချခဲ့တာလဲဆိုတာ့ နားမလည်နိုင်လို့ ရှင်းပြပါဦးဘုရား ။

ဦးဇင်းဦးဝိမလ။ ။ အခင်းဖြစ်စဉ်ကို သူ့ ရက်နဲ့ သူပြောပြနေတာဆိုတော့ ဦးဇင်းထောင်ကျတဲ့အကြောင်းက မရောက်နိုင်ဘူးဖြစ် နေ သေးတာပေါ့။လာမယ်ကြာမယ်။တဖြည်းဖြည်းချင်းစိတ်ရှည်ရှည်နဲ့ နားထောင်။ ဦးဇင်းပြောပြရင်းနဲ့ လိုရင်းရောက်လာပါလိမ့်မယ်။
ရွာသစ်ရွာရဲဂိတ်မှာ ဒေါ်စုတို့ ကို အပြီးသတ် ကားနဲ့ တိုက်သတ်ဖို့ အထိ ကြိုတင်စီစဉ်ခဲ့တာကို ချောဆွဲခံရတဲ့ ကားဒရိုင်ဘာ တဦး ကိုယ်တိုင် ဦးဇင်းနဲ့ ထောင်ထဲမှာ တွေ့ လို့  သူပြောပြလို့ သိခဲ့ရတယ်။

ဒေါ်စုကားကို မျက်နှာချင်းဆိုင်တိုက်ခိုင်းတဲ့ကားက ရွှေဘိုနဲ့ ကျောက်မြောင်းပြေးဆွဲနေတဲ့ ခရီးသည်တင် ဒိုင်နာအဝါတစီးနဲ့  ဒီပဲ ယင်းမြို့နယ်၊ညောင်လှကျေးရွာက ယာဉ်မောင်းသူ သိန်းမြင့်(ခ)မြင့်သိန်း မောင်းတဲ့ ရိန်းဂျားကား အပြာတစီးတို့ ဖြစ်တယ်။
ဝင်တိုက်တဲ့အချိန်မှာ ဒေါ်စုတို့ သွားမယ့် ယာဉ်ကြောကားလမ်းကို သံဆူးကြိုးဂိတ်တွေနဲ့ အထပ်ထပ်ပိတ်ထားပြီးမှ လမ်း ဘေး တဘက်တချက်က ရပ်ထားတဲ့ကားတွေက ကားရှေ့ မီးကြီးတွေ ကို ဒေါ်စုတို့ ကားတန်းကို ထွန်းပေးထားချိန် ဝင်တိုက်ခိုင်း ခဲ့ တာဖြစ်တယ်။နအဖ စစ်အာဏာရှင်တွေက ဒေါ်စုတို့ ကို မေ၃၀ ညမှာ ဒီပဲယင်းအရေးအခင်း ဖန်တီးပြီး အစဖျောက်လုပ် ကြံခဲ့ ပေမယ့် ၊ ဒေါ်စုတို့ ကား ဒီပဲယင်းမြေကနေ လွတ်မြောက်သွားခဲ့တယ်။ရေဦးမြို့ မှာဒေါ်စုတို့ အဖမ်းခံရ၊ အခုထိ မလွတ်သေး၊ ဒါ တွေ အားလုံးသိနေကြပြီးပြီ။ မေ၃၀ညနဲ့ မေ၃၁ရက်နေ့  မနက် ဝေလီဝေလင်းအချိန်တွေမှာ နအဖစစ်အာဏာရှင်တွေ ဘယ် လို ကြိုတင်ကြံစည်ကာ အလောင်းတွေကောက်၊အလောင်းတွေ အစဖျောက်ခဲ့သလဲဆိုတာ ဦးဇင်းမြင်တွေ့ ကြားခဲ့ရသမျှတွေ ဆက်ပြောပြချင်တယ်။

ဟစ်တိုင်။ ။ မိန့် ပါဘုရား၊ဇာတ်ရှိန်မြင့်လာပြီဘုရား။သာမန်လူသတ်မှုမှာတောင် မသတ်ခင်ကြိုတင်ကြံစည်၊သတ်ပြီး အလောင်း ဖျောက်တာတောင် ပြစ်မှုထင်ရှားရင် ဥပဒေအပြစ်အရမ်းကြီးတယ်လို့  မှတ်သားဖူးတယ်ဘုရား၊ပြစ်မှုကျူးလွန်တဲ့ယောက်ျား တဦးက တခြားယောက်ျားတဦးကို သတ်တာထက် မိန်းမတဦးကို ကြိုတင်ကြံစည်သတ်ဖြတ်အလောင်းဖျောက်သတ်ရင် လူ သတ်မှုအပြင် မုဒိန်းမှုပါ အပိုဆု အဖြစ်ဆွဲချက်အတင်ခံရတယ်လို့  မှတ်သားဖူးတယ်ဘုရား။အခုဒီပဲယင်းမှာ မိန်းမယောက်ျား အလောင်းတွေကို ဖျောက်ပစ်တယ်ဆိုတော့ နိုင်ငံတော်လူသတ်မှု၊မုဒိန်းမှုတွေအဖြစ် ဦးဇင်း ရှုမြင်မိပါသလားဘုရား။


ဦးဇင်းဦးဝိမလ။ ။ စစ်အာဏာပိုင်တွေက သူတို့ ကြိုတင်ကြံစည်ထားတဲ့ ရာဇဝတ်မှုကြီးဆိုတာ သိနေလို့ လူရမ်းကားတွေ..အပြီး သတ်.ရိုက်နှက်သတ်ဖြတ်ပြီးချိန်လို့  သတ်မှတ်ယူဆလိုက်တဲ့ မေ၃၀ ညသန်းခေါင်လောက်ကစပြီး ၊ သူတို့  အခင်းဖြစ်တဲ့နေရာ ကို ရှင်းလင်းဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့သန့် ရှင်းရေးအဖွဲ့ ကားတွေ၊ မီးသတ်ကားတွေ ရောက်လာပြီး ကားလမ်းပေါ်က သွေးတွေကိုဆေးကြတယ်၊အလောင်းတွေကောက်ကြတဲ့နေရာမှာတောင် အသက်မသေဘဲ မျောနေတဲ့ သူတွေတွေကိုလည်း ကောက်သွားတယ်လို့  အလောင်းကောက်ရာမှာပါဝင်ခဲ့တဲ့ ဒကာတယောက်နဲ့ ဦးဇင်း ထောင်ထဲမှာ တွေ့ ခဲ့တုန်းက သူပြောပြလို့ သိခဲ့ရတယ်။

သူတဦးတည်း ကိုယ်တိုင်ကောက်ပြီး ကားတွေပေါ်တင်ပေးခဲ့ရတဲ့ အလောင်းပေါင်းဟာ (၈၇)လောင်းတိတိရှိတယ်လို့ ဦးဇင်း ကို ပြောပြတယ်။တခြားသူတွေ ကောက်တင်တာ မပါသေးဘူးနော်။အသေအပျောက်ဘယ်လောက်ဆိုတာ ခန့် မှန်းကြည့်နိုင်ပြီ ပေါ့။ အလောင်းတင်တဲ့ ကားကြီးရဲ့ အရောင်က ငွေရောင်၊သားစိမ်းငါးစိမ်းတွေတင်တဲ့ အနောက်ပေါက် တပေါက်တည်းပါတဲ့ ကားကြီး ပုံစံနဲ့ တူတယ်။အလောင်းတွေ အကုန်တင်ပြီးတာနဲ့ အဲဒီကားကြီးဟာ ရွာသစ်ရွာ ရဲစခန်းထဲမောင်းဝင်သွားတယ်။ ဘယ် နေရာမှာ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက်တယ်မသိဘူး.. အလောင်းကောက်သူတွေ၊အလောင်းကားပေါ်တင်ပေးရသူတွေရဲ့ လက် မောင်း ဘယ်ညာနှစ်ဖက်လုံးမှာ အဖြူရောင် လက် ပတ် တွေ ပတ်ထားခိုင်းပြီး ၊ရင်ဘတ်မှာလည်း တံဆိပ်အဝိုင်းတွေကို အမှတ် အသားတွေအဖြစ် တပ်ခိုင်းထားတယ်လို့ …

အဲဒီ ဒကာပြောပြလို့ သိခဲ့ရတယ်။အလောင်းကောက် သန့် ရှင်းရေးလုပ်ကြတာ မေ၃၁ မနက် ၃နာရီလောက်မှာမှ သိမ်းကြ တယ် လို့ သိရတယ်။ ဦးဇင်းကိုယ်တိုင် နောက်နေ့ မနက်လင်းတော့ ပေါက်ပြားတလက်ထမ်းရင်း အခင်းဖြစ်တဲ့ လယ်ကွင်းတွေဘက် သွားကြည့်ခဲ့တယ်။စစ်သားတချို့  မြေကွက်လပ်တခုမှာ အမှိုက်တွေ မီးရှို့ နေတာတွေ့ ခဲ့ရတယ်။

သင်္ကန်းအစုတ်၊ပုဆိုးထမီအစုတ်တွေ၊အမျိုးသားအမျိုးသမီးဝတ်အင်္ကျီအစုတ်တွေ၊ပင်နီအင်္ကျီနဲ့ အန်အယ်လ်ဒီ ရင်ထိုးတံဆိပ် တွေကို ကောက်ယူစုပုံ မီးရှို့ နေတာ တွေ့ ခဲ့ရတယ်။

ဦးဇင်းကြားဖူးသလောက် တဘက်သတ်လုပ်ကြံမှုတွေမှာ အလောင်း၁၀လောင်းကျော်ရင် နိုင်ငံတော်လူသတ်မှုမြောက် တယ် လို့ မှတ်သားခဲ့ရဖူးတယ်။

ဟစ်တိုင်။ ။ဦးဇင်းကို ဘယ်နေ့ မှာ လာဖမ်းတာလဲဘုရား။

ဦးဇင်း ဦးဝိမလ။ ။ ဒီပဲယင်းအရေးအခင်းမှာ ပြည်သူဘက်က ကူညီသူတွေ၊ မသေဘဲကျန်ခဲ့သူတွေ ဇွန်လဆန်းမှာပဲ စတင်အ ဖမ်း ခံကြရတယ်။ဇွန်လ ၂ရက်နေ့ မှာ ပျံကျကျေးရွာက ဦးသန်းထွန်းရဲ့ သား ကိုမောင်ထွန်း အဖမ်းခံရတယ်။အကြောင်းက အရေး အခင်းမှာ ထွက်ပြေးလွတ်မြောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေကို ကူညီမှုနဲ့ တဲ့။သူနဲ့ ဦးဇင်း ဒီပဲယင်းရဲ စခန်း အချုပ် ထဲမှာ ဆုံခဲ့လို့  သူပြောပြလို့ သိခဲ့ရတယ်။လာဖမ်းတဲ့ အာဏာရှင်တွေက သူ့ အဖေ လယ်တဲထဲက ဓါတ်မြေသြဇာ မြေဆီ ၂အိတ် ကို ရေမြောင်းထဲ ကန်ချပြီး လယ်တဲကိုလည်း မီးရှို့ သွားခဲ့တယ်လို့ ကိုမောင်ထွန်း ပြောပြလို့ သိခဲ့ရတယ်။
ဦးဇင်းနဲ့ ဦးဇဝန(၂၀၀၄ခုနှစ် အိန္ဒိယရောက်မြန်မာသံချပ်ခွေတွင် ဂုဏ်ပြုစပ်ဆိုခြင်းခံရတဲ့ ဦးဇင်း) တို့ ကို လာဖမ်းတဲ့ရက်က ဇွန် လ ၆ရက်နေ့ ။ဦးဇင်းကျောင်းကို ဒီပဲယင်းလူသတ်ပွဲ ခေါင်းဆောင် ရွှေဘိုခရိုင် ခယက ဥက္ကဌ ဒု ဗမက သန်းဟန်။မြို့ နယ်ရဲ မှုး သောင်းဝင်း။ကျေးရွာ ရယက သိန်းဇော်။ရဲတပ်ဖွဲ့ ဝင်တွေ ရောက်လာပြီး၊ ခေတ္တမေးမြန်းစရာရှိလို့ လိုက်ခဲ့ပါတဲ့။ဦးဇင်းတို့ ကို ဒီပဲယင်း အချုပ်မှာ ချုပ်ထားတယ်။ပြီးတော့ ဦးဇင်းတို့ နဲ့ အမှုတွဲ =ကျည်ရွာက ကိုကြီးညိုနဲ့ ကိုခင်မောင်လွင်(၂၀၀၄ခုနှစ် အိန္ဒိယ ရောက်မြန်မာသံချပ်ခွေတွင်ဂုဏ်ပြုစပ်ဆိုခြင်းခံခဲ့ရသူ၂ယောက်)။

ပြီးတော့ ဘုရားထွက်ရွာက ကိုတိုက်မင်းနဲ့ ကိုစက်ငွေ တို့  ဖမ်းဆီးခံရတယ်။

ဦးဇင်းတို့ အားလုံးကို (၃၆နာရီ ကျော်) ဆွမ်းထမင်းမကျွေး၊ရေ မတိုက်ဘဲ ချုပ်ထားတယ်။

ဦးဇင်းကို ၂ညတိတိ အိပ်ခွင့်မပေးဘဲ စစ်ကြောရေးလုပ်တယ်။အဲဒီအချုပ်မှာနေစဉ် မိသားစုတွေနဲ့ ဆက်သွယ်ခွင့် မပေးခဲ့ဘူး။
လူတွေကို ညှင်းပန်းနှိပ်စက်တာ ပိုဆိုးတယ်။ ကိုစက်ငွေ ကို ရိုက်နှက်နှိပ်စက်ပြီး ၊ယောက်ျားတန်ဆာကို မီးရှို့ ၊အပ်နဲ့ ထိုး စစ်ဆေးတယ်။ ကိုကြီးညိုကို သံကြိုးနဲ့ ရိုက်နှက်စစ်ဆေးတယ်။

စစ်ဆေးတဲ့ စစ်ခွေးတွေဟာ အရက်မူးရူးသောက်စားပြီး စစ်ဆေးတယ်။ ဦးဇင်း ဒီပဲယင်းအချုပ်မှာရှိစဉ် စစ်ကြောရေး ဝင်ရလွန်းလို့  ဘယ်လောက်ထိ ကြာသွားတယ်။ ရက်စွဲတွေ မမှတ်မိတော့ဘူး။ဒီလိုနဲ့ ရွှေဘိုထောင်ကို မိုးရွာနေတဲ့ ညပိုင်းမှာ ရောက်တာပဲမှတ်မိတော့တယ်။ထောင်ဗူးဝရောက်တော့ဦးဇင်းကိုသင်္ကန်းချွတ်၊ဖိနပ်ချွတ်ခိုင်းတယ်။ ထောင်ဝါဒါတွေက ကျောနဲ့ ရင်ဘတ်ကို လက်သီးနဲ့ ဝိုင်းထိုးကြတယ်။မိန်းဂျေးလ်ရုံးမှာတခါ ဦးဇင်းရဲ့ ခေါင်းကို နံပါတ်တုတ်နဲ့  အရိုက်ခံရတယ်။
ရွှေဘိုထောင်ရောက်ပြီး ၃ရက်မြောက်နေ့ မှာ ထောက်လှမ်းရေးတွေက ထောင်ဗူးဝရုံးခန်းကိုခေါ်ပြီး နံနက် ၈နာရီ ကနေ ညနေ ၃နာရီအထိစစ်တယ်။ဒီပဲယင်းဖြစ်စဉ်တွေ ပြန်မေးတယ်။

ဘယ်သူက စ ရိုက်တာလဲ ။ရွာသားတွေက စ လုပ်တာလား လို့ မေးတယ်။ ဦးဇင်းက …ကြံ့ဖွတ်၊စွမ်းအားရှင်လူရမ်းကားတွေနဲ့ ဘုန်းကြီးအတုတွေက လေးခွနဲ့ အရင်ပစ်ခဲ့တယ် .. ရွာသားတွေမှာ ဘာလက်နက်မှ မပါဘူး၊..လို့ ဖြေလိုက်တယ်။

ထောက်လှမ်းရေးတယောက်က ဦးဇင်းကို မိုက်မိုက်ရိုင်းရိုင်းမေးတယ်..

“ကားမီးရှို့ တာ မင်းဦးစီးပြီး ရှို့ တာ မဟုတ်လား။ ငါတို့ မှာ အထောက်အထားတွေရှိတယ်။ မငြင်းနဲ့ ”
လို့  ဖြဲခြောက်တယ်။ ဦးဇင်းက…”ကျုပ်တို့ က ဦးဇင်းတွေ။ အကျိုးမဲ့တဲ့ အလုပ်ကို အရင်ကလည်းမလုပ်ခဲ့ဘူး။
အခုလည်းမလုပ်ဘူး။ နောင်လည်းလုပ်မှာ မဟုတ်ဘူး” လို့ ပြန်ဖြေလိုက်တယ်။

မင်း ဘာဖြစ်လို့  အသံချဲ့ စက်နဲ့ ရွာထဲ လိုက်အော်တာလဲလို့ မေးတယ်။ ဦးဇင်းက..
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊မြန်မာပြည်ကောင်းစားရေး ကိုယ်ကျိုးစွန့် လုပ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင် ဆန်းစုကြည် ကို ရွာကလူတွေ မြင်ဖူးအောင်ကြည့်ကြဖို့ ဆော်သြခဲ့တာ။လို့ ဖြေလိုက်တယ်။

မင်းရောမြင်ဖူးလို့ လား လို့ ထပ်မေးတယ်။

ကျုပ်လည်း မမြင်ဖူးလို့  ထွက်ကြည့်တာပေါ့ ..လို့ ပြန်ပြောလိုက်တယ်။

ထွက်ကြည့်ချင်ရင် မင်းတယောက်တည်း ထွက်ကြည့်ပေါ့။ အသံချဲ့ စက်နဲ့  --ီး မို့ လို့  အော်ရတာလားလို့ ဦးဇင်း ကို ဆဲတယ်။
လူ ဘယ်နှစ်ယောက်သေလဲ လို့ ထပ်မေးတယ်။

တတိယပိုင်း မကြာမီတင်ဆက်ပါမည်။

(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။




Read More...

Friday, May 29, 2009

မေလ (၃၀) ရက်နေ့  - သွေးစွန်းသော ဒီပဲယင်းအရေးအခင်းနေ (့၆) နှစ်ပြည့် အထူးအစီအစဉ် ။

30th May, 2009
(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။


မြန်မာနိုင်ငံတွင်စစ်အာဏာရှင်များလက်ထပ်တွင်များစွာသောသွေးစွန်းမူများပေါ်ပေါက်ခဲ့ပါသည်။ဥပမာ။မဆလလက်ထပ်တွင်7Julyမမေ့နိုင်ဆိုသောတက္ကသိုလ်ကျောင်းသား အဆောက်အဦးဒိုင်းနမိုက်နဲ့ဖြိုခွဲမူ၊ဦးသန့်အရေးအခင်း၊မှိုင်းရာပြည့်၊ တံတားနီအရေးအခင်း၊၈လေးလုံးအရေးတော်ပုံ၊နအဖလက်ထက်တွင်ဒီပဲရင်းလုပ်ကြံမူ၊စက်တင်ဘာရွေဝါရောင်တော်လှန်ရေးစသည်တို့ပေါ်ပေါက်ခဲ့ပါသည်။ မြန်မာနိုင်ငံသမိုင်းတွင် စစ်လက်နက်အားကိုးဖြင့်တိုင်းပြည်အာဏာကို မတရားရယူ၍ အစိုးရအမည်ခံအုပ်ချုပ်နေ သော နအဖ စစ်အာဏာရှင်တို့ ၏ အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်များစွာထဲမှ ထင်ရှားသောသွေးစွန်းနောက်ထပ် လုပ်ရပ်တခုကို ထုတ်ပြပါဆို လျှင် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ကျည်ရွာအနီးတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူပြည်သားတို့ အား နအဖ စစ်အုပ်စုက ၂၀၀၃ခုနှစ်မေလ ၃၀ရက်သောကြာ နေ့ ည လမိုက်ညတွင် တဘက်သတ် ခြုံခိုတိုက်ခိုက် ရိုက်နှက်သတ်ဖြတ်လုပ်ကြံကြသောသမိုင်းဝင် ကမ္ဘာသိ ဒီပဲယင်းအရေး အခင်းနေ့ ဟု ပြောရပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအဖွဲ့ ချုပ် ဒု-ဥက္ကဌ အဘဦးတင်ဦး၊လူကြီး လူငယ်တချို့  အသက်ဘေးမှ လက်မတင် လေး လွတ်မြောက်ခဲ့သော်လည်း၊ အပြစ်မဲ့ လက်နက်မဲ့ပြည်သူများ သေပွဲဝင်ခဲ့ရသော သွေးစွန်းနေ့  ဒီပဲယင်းနေ့ သည် ယခု နှစ် ၂၀၀၉ မေလ ၃၀ရက် နေ့ ဆိုလျှင်ဘာလိုလိုနှင့် ၆နှစ် ပတ်လည်ပင် ရောက်ရှိခဲ့ပေပြီ။ထိုသို့ တနှစ်တနှစ် တိုးကာ ကြာမြင့် လာသော်ငြားနိုင်ငံတော်လုပ်ကြံမှုဖြစ်သော ထိုအရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့ကြသော မြန်မာ့သမိုင်း စစ်ရာဇဝတ် ကောင် ၊ရဲရာဇဝတ်ကောင်၊ကြံ့ဖွတ် စွမ်းအားရှင် ရာဇဝတ်ကောင်တို့ သည် ယခုအထိ အမှုဖွင့် တရားစွဲဆိုခြင်း မခံရသေးဘဲ၊ လက်နက် မဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာကြသော အပြစ်မဲ့ပြည်သူတို့ နှင့်တကွ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင် ဦး တို့ သည် တရားလိုအဖြစ်မှတရားခံအဖြစ်သို့ ရောက်နေကြရရှာသော ခေတ်ပြောင်းပြန် ခေတ်ပျက်ကြီးထဲက အမှန်တရား ပျောက်ဆုံးနေဆဲ ဒီပဲယင်းနေ့ ၆နှစ်ပတ်လည်ဟုပင် ဆိုလိုက်ချင်တော့သည်။သမိုင်းမှန်လျှင် ဖျောက်ဖျက်မရ။ သမိုင်းကို လူလုပ်သဖြင့် သမိုင်းမှန်ထဲတွင် အမှန်တကယ် ပါဝင်ပတ်သက်ခဲ့သော သက်ရှိထင် ရှား အသိဥာဏ်မချို့ ယွင်းကြသော လူတို့ ၏အသံသည် ကမ္ဘာအနှံ့  ပဲ့တင်ထပ်ကာ ပျံ့ နှံ့ နေမည် အမှန်ပင်တည်း။
စစ်အာဏာရှင်တို့ က ဘယ်လိုပင် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးကွယ် ပလေ့စေ။မဝေးလှသောအနာဂတ်တွင် အမှန်တရား ၏ တရားစီရင်မှုခုံရုံးရှေ့ တွင် မျက်မြင်သက်သေများ၏ ခိုင်လုံသော ထွက်ချက်များကြောင့် သမိုင်းဘီးတပတ်ပြန်လည်လျှက် ပြည်သူတို့ ကို တရားမဲ့စော်ကားခဲ့သော သွေးကြွေးတို့ ကို ပြည်သူ့ ခုံရုံး ကြိုးစင်ထက်တွင် အာဏာရှင်ဆာဒမ်ဟူစိန်ကဲ့ သို့  သန်းရွှေတို့ ငမိုက်သားတသိုက် လှလှကြီး ပြန်ပေးဆပ်ရဦးမည်ကို မြင်ယောင်နေမိတော့သည်။

သွေးစွန်းခဲ့သော ဒီပဲယင်း အရေးအခင်း ကာလအတွင်း မျက်မြင်သက်သေအဖြစ် ပါဝင်ပတ်သက်ခဲ့သူ၊အရေးအခင်းမှာ ပြည်သူဘက်က ကူညီပါဝင်ခဲ့လို့  ထောင်ဒဏ်ကျခံခဲ့ရသူ၊၂၀၀၄ခုနှစ် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ အိပ်ငိုက်ချင်းမှ ချက်ချင်းထလော့ တိုက်ပွဲခေါ်သင်္ကြန်သံချပ်ခွေထဲမှာ ထည့်သွင်းစပ်ဆိုဂုဏ်ပြု ခံခဲ့ရတဲ့ ဦးဇင်းတပါး ။
ယခုအခါ အမေရိကန်နိုင်ငံ၊အာရီဇိုးနားပြည်နယ်၊ဖီးနစ်မြို့ တွင် အခြေချနေထိုင်နေသူ၊ သာမန်လူမဟုတ်သော သံဃာတော် အရှင်သူမြတ် ဦးဇင်း ဦးဝိမလအား မိမိတို့ ဟစ်တိုင် အမေရိက သတင်းထောက်တဦးက လူတွေ့ အင်တာဗျူးလုပ်ကာ တင်ပြ ထားချက်များကို ယခု ဒီပဲယင်း ၆နှစ်ပတ်လည် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အတွက် ဟစ်တိုင်အထူးအစီအစဉ်အဖြစ် အောက်ပါအတိုင်း တင်ဆက်လိုက်ရပါသည်။


ဟစ်တိုင်။ ။ဦးဇင်းဘုရား၊ဦးဇင်းကို ဒီပဲယင်းနေ့ အတွက် အင်တာဗျုးခွင့်ရတာ တပည့်တော်တို့ ဟစ်တိုင် မီဒီယာအဖွဲ့ ကိုယ်စား တပည့်တော်က ဝမ်းမြောက်ကြောင်း ဦးတင်လျှောက်ထားပါတယ်ဘုရား။ဦးဇင်းဘွဲ့ တော်ကစလို့  ဦးဇင်း ကြုံတွေ့ ခဲ့ရတဲ့ ဝမ်း နည်းဖွယ်ရာဒီပဲယင်းအရေးအခင်း ဖြစ်ရပ်မှန်တွေကို အများတကာ သိရှိမှတ်သား အကျိုးများအောင် ဟစ်တိုင်မှတဆင့် ပြည့် ပြည့်စုံစုံလေး မိန့် ကြားပေးတော်မူပါဘုရား။

ဦးဇင်းဦးဝိမလ။ ။ဦးဇင်းဘွဲ့ က ဦးဝိမလ ဖြစ်ပါတယ်။ဦးဇင်းဇာတိက စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ နယ်၊ဒီပဲယင်းနဲ့ လေးမိုင်အကွာ ကျည်ရွာဇာတိပါ။ ဒီပဲယင်းမြို့ နယ်၊စိုင်ပြင် အထကကျောင်းမှာ အလယ်တန်းအထိ လောကီပညာ သင်ခဲ့တယ်။၆တန်းမှာပဲ ကျောင်းကထွက်ပြီး၊ ဇာတိ ကျည်ရွာ၊မြောက်ကျောင်းကြီးမှာ ရှင်သာမဏေကိုရင် စတင်ဝတ်ခဲ့တယ်။အဲဒီနောက် ၁၉၉၄ခုနှစ် မှာ ရဟန်းဘောင်သို့ ဝင်ပြီး ၊မုံရွာမြို့ဓမ္မပါရဂူ ပါဠိတက္ကသိုလ်စာသင်တိုက်၊ရန်ကုန် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင် တိုက် ၊ရန်ကုန် သင်္ဃန်းကျွန်း ရွှေနားပန်ကျောင်းတိုက်တွေမှာ လောကုတ္တရာ စာပေတွေ လေ့လာသင်ယူခဲ့တယ်။၂၀၀၂ ခုနှစ် ထဲမှာ ကျန်းမာရေးချို့ တဲ့နေတဲ့ ဦးဇင်းဇာတိ ကျည်ရွာကျောင်း ဥပဇ္ဈယ်ဆရာတော်ကြီးကို ပြန်လည်ပြုစုဖို့  တပည့်တပါး အနေ နဲ့ အလှည့်ကျလာတာမို့ ၊ရွာကျောင်းမှာ ပြန်လည်သီတင်းသုံးခဲ့တယ်။

ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ ၃၀ရက်မှာ ဦးဇင်းတို့ ကျည်ရွာ ကားလမ်းမပေါ်မှာ နာမည်ကျော် ဒီပဲယင်းအရေးအခင်း ပေါ် ပေါက် လာပုံကို မိန့် ကြားပါဦးဘုရား။

ဦးဇင်းဦးဝိမလ။ ။အဲဒီအရေးအခင်းဖြစ်တော့ ဦးဇင်း ကျည်ရွာမှာ သီတင်းသုံးနေတယ်။ဦးဇင်းကြုံတွေ့ ခဲ့တာတွေ ပြန်ပြောပြ မယ်။ ၂၀၀၃ခု မေလဆန်းကတည်းက ဒကာမကြီးဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည်အနှံ့ စည်းရုံးရေးခရီးလှည့် လည်နေတယ်ဆိုတဲ့သတင်းကို ရေဒီယိုတွေက တဆင့် ဦးဇင်းကြားသိနေခဲ့ရတယ်။ဒေါ်စုတို့ အဖွဲ့ ကို ပြည်သူတွေ သောင်း သောင်းဖျဖျ ကြိုဆိုကြတာတွေ၊နအဖ စစ်တပ် ရဲ မီးသတ် ကြံ့ဖွတ် စွမ်းအားရှင်တွေက ခရီးလမ်းမှာ အမျိုးမျိုးနှောက်ယှက် နေတဲ့ သတင်းဆိုးတွေလည်း ဦးဇင်းကြားနေခဲ့ရတယ်။ဦးဇင်းတို့  ဒီပဲယင်းကို လာမယ်လို့ လည်း သိရတယ်။ ဒီလိုနဲ့ ဒေါ်စုတို့ သတင်းနားစွင့်နေရင်း ရွာသူရွာသားတွေကလည်း ဒေါ်စုတို့ လာရင် သွားကြိုကြမယ်ဆိုတဲ့ အသံတွေကလည်း ရွာထဲမှာကြား နေရတာ အားရှိစရာပေါ့။မေလ၂၆ရက်ရက်နေ့ ရောက်တော့ မကောင်းတဲ့သတင်းတခုကြားရတယ်။ရွာထဲက ဒကာတယောက် က ဦးဇင်းကို လာလျှောက်တယ်။အားလုံးက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ပြည်သူ့ အချစ်တော် လူထု ခေါင်းဆောင်ဒေါ်စုတို့ ကို တွေ့ ချင်လို့ ဝမ်းသာပျော်ရွှင်နေချိန်မှာ၊ ဒေါ်စုတို့ ကို မုန်းနေတဲ့ နအဖလက်ပါးစေ အလိုတော်ရိ ပြည် သူ့ သစ္စာဖောက် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေက ဒီပဲယင်း မြို့တော်ခန်းမ (ဆရာစံခန်းမ)မှာ စခန်းချပြီး လက်နက်ကိုင်သင်တန်း တွေပေးနေတာ တွေ့ ခဲ့ရတယ်ဘုရားလို့  လာလျှောက်တယ်။
နောက်တခု ကြားခဲ့ရတာကိုလည်း ဦးဇင်းကို လျှောက်တယ်။ ကျည်ရွာကားဂိတ်နဲ့  ကိုက်၄၀အကွာလောက်မှာရှိတဲ့တဖက်ရွာ =ဘုရားထွက်ရွာစပ်က ဘောလုံးကွင်းထဲမှာ ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်နဲ့ အဖွဲ့ ၊ရဲတပ်ဖွဲ့ တွေက လမ်းသွားလမ်းလာ ကားတွေကို ရပ်တန့် စစ်ဆေးနေတယ်။ကားပေါ်ပါ ခရီးသွားတွေကို မှတ်ပုံတင်စစ်၊ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူရင်း လာမယ့် မေလ ၃၀ရက်နေ့ မှာ ကျည်ရွာကားဂိတ်သို ဘယ်သူမှ မလာကြဖို့  နဲ့ လာတဲ့သူကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက် ပြောဆိုနေကြောင်းတွေကို ဦးဇင်းကို ပြောပြတယ်။

ဦးဇင်းလည်း ဒကာပြောတာ ဟုတ်မဟုတ် နောက်နေ့ မေလ၂၇ နဲ့ ၂၈ ရက်နေ့ တွေမှာ ကိုယ်တိုင်သွားကြည့်ခဲ့တယ်။ မေလ ၂၇ရက်မှာ ဆရာစံခန်းမမှာ လက်နက်ကိုင်သင်တန်းတက်နေသူတွေ သိပ်မစုံသေးပေမယ့်၊ မေလ ၁၈ရက်ရောက်တော့ လူ တော်တော်စုံနေတာတွေ့ ခဲ့ရတယ်။သင်တန်းသားတွေလက်ထဲမှာ လုံထိန်းတွေကိုင်တဲ့ နံပါတ်တုတ်တွေ ကိုယ်စီရှိနေတာတွေ့ ခဲ့ရတယ်။နောက်ထပ်ရောက်လာတဲ့သူတွေအတွက် နံပါတ်တုတ် ဝေပေးဖို့ မလောက်တော့လို့ ၊ဝါးရင်းတုတ်တွေ ဆက်ဝေ ပေးနေတာတွေ့ ခဲ့ရတယ်။သင်တန်းနားချိန်မှာ မူးရူးသောက်စားကြပြီး ရွာထဲသို့ လျှောက်လည်တာ တွေ့ ခဲ့ရတယ်။တချို့ က ဆရာစံခန်းမထဲမှာပဲ လေးခွ အပစ်လေ့ကျင့်နေကြတာ တွေ့ ခဲ့ရတယ်။(ဒေါ်စုကြည်-အမျိုးဖျက်မ အလိုမရှိ။)..စသဖြင့် တိုင်ပေး သူက တိုင်ပေး၊အော်သူတွေက အော်နေကြတယ်။ဦးစီးခေါင်းဆောင်နေသူက ဒီပဲယင်းမြို့ ကြံဖွတ်အတွင်းရေးမှုး ဝင်းသိန်း ဆို တာ သိခဲ့ရတယ်။ မြို့ ရွာ နယ်စုံကလူတွေကို စားစရိတ်ငြိမ်း တနေ့ (၅၀၀) ကျပ်နဲ့ ခေါ်ယူစုဆောင်းကာ သင်တန်းပေးနေတာ လို့  သိခဲ့ရတယ်။အလားတူ ဒေါ်စုတို့ လာရင်နှောက်ယှက်ဖို့  ဦးဇင်းတို့ နဲ့ သိပ်မဝေးလှတဲ့ ရေဦးမြို့  မြို့ တော်ခန်းမမှာ၊ရေဦးမြို့ အထက(၁)ကျောင်းထဲမှာလည်း စွမ်းအားရှင်သင်တန်းဆိုပြီး လက်နက်ကိုင် သင်တန်းတွေ ပေးနေကြတာ တွေ့ ခဲ့ ရတယ်လို့  သွားကြည့်ခဲ့တဲ့ ဦးဇင်းတပါးက ပြောပြလို့ လည်း သိနေခဲ့ရတယ်။ဒါဆို သူတို့ တွေ လူစုနေကြတာဟာ ခရီးစဉ်သတင်းတွေမှာကြားနေရသလို ဒေါ်စုတို့ အဖွဲ့ ကို နှောက်ယှက်ဖို့ ဆိုတာ သေချာ ပြီဆိုတာ ဦးဇင်းအကဲခတ်မိခဲ့တယ်။
မေ၃၀ရက်နေ့ နေ့ လည် ၁နာရီမှာ ဒေါ်စုတို့ အဖွဲ့  ဦးဇင်းတို့ ကျည်ရွာကားဂိတ်ရှေ့  ကားလမ်းတဆင့် ခရီးဆက်သွားမယ် ဆို တဲ့သတင်းကို မနက်ပိုင်းကတည်းက စိုင်ပြင်ရွာက ဒကာနှစ်ယောက် က ရွာထဲ လာပြောသွားလို့  ရွာသူရွာသားတွေ နံ နက်၁၀ နာရီကတည်းက ကျည်ရွာ ကားဂိတ်မှာ စုဝေးပြီး ထွက်ကြိုနေခဲ့ကြတယ်။ ရွာသားတွေ ထွက်ကြိုကြတဲ့သတင်းကို နအဖ လက် ကိုင်တုတ် ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်၊ လဝက ဦးမောင်ရှိန် ၊ကြံ့ဖွတ်တွေ၊ရဲတပ်ဖွဲ့ ဝင်တွေ သိသိချင်း ချက်ချင်းလိုက်လံ တားမြစ်ခြိမ်းခြောက်ခဲ့ကြတယ်။ကျည်ရွာကားဂိတ်မှာ ဒေါ်စုကို ထွက်ကြိုတဲ့သူတွေကို စစ်အာဏာရှင် ဘက်တော်သားတွေက ဝါးလုံးတွေတန်းပြီး ထွက်မကြိုကြဖို့ ၊ပြန်ကြဖို့ ၊မပြန်တဲ့သူတွေကို အကုန်ဖမ်းပစ်မယ် စသဖြင့် ကြိမ်းမောင်းပြောဆိုရင်း ဓါတ်ပုံ ရိုက်၊စာရင်းမှတ်လုပ်နေကြတယ်လို့  အဲဒီကားဂိတ်က ပြန်လာတဲ့ ဒကာနှစ်ယောက်က ဦးဇင်းကျောင်းမှာ နေ့ ဆွမ်းဘုန်းပေး နေတုန်း လာလျှောက်ကြတယ်။

ရွာသူရွာသားတွေက ကြောက်ရွံ့ နေကြတယ်လို့  လည်း လျှောက်ကြတယ်။ဒါနဲ့ ဦးဇင်းလည်း ကိစ္စမရှိဘူး၊ဆွမ်းစားပြီးတာနဲ့ ရွာ ထဲ လှည့်ပြီး အသံချဲ့ စက်နဲ့  အားလုံးထွက်ကြိုကြဖို့ ဆော်သြလိုက်မယ်လို့ ပြန်ပြောလိုက်တယ်။ဆွမ်းစားပြီးတာနဲ့ ကျောင်း ထိုင်ဆရာတော်ကြီးကို ရွာကအဖြစ်အပျက်တွေကို ဦးဇင်းမြင်ခဲ့ကြားခဲ့ရတဲ့အတိုင်း တင်ပြလျှောက်ထားရင်း အသံချဲ့စက်သော့ ယူရင်း ရွာထဲဆော်သြဖို့  ခွင့်ပြုဖို့ ဆရာတော်ကိုလျှောက်ထားတော့ ဆရာတော်က ..အေး၊ဒို့  မြန်မာလူမျိုးတွေ အချင်းချင်း
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြစ်သင့်တာတွေ မဖြစ်ဖို ၊့ ဒို့  တတ်နိုင်တဲ့ ဘက်က ကာကွယ်ရမယ်..လို့ ရွာထဲဆော်သြဖို့  ခွင့်ပြုရင်း မိန့် တာနဲ ၊့ ဦးဇင်းလည်း အသံချဲ့ စက်ဆရာ ကိုသိုက်ထွန်းဝင်းနဲ့ အတူအသံချဲ့ စက်ကို နွားလှည်းပေါ်တင်ရင်း ၊ရွာထဲလှည့်ကာ ဒေါ်အောင်ဆန်းစုကြည်ကို မကြောက်မရွံ့ ထွက်ကြိုကြဖို့ ၊ဦးဇင်းးကိုယ်တိုင် အသံချဲ့ စက်နဲ့ လိုက်လံဆော်သြခဲ့တယ်။

ဟစ်တိုင်။ ။ ထွက်ကြိုကြတဲ့ရွာသားစုစုပေါင်းဘယ်လောက်လို့ ခန့် မှန်းပါသလဲဘုရား။ရှေ့  ဘာဆက်ဖြစ်သေးလဲ ဘုရား။မိန့် တော်မူပါဦးဘုရား။

ဦးဇင်းဦးဝိမလ။ ။ဦးဇင်းလိုက်လံဆော်သြလို့  နံနက်၁၀နာရီကစပြီး ကျည်ရွာကားဂိတ်မှာ ထွက်ကြိုသူပေါင်းဟာ ကျည်ရွာအပါ အဝင် ရွာနီးဝန်းကျင်ကျေးရွာတွေက ကြိုဆိုသူပေါင်းဟာ ၄ထောင်ကျော် ၅ထောင်နီးပါး ရှိမယ် ခန့် မှန်းရတယ်။ကျည်ရွာမှာ အိမ်ခြေပေါင်း ၁ထောင်ခန့် ရှိတယ်။

တအိမ် မိသားစု၃ယောက်နှုန်း ထွက်ကြိုကြရင်ပဲ ကျည်ရွာမှာ ကြိုသူ ၃ထောင်ကျော်တယ်။
ဘုရားထွက်ရွာမှာ အိမ်ခြေ ၂၀၀ကျော်ရှိတယ်။မန်ကြီးအုပ်ရွာမှာ အိမ်ခြေ ၅၀ခန့့် ရှိတယ်။အခြားအနီးဝန်းကျင်က လာကြိုကြသူ တွေနဲ့ပါ ပေါင်းလိုက်ရင် ၄၀၀၀ကျော် လောက်ရှိမယ် ခန့် မှန်းရတယ်။ ဒေါ်စုကို ကြိုဆိုထောက်ခံသူတွေနဲ့ ဆန့် ကျင်ဘက် ၊နအဖစစ်အုပ်စုက ငွေပေးစည်းရုံးလက်နက်သင်တန်းပေး ခေါ်ဆောင်ထားတဲ့ ဒေါ်စုအဖွဲ့ ကို ဆန့် ကျင်ကန့် ကွက် နှောက် ယှက် မယ့် ကြံ့ဖွတ်၊စွမ်းအားရှင်တွေကလည်း ကျည်ရွာအရှေ့ တမိုင်ခန့် ဝေးတဲ့ ရွာသစ်ရွာ ရဲစခန်းမှာ စုရုံးနေကြတာ လူဦးရေ လေးထောင်ကျော်ခန့် ရှိတယ်လို့ ကြားသိခဲ့ရတယ်။ရွာသစ်ရွာတောင်ဘက် (အများအခေါ်=ပတွင်းတံတား)ကနေ စပြီး လမ်း ဘေးဝဲယာ တဘက်တချက်မှာ ဒေါ်စုကိုတိုက်ခိုက်မယ့် အဖွဲ့ တွေကို သူ့ အဖွဲ့ နဲ့ သူ ရဲတပ်သားတွေက ကြီးကြပ်နေရာ ချပေး နေခဲ့တယ်။ အစဉ်လိုက်ပြောရရင် ရှေ့ တန်းမှာ ဝက်လက်အဖွဲ့ ၊ဒုတိယတန်း မှာ ရွှေဘိုအဖွဲ့ ၊တတိယတန်းမှာ ခင်ဦးအဖွဲ့ ၊စတု တ္ထ တန်းမှာ ရေဦးအဖွဲ့ ၊ပဉ္စမတန်းမှာ ခယက ဥက္ကဌ သန်းဟန်တို့ အဖွဲ့ ။

ဒီလိုနဲ့ ကြိုဆိုသူနဲ့ နှောက်ယှက်သူဦးရေဟာ ဆတူ သဘောမျိုးရှိနေတာ တွေ့ ခဲ့ရတယ်။ကြိုဆိုသူတွေက မနက်ခင်းက တည်း က ကားဂိတ်ကားလမ်း တဖက်တချက်မှာ တနေကုန် စောင့်လာခဲ့ကြတာ ၊ညနေပိုင်းရောက်လာတဲ့အထိပေါ့၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့  ကျည်ရွာထိပ်ကို မေ၃၀ရက် ည ၇နာရီ၁၅မိနစ်လောက်မှ ရောက်လာကြတယ်။ ဒေါ်စုတို့ ကား ဆက်လက်မောင်းနှင်လာရင်း ကျည်ရွာကားဂိတ်မရောက်ခင် ကျည်ရွာအလွန် ကြည်ရွာတံတားဦးကျောင်းမှ ဦးဇင်း ဦးကောဏ္ဌည၊ဦးဇင်းဦးတေဇဓမ္မတို့ က ဒေါ်စုတို့ ကားကို တားကာ …ရွာသူရွာသားတွေက မနက်ကတည်းက ထွက်ကြိုနေကြ တာမို့ ရွာလူထု က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခေတ္တမိတ်ဆက်စကား ဟောပြောပေးဖို့ တောင်းပန်စကားပြောခိုင်းလို့  ဦးဇင်းတို့ အနေနဲ့ လာရောက်မေတ္တာရပ်ခံတာပါ…လို့ ဦးဇင်းတွေကပြောတဲ့အခါ ဒေါ်စုကားပေါ် လုံခြုံရေးလိုက်ပါလာတဲ့  လူ ငယ်တွေက ညမိုးချုပ်နေပြီး ရှေ့ ဆက်ရမယ့်ခရီးစဉ်တွေလည်း ရှိနေသေးတာမို့  ဟောပြောဖို့ အချိန်မရတော့တာကို နား လည်ပေးဖို့ တောင်းပန်လျှောက်ထားကြတယ်လို့ သိရတယ်။

ဟစ်တိုင်။ ။ဦးဇင်းဘုရား။အဲဒီ လမိုက်ည သောကြာနေ့ ညမှာ လက်နက်မဲ့တဲ့ ဒေါ်စုနဲ့ ထောက်ခံသူ လူထူကို လက်နက်ကိုင် တွေက အကြမ်းဖက်တိုက်ခိုက်ကြတာ မြင်တွေ့ ခဲ့ရသလောက် မိန့့် ပါဦးဘုရား။

ဦးဇင်းဦးဝိမလ။ ။ရွာလူထုရဲ့ တောင်းပန်ချက်အရ ဦးဇင်း၂ပါးက ဒေါ်စုတို့ ကားကို တားရင်း စကားပြောဆိုကြတော့ နောက်က ကားတန်းကြီးလည်း ခေတ္တရပ်တန့် သွားတာပေါ့။ဒါကိုလည်းတွေ့ ရော စောင့်စားနေတဲ့ရွာလူထုကြီးကလည်း ဒေါ်စုတို့ ကို သောင်းသောင်းဖျဖျ ကြိုဆိုကြမယ် ဆိုတဲ့ ဝမ်းမြောက်စိတ်တွေနဲ့ ကားတန်းတွေနား စုပြုံတိုးဝှေ့ ရောက် လာကြတာပေါ့။ အလား တူ ဒေါ်စုကို နှောက်ယှက်တိုက်ခိုက်ဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့ နအဖရဲ့ လက်မရွံ့  အာဏာပါးကွက်သားတွေ ကလည်း မူးရူးအော်ဟစ်ရင်း လူအုပ်ကြီးထဲကို လေးခွများနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ကြတယ်။ထို့ အတူ ဒေါ်စုတို့ ကားတန်း နောက်ကို နှောက်ယှက်ဖို့ မုံရွာမြို့ အထွက်ကတည်းက လိုက်ပါလာတဲ့ မှန်လုံကားတွေ၊ဒိုင်နာကားတွေ၊ဟီးနိုးကားကြီးတွေ ပေါ်က ကြံ့ဖွတ် စွမ်းအားရှင်တွေ၊လူရမ်းကားတွေဟာ မူးရူးအော်ဟစ်ရင်း လမ်းဘေးမှာ ထွက်ကြိုနေကြတဲ့ လူအုပ်ထဲကို လေးခွတွေနဲ့ စတင်ပစ်ခတ်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်အောင် စတင်လုပ်ကြပါတော့တယ်။

ရွာလူထုဟာ ရုတ်တရက် မထင်မှတ်ဘဲ ညအချိန်မှာ အဲသလို စတင်အတိုက်ခိုက်ခံရတော့ ထွက်ပြေးသူက ထွက်ပြေး၊ လဲကြ ကွဲကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။

တဆက်တည်း ကျည်ရွာကားဂိတ်မှာ ဒေါ်စုအဖွဲ့ ကို နွားလှည်းပေါ်ကထိုင်ရင်း ထွက်ကြိုနေတဲ့ ဦးဇင်းတို့ ကျည်ရွာဆရာတော် ကြီး ကိုပါ မကျန် လူရမ်းကားတွေက လေးခွနဲ့ ပစ်ပါတယ်။”ဒီဘုန်းကြီးက ကြီးမှ နိုင်ငံရေးလုပ်တာ”ဟု ပြောရင်း လေးခွနဲ့ အ ပစ်ခံရသလို့  ဆရာတော်ကြီးမှာ လက်ဖနောင့်မှာတချက်၊ဆီးခုံမှာတချက် ထိမှန်သွားပြီး လှည်းပေါ်မှာ လဲကျသွားခဲ့တယ်။

ဟစ်တိုင်။ ။စစ်အာဏာရှင် ဒေါက်တိုင်တွေက သူတို့ ကို မထောက်ခံရင် ပြည်သူလူထုကို သာမက သာသနာ့ခေါင်းဆောင် ဘုရားသားတော် ရဟန်းသံဃာတွေကိုပါ ကိုယ်ထိလက်ရောက် စော်ကားရဲကြ၊စော်ကားရက်ကြတာ ..ကံကြီးထိုက်ပြီး.. အဝီစိ ငရဲလားမှာ…အရှင်လတ်လတ်မြေမျိုကြမှာတောင် မကြောက်ကြတော့ပါလား ဘုရား။ရှေ့ ဆက် ဘာဖြစ်သေးလဲ မိန့် ပါဦး ဘုရား။

ဦးဇင်းဦးဝိမလ။ ။စစ်အာဏာရူးတွေရဲ့ ခိုင်းဖက် စစ်ဘီလူးတွေဟာ သူတို့ ကို ဆန့် ကျင်ရင် ရဟန်းရော၊ကိုရင်ရော၊ ဘာသာ ပေါင်းစုံက ပြည်သူတွေကိုရော အကုန်လုံးကို မိုက်ရိုင်းစော်ကားကြတာပဲ။ဆရာတော်ကြီးသာမက လှည်းပေါ်မှာပါလာတဲ့ ကိုရင်လေးနှစ်ပါးကိုလည်းလေးခွထိမှန်ခဲ့တယ် ဒကာရေ။ဦးဇင်းတသက်မှာ မျက်စေ့ရှေ့ မှာ သံဃာတွေကို ပြည်သူတွေကို လက်ရဲဇက်ရဲ ငရဲမကြောက် စော်ကားရဲကြတာ ဒီစစ်အာဏာရှင်တွေပါလားလို့ ကိုယ်တွေ့ သိခဲ့ရတယ်။ကိုရင်လေးတပါးက နောက်စေ့ကို ထိမှန်ခဲ့တယ်။နောက်တပါးက ဦးခေါင်းထိပ်မှာ ထိမှန်ခဲ့တယ်။လှည်းပေါ်မှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ဆရာ တော်နဲ့ ကိုရင်နှစ်ပါးကို သွားကယ်တဲ့ ဦးဇင်းတို့ ကျည်ရွာသား ဒကာဦးဌေးအောင်ဟာ ကိုရင်တွေကို ပွေ့ ထုတ်နေစဉ် ဦးဌေး အောင်ရဲ့ အနောက်ကနေ ဝါးရင်းတုတ်ကိုင်ထားတဲ့ နအဖလက်ပါးစေ ပြည်သူ့ သစ္စာဖောက် အသားထဲကလောက် ထွက်တဲ့ လူရမ်းကားတဦးက ခေါင်းကို ရိုက်နှက်လိုက်လို့ ဦးဌေးအောင် ခေါင်းကွဲသွားခဲ့တယ်။ဦးဇင်းတို့ လည်း ဆရာတော်၊ကိုရင်တွေ ကို ဆိုင်ကယ်တွေနဲ့ သွားရောက်ကယ် ထုတ်ခဲ့ရတယ်။အဲဒီနောက် ဦးဇင်းကိုယ်တိုင် လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်နေတဲ့ မြင် ကွင်းများကိုကုက္ကိုပင်များကို အကာအကွယ်ယူလိုက်၊လယ်ကွင်းတွေထဲ ဖြတ်ပြေးလိုက်နဲ့ ကျည်ရွာ မြောက်ဘက်တံတား က နေ တောင်ဘက်တံတားဆုံးအထိရောက်အောင် ပုန်းလျှိုးကွယ်ရှိုး နဲ့ လိုက်လံကြည့်ရှုခဲ့တယ်။အရိုက်ခံရသူတွေဟာ လူမဆန် စွာ တိရစ္ဆာန်တွေကို ရိုက်နှက်သတ်ဖြတ်နေသလို ခံနေကြရတာ တွေ့ ခဲ့ရတယ်။အရိုက်ခံရသူတွေ ဆီက ဆွဲကြိုး၊နာရီ၊လက်စွပ်၊ လက်ကောက်၊နားကတ်၊ရွှေငွေပစ္စည်းတွေကို လုယက်ဖြုတ်ယူနေကြတာ တွေ့ ခဲ့ရတယ်။အခင်းဖြစ်နေချိန်မှာ ဒကာမလေး တယောက်ကို ရိုက်နှက်သူတွေက “ နင် ဝင်းမြမြလား၊ဝင်းမြမြဆိုတာ နင်လား”လို့ မေးရင်း ဦးခေါင်းကို ဝါးရင်းတုတ် နဲ့ရိုက် နေတာတွေ့ ရတယ်။ကောင်မလေးက ဘာမှပြန်မပြောတော့ ကတ္တရာလမ်းနဲ့ခေါင်းနဲ့ မေးလို့ မရမချင်းဆောင့်နေတာတွေ့ ခဲ့ရတယ်။အဲဒီကောင်မလေး လှုပ်ရှားမှုမရှိတော့လို့  သေဖို့ များမယ်လို့ ဦးဇင်းထင်တယ်။အဲဒီနေရာမှာ ဒဏ်ရာတွေနဲ့ လူပေါင်း များစွာ သေကြတာ တွေ့ ရတယ်။

ရိုက်နှက်သူတွေထဲမှာ လူဝတ်ကြောင် လူရမ်းကားများသာမက သင်္ကန်းပတ်စည်းထားတဲ့ ဘုန်းကြီးအတုတွေပါ ဝင်ရောက်ရိုက် နှက်နေတာကိုဦးဇင်း အံ့အားသင့်စွာ တွေ့ ခဲ့ရတယ်။

ဟစ်တိုင်။ ။သံဃာအတုတွေလို့ ဘယ်လို သိရပါသလဲဘုရား။

ဦးဇင်းဦးဝိမလ။ ။ရိုက်နှက်သူတွေထဲမှာ ဘုန်းကြီးအတုတွေလို့  ဘယ်လိုသိရသလဲဆိုတော့ ထိုသူတွေဟာ ပြည်သူတွေကို ရိုက် နှက်ရင်းနဲ့ သူတို့ ပတ်စည်းထားတဲ့ ခါးဝတ်သင်းပိုင်သင်္ကန်းတွေ ကျွတ်ကျသွားတဲ့အခါ စစ်ဘောင်းဘီတိုများ၊ အရပ်ဝတ် ဘောင်းဘီတို (short pant) များ ဝတ်ထားကြတာကို ဦးဇင်းမြင်လို့ မို့  ဘုန်းကြီးအတုတွေလို့ ပြောလို့ ရတာပါ။

ဟစ်တိုင်။ ။ရဟန်း၊ကိုရင် အစစ်တွေဟာ အဲသလို အောက်ခံဘောင်းဘီတိုတွေ ဝတ်လေ့ဝတ်ထ မရှိဘူး မဟုတ်လား ဘုရား။

ဦးဇင်းဦးဝိမလ။ ။မရှိပါဘူး။ဦးဇင်းမြင်ခဲ့ရတဲ့ ဘုန်းကြီးအတုတွေဟာ သင်းပိုင်သင်္ကန်းများ ကျွတ်ကျပြီးပြန်ဝတ်ကြတဲ့ အခါ ဦးဇင်းတို့ သံဃာအစစ်တွေ သင်းပိုင်ပြန်ဝတ်သလို ပြန်မဝတ်ကြတော့ဘဲ လူတွေ ပုဆိုးဝတ်သလို သင်္ကန်းတွေကိုပြန်ဝတ်ပြီး လိုက်လံရိုက်နှက်ကြတာ တွေ့ ခဲ့ရတယ်။တချို့ ဆိုရင် သင်းပိုင်ကိုတောင် ပုဆိုးဝတ်သလို ပြန်မဝတ်တော့ဘဲ သင်္ကန်းအား လုံး ကို ချွတ်ချပြီး ဘောင်းဘီတိုများဝတ်လျှက်နဲ့ ပဲ လိုက်လံရိုက်နှက်ကြပြန်တယ်။

ဟစ်တိုင်။ ။သံဃာကိုရိုက်နှက်တာက တပြစ်၊သံဃာယောင်ဆောင်တာက တပြစ်၊လူသတ် ဓါးပြတိုက်ကြတာက တပြစ်၊အဝီစိ ငရဲလားမယ့် အပြစ်ပေါင်းစုံကို ကန်ထရိုက်ဆွဲပြီး အာဏာရှင်တွေအလိုကျ ကြိုးဆွဲရာ ကကြ ရရှာတဲ့  ထမင်းစားတဲ့ စက်ရုပ် ဘဝရောက်နေကြရသူတွေဟာ တပည့်တော်တို့ ကြားခဲ့ရသလောက် ၊ထောင်ထွက်တွေ စစ်တပ် ရဲ လုံထိန်းထဲက ကတုံးတုံး ရဟန်းအသွင်ပြောင်း မိုက်ကန်းကြရတဲ့ ငမိုက်သားတွေလို့  ကြားသိခဲ့ရတာ ဖြစ်နိုင်တယ်ဘုရား။အင်း..ရက်စက်မှုအပေါင်း သရဖူဆောင်းကြတဲ့ ဒီပဲယင်းလူသတ်ပွဲ ကြီးအကြောင်း ဆက်မိန့် ပါဦး ဘုရား။

ဦးဇင်းဦးဝိမလ။ ။ဦးဇင်းသွားကြည့်တာ ကျည်ရွာ မြောက်ဘက်တံတားအစွန်းကနေ ဟိုးဘက် တောင်ဘက် တံတားအစွန်း အထိရောက်သွားပြီး၊ အဲဒီ တောင်ဘက်ကနေ လိုက်ကြည့်ပြီး မြောက်ဘက်ကို ပြန်လာချိန်မှာ ညအမှောင်မှာ ဦးဇင်း မြင်ခဲ့ ရသရွေ့  လူပေါင်း(၉၀)ကျော်လောက် သွေးသံတရဲရဲနဲ့ တုံးလုံးပက်လက် လဲနေကြတာ တွေ့ ခဲ့ရတယ်။ရုပ်ပျက်ဆင်းပျက်နဲ့ မအော်နိုင်တဲ့သူတွေကများတယ်။ဦိးခေါင်းနဲ့ မျက်နှာတွေကို အဓိကရိုက်ခံထားကြရလို့ ဒကာဒကာမတွေကို ဘယ်သူဘယ်ဝါ ခန့် မှန်းရ ခက်လောက်အောင်ကို ရုပ်လုံးမပီသူတွေ အဖြစ် စိတ်မကောင်းစွာ တွေ့ ခဲ့ရတယ်။ဒကာမလေးနှစ်ယောက် ဆိုရင် ထပ်လျှက် မေ့လဲနေတာ တွေ့ ခဲ့ရတယ်။အပေါ်ပိုင်းအဝတ်အစားတွေ မရှိကြတော့ဘူး။သူတို့ လုံချည်နဲ့ ပေါင်တွေမှာ သွေးစီး တွေနဲ့  ကပ်နေတာကို တွေ့ ခဲ့ရတယ်။အဲဒီအထဲက အသေအပျောက်(၆၀)ကျော်လောက် ရှိမယ်လို့  ခန့် မှန်းရတယ်။
ဦးဇင်း တောင်မြောက်တံတားနှစ်စင်းကနေ ရွာဘက်ကို ပြန်လှည့်လာတော့ တံတားနဲ့ ရွာကြားက သောက်သုံးရေကန်ဘေးမှာ လဲကျနေတဲ့ဆိုင်ကယ်တွေ၊လူတွေကို တွေ့ ခဲ့ရတယ်။သေနေသူအတော်များမယ်လို့ ယူဆတယ်။ရွာကို ဆက်လျှောက်လာရင်း ကျည်ရွာကားဂိတ်နဲ့ ကိုက်၂၀လောက် အတိုင်းအတာရှိမယ့် ရေကူးမြောင်းလေးမှာ ကားတစီးမှောက်နေတာတွေ့ ရတယ်။ ကားခေါင်းထဲမှာ ဒကာတယောက် ဇက်ကျိုးပြီး မျက်လုံးတဖက်ထွက်ကျပြီး သေနေတာ တွေ့ ရတယ်။အဲဒီကား အနောက်ဖက် ပိုင်း ကားဝမ်းဗိုက် ကြမ်းပြင် သံမြောင်းလေးတွေကြားထဲမှာ လူ့ သွေးတွေ လက်တဆစ်လောက် ပြစ်ခဲနေတာတွေ့ ခဲ့ရ တယ်။ အနီးအနား လယ်ကွင်းဘက်တွေထဲကနေလည်း ကယ်ပါ၊ယူပါ တစာစာနဲ့ အော်ဟစ်ညည်းတွားနေတဲ့ အသံတွေလည်း ကြား ခဲ့ရတယ်။

ဦးဇင်း ဆက်လျှောက်လာရင်းနဲ့  ရွာနားရောက်တော့ လမ်းတနေရာမှာ ကျည်ရွာက အသက်၂၀ကျော် ဒကာလေးသက်နိုင် က “ကယ်ပါ၊ကယ်ပါ “လို့ အော်နေလို့ ၊ဦးဇင်းက ရွာသားတချို့ ကို လူနာနားမှာ အစောင့်ထားပြီး ၊ကျန်သူတွေကို ရွာပြန်ကာ လှည်းသွားယူခိုင်းလိုက်တယ်။ ဦးဇင်းက လမ်းဆက်လျှောက်လာရင်းနဲ့ ၊ လှည်းနဲ့ အတူ လှည်းယူခိုင်းလိုက်တဲ့ ဒကာတွေကို ရွာဦးဘုရားနားမှာ မျက်နှာချင်းဆိုင်ပြန်တွေ့ ကြလို ၊့ဦးဇင်းက လူနာကို ရွာကို အမြန်သယ်လာဖို့  ထပ်မှာလိုက်တယ်။
ဦးဇင်းရွာကျောင်းကို ရောက်တယ်ဆိုရင်ပဲ လေးခွဒဏ်ရာရထားတဲ့ ဆရာတော်က ဦးဇင်းပြန်မလာလို့ စိတ်ပူနေတာလို့ ဆို တယ်။ဦးဇင်းက အခု ဘာမှမဖြစ်ဘဲ ပြန်ရောက်လာပြီဘုရားလို့  ဦးချ လျှောက်ထားလိုက်တယ်။ ဒကာလေး မောင်သက်နိုင် ကတော့ လမ်းမှာ ဒဏ်ရာတွေနဲ့ ညည်းညူနေလို့ ရွာကလှည်းနဲ့ သွားသယ်နေကြပြီဘုရားလို့ လျှောက်ထားနေရင်း၊ ကြံ့ဖွတ် ဒကာတယောက်ကို ရွာသားတွေက ဖမ်းဆီးလာပြီး၊ ဦးဇင်း ထံကို လာအပ်ကြတယ်။ကျောင်းထိုင်ဘုန်းကြီးက စစ်မေးခိုင်းလို့ ဦးဇင်းက အဲဒီ ဒကာကို မေးမြန်းတော့သူက ရေဦးမြို့ နယ်၊ရေဦးကုန်းရွာကတဲ့။သူကအရက်မူးနေလို့ သည်းခံခွင့် လွှတ်ပါ ဘု ရားလို့  တောင်းပန်ရင်း သူတို့ ကြံ့ဖွတ်အဖွဲ့ တွေကို စရိတ်ငြိမ်း ၅၀၀ကျပ်ပေးပြီး အရက်တိုက်တယ်။အရက်တွေပါတဲ့ ကား တွေ နဲ့ ဟိုခေါ်ဒီခေါ် ခေါ်သွားပြီး ဒေါ်စုကြည်နဲ့ အဖွဲ့ ကို ရိုက်နှက်ခိုင်းတယ်။တပည့်တော်လည်း မူးမူးနဲ့  ဒေါ်စုကြည်တို့ ကားတန်း ကို ရိုက်နေတုန်း ၊လူသုံးယောက်က ဖမ်းချုပ်ပြီး ၊ ကြိုးတုတ်ကြီးတွေနဲ့ တုတ်ထားပြီး ဘုရားဝင်းထဲမှာ ထားထားတယ် ဘုရား၊ ဦးဇင်း၂ပါးက တွေ့ တော့ ဒီကောင် ဘယ်ကကောင်လဲလို့ ပြောနေချိန် ၊သူ့ ဒကာနှစ်ယောက်ရောက်လာပြီး၊ဒီကောင့်ကို ဦးဝိ မလဆီ ပို့ မယ်ဆိုပြီး ဒီကျောင်းကိုခေါ်လာတာပါ ဘုရားလို့ လျှောက်တယ်။

အဲဒီလို စစ်မေးနေရင်း လူနာမောင်သက်နိုင်ကို တင်လာတဲ့လှည်း ကျောင်းထဲဝင်လာတယ်။

ဒါနဲ့စစ်မေးတာ ခဏရပ်ရင်း..ဒီကြံ့ဖွတ်ဒကာကို..ကျောင်းအောက်မှာ အစောင့်တွေနဲ့ ခဏထားပြီး၊စစ်တာမပြီးသေးဘူး၊သူ့ ကို ဘာမှ မလုပ်ကြနဲ့ လို့ မှာရင်း ၊ဒဏ်ရာတွေနဲ့ မောင်သက်နိုင်ကို အရက်ပျံတွေနဲ့ ဆေးကြောပြုစုပေးရတယ်။သူ့ ဒဏ်ရာတွေက သိပ်ကြီးကျယ်တယ်။

ခြေထောက်အောက်ပိုင်းတွေ အရိုက်ခံထားရတယ်။ဦးခေါင်း အလယ်ခေါင်တည့်တည့် အရိုက်ခံထားရတယ်။ နဖူးထိပ်တည့် တည့် အရိုက်ခံထားရတဲ့ဒဏ်ရာက အတော်ကြီးတယ်။ဦးဇင်းကိုယ်တိုင် ချုပ်ပေးခဲ့ရတယ်။မျက်လုံးနှစ်လုံးစလုံး အထက် အောက် ဝါးချွန်နဲ့ အထိုးခံရတယ်။ဘယ်ဘက် လက်ခုံမှာလည်း ဝါးချွန်နဲ့ အထိုးခံရတဲ့ ဒဏ်ကြောင့် ၊ဝါးချွန်ဆိပ်တက်လွန်းလို့ ၊သူ အခံရခက်လွန်းလို့  သူ့ လက်ကို ဖြတ်ခိုင်းတဲ့အထိ ဒဏ်ရာပြင်းထန် ခံစားနေခဲ့တာ ဦးဇင်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ ရတယ်။ကျောင်းပေါ်မှာ ဆေးကုနေတဲ့ လူနာကို ကြည့်နေတဲ့ ဒကာမကြီး တယောက် ရုတ်တရက် မူးလဲသွားလို့ ၊ရုတ် ရုတ် သဲသဲ ဖြစ်သွားခဲ့သေးတယ်။

ကျောင်းပေါ်မှာ ဆူညံနေသလို ကျောင်းအောက်မှာလည်း ရွာသားတွေက ဖမ်းချုပ်ထားတဲ့ ကြံ့ဖွတ်ကောင်ကို ..လူတွေကို သေ အောင်ရိုက်တဲ့ကောင်ကို ပြန်သတ်မယ်..လုပ်နေကြလို့ ဦးဇင်းကဒီကောင့်ကို ဘာမှမလုပ်ကြဖို့  ဟန့် တားရင်း၊ဆယ်အိမ်မှူး ကို အခေါ်ခိုင်းပြီး ဒီကောင့်ကို ကျုပ်တို့ ဒဏ်ရာရအောင် ဘာမှမလုပ်ခဲ့ဘူး လို့ ပြောပြပြီး ပြန်လွှတ်ပေးလိုက်တယ်။

ဟစ်တိုင်။ ။ဦးဇင်းတို့ က သဘောထား ကြီးပြခဲ့တာပေါ့။ ဦးဇင်းက ဘယ်လောက် သည်းခံခွင့်လွှတ်ပေမယ့် ဦးဇင်းကို အာဏာ ရှင်တွေက နောက်ပိုင်း လာဖမ်းပြီး စစ်ကြောရေးမှာနှိပ်စက် မတရားထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ ကြားရတယ် ဘုရား။ အသေးစိပ် ရှင်းပြပါဦးဘုရား။

ဦးဇင်းဦးဝိမလ။ ။ဒီပဲယင်းအရေးအခင်းလို့ ဆိုတဲ့ ဦးဇင်းတို့ ကျည်ရွာအနီး နိုင်ငံတော်ကစီစဉ်လုပ်ကြံတဲ့ ကျည်ရွာလူသတ်မှု ကြီး၊ လူသတ်ပွဲကြီးကို ဆက်ပြောပြရရင် ..အဲဒီ မေ၃၀ ညမှာပဲ ဒေါ်စုစီးတဲ့ကားဟာ လူရမ်းကားတွေ ရိုက်နှက်နေတဲ့ ကြားကပဲ ဒရိုင်ဘာရဲ့ ကျွမ်းကျင်မှု၊ဒေါ်စုတို့ ရဲ့ သေဘေးကလွတ်တဲ့ကံ၊ပြည်သူတို့ ပို့ သတဲ့ စစ်မှန်တဲ့ မေတ္တာဓါတ်တွေကြောင့် ရေဦးမြို့ မရောက်ခင်ရွာသစ်ရွာ ရဲစခန်းဂိတ်တွေကို တိုက်ထွက်မောင်းနှင်နိုင်ခဲ့လို့  ရိုက်နှက်သတ်ဖြတ်ခံရတဲ့အဖြစ်ဆိုးကလွတ်ထွက် ခဲ့တယ်။

ရွာသစ်ရွာရဲစခန်းမှာ နအဖဘက်က ပါဝင်ဦးဆောင်သူတွေက ခယက ဥက္ကဌ ဗိုလ်မှုးသန်းဟန်၊စခန်းမှုးဦးစိန်ဝင်း၊ မြို့နယ်မှုး ဦးသောင်းဝင်း၊ဒီပဲယင်းတောင်ပြင်ရပ်ကွက်ကချက်ကြီး(ခ)စိုးတင့်၊ဦးမြဝင်း၊ရေဦးမြို့ မယက ဥက္ကဌ ဦးစိန်မောင်ဝင်း၊ဒီပဲယင်း မယက ဥက္ကဌ ဦးတင်အုန်းတို့ ဖြစ်တယ်။ မြို့နယ်မှူးသောင်းဝင်းရဲ့ လူယုံတော် ချက်ကြီး(ခ)စိုးတင့်ဟာ အခင်းဖြစ်မယ့် နေ့ လည်ကတည်း …ဒီပဲယင်းမြေမှာ ကုလားမယား ခြေမချဘူး…လို့ မြို ထဲမှာလျှောက်အော်ခဲ့တ ယ်။ဒီပဲယင်းအရေးအခင်းမှာ အဲ ဒီအခင်းဖြစ်တဲ့ညမှာ ဒေါ်စုတို့ ကားတန်းကို ရွာသစ်ရဲစခန်းဘက်ကနေ မီးဆလိုက်တွေ ထိုးပြီး၊သေနတ်တွေနဲ့ ပစ်ခတ် တိုက် ခိုက်တယ်လို့ ကြားရတယ်၊ဗိုလ်မှုးသန်းဟန်ကိုယ်တိုင် သေနတ်ပစ်မိန့် ပေးတယ်။သူကိုယ်တိုင်လည်း ဝင်ပစ်တယ်လို့ ကြား ရတယ်။
ဒီပဲယင်းမြေမှာ ကုလားမယား ခြေမချရဘူး…လို့ မြို ထဲမှာလျှောက်အော်ခဲ့တယ်။ဒါ့ကြောင့်စစ်အုပ်စုက ဒေါ်စုကို လုပ်ကြံဖို့ ကြို တင်ကြံစည်ခဲ့တယ်ဆိုတာ အရမ်းထင်ရှားတယ်။အရေးအခင်းအပြီးမှာ လူသတ်လုယက်လို့ ရွှေငွေအများဆုံးရသူဟာ ချက်ကြီး လို့  နာမည်ကြီးလာခဲ့တယ်။ဒါပေမယ့် အခုထိ ဒီလူသတ်တရားခံတွေကို အရေးမယဘဲ ခံခဲ့ကြရတဲ့ ဒေါ်စုအပါအဝင် ဦးဇင်းတို့ ကို ထောင်ကျခဲ့တယ်။

နောက်ဒုတိယပိုင်း မကြာမီတင်ပြပါမည်။

(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။

Read More...