Monday, May 25, 2009

ဝန်ခံလိုက်စမ်းပါ

25th May, 2009
ဒီအပတ် အင်တာနက်စာမျက်နှာ သတင်းဆောင်းပါးတွေ တော်များများမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မတရားဖမ်းဆီးချုပ်နှောင်ခံရတဲ့သတင်းတွေကိုနေရာတိုင်းမှာတွေ့နေ
ရပါတယ်။ဒါနဲ့ဆက်စပ်ပြီးပြည်သူတွေကိုနေ့တစ်ဓူဝနှိပ်စက်လို့အားမရလို့ လူထုခေါင်းဆောင်တစ်ဦးကိုဆက်လက်ပြီးနှိပ်စက်တော့မယ်နအဖရဲ့မပြီးသေးသော ယုတ်မာမူကြီးအတွက်အတော်ကိုယူကျုံးမရဖြစ်ခဲ့မိပါတယ်။ဒီလူတွေဘယ်တော့မှ အပြစ်တွေဝန်ခံကြမလဲ။ဘယ်တော့မှမိုက်ဇာတ်သိမ်းတော့မှာလဲလို့သိုလောသိုလော
အတွေးတွေဝင် လာခဲ့ပါတယ်။
ဒီနေရာမှာနအဖစစ်ခေါင်းဆောင်တွေလိုမဟုတ်ဘဲနိုင်ငံကြီးသားပြီသစွာနဲ့ကိုယ်အပြစ်ကိုယ်ကိုဝန်ခံသွားတဲ့သူနှစ်ဦးရဲ့ သတင်းအဖြစ်အပျက်လေးကို အင်တာနက်စာမျက်နှာ နှစ်ခုမှာဖက်လိုက်ရတာကို နိုင်းယှဉ်ကြည့်ပြီးးမိတ်ဆွေတို့အတွက်လည်းစဉ်းစားသုံးသပ်ဖို့ဝေမျှပေးလိုက်ပါတယ်။ ပထမတဦးကအားကစားလောကကခေါင်းဆောင်တဦးဖြစ်ပြီး။အခြားတဦးကတော့နိုင်ငံရေးလောကကခေါင်းဆောင်တဦးဖြစ်နေတာတွေ့ရပါတယ်။



အားကစားလောကနည်းပြအလန်ရှီးယားက ဒီနှစ်နယူးကာဆယ် အသင်း အောက်တန်းဆင်းရတာ သူမှာကောတာဝန်ရှိသူတွေမှာအပြစ်မကင်းကြောင်းပရိသက်များကိုအသင်းတန်းဆင်းခဲ့ရခြင်းအတွက်အသင်းအတွင်းတည်ငြိမ်အောင်မလုပ်ဆောင်နိုင်သော ပိုင်ရှင်မိုက်အက်ရှ်လေ၊ အခက်အခဲများကြား၌ အသင်းအား စွန့်ခွာသွားခဲ့သော နည်းပြဟောင်း ကီဗင်ကီးဂန်းနှင့် တန်းဆင်းဇုန်မှ မကယ်တင်နိုင်ခဲ့သောမိမိကိုယ်တိုင်ကိုပင်သစ္စာဖောက်များသဖွယ်ရှက်စရာကောင်းသူများဟုပြစ်တင်ပြောကြားလိုက်ပါတယ်။ထိုပြင်ရှီးယားက “အမှားတွေလုပ်ခဲ့ကြတဲ့လူတွေ အများကြီးပါ ကျွန်တော်အပါအ၀င်၊ ကီနာ၊ ကီဗင်ကီးဂန်း၊ ခရစ်ဟောက်တန်၊ မိုက်အက်ရှ်လေတို့ပါ ကျွန်တော် အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ထင်လို့လာခဲ့တာပါ ကျွန်တော့်နဲ့သတ်ဆိုင်တဲ့ အပိုင်းတွေအတွက် ကျွန်တော် တာဝန်ယူရဲပါတယ် ဒီကလပ်အသင်းဟာ ကျွန်တော်ချစ်ရတဲ့ အသင်းပါ ဖန်တွေအတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ ကျွန်တော်မြင်သလို အရမ်းကို နာကျင်နေပါတယ်”ဟုဝန်ချတောင်းပန်ုပြောကြားသွားခဲ့သည်။
ဒီလိုဝန်ချတောင်းပန်သွားတဲ့အတွက်ပရိတ်သက်များကသူ့အပေါ်ကရုဏာသက်ပြီးနောက်ပွဲစဉ်တွေကိုတောင်အားပေးဖို့တာစူနေတယ်လို့ကြားလိုက်ရပါတယ်။ ဒါကတော့ခွင့်လွတ်လို့ရတဲ့အမှားမို့ ပရိသက်များကခွင့်လွတ်တယ်လို့မိမိထင်မိပါတယ်။

နောက်သတင်းတပုဒ်ကတော့ ပြီးခဲ့တဲ့ မေ ၂၃ ၊မနက်ပိုင်းက တောင်ကိုးရီးယားသမ္မတဟောင်း နိုမိုယောင်း သူနေထိုင်ရာ တောင်ပိုင်း ဂီယောင်စမ်း ဒေသ၊ ဂမ်မ်ဟေး (Gimhae) မြို့နယ် ဘွန်ဟကျေးရွာအနီး တောင်ကုန်းပေါ်မှ ခုန်ချသက်သေသွားတဲ့သတင်းဖြစ်ပါသည်။ နိုမိုယောင်းဟာ ၂၀၀၃ မှ ၂၀၀၈ အထိ သမ္မတအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။တာဝန်ယူနေစဉ် သူ့မိသားစုများက လုပ်ငန်းရှင်များထံကအမေရိကန်ဒေါ်လာ၆.၄သန်းလာဘ်ငွေများရယူခဲ့တဲ့အတွက်စစ်းဆေးမေးမြန်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့လက၁၃နာရီကြာစစ်ဆေးခံခဲ့ရပြီးတရားရုံးကအထွက်မှာသတင်းထောက်များအား”ကျွန်တော်အနေနဲ့ပြည်သူတွေကိုမျက်နှာမပြရဲတော့ပါဘူး။ခင်ဗျားတို့အားလုံးကိုစိတ်မ သက်သာဖြစ်စေမိတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။” လို့ပြန်လည်ဖြေကြားခဲ့ တဲ့အပြင် သူ့ရဲ့သေတမ်းစာမှာလည်း“သူဘဝဟာအလွန်ခက်ခဲပြီး၊ပြည်သူတွေကိုအမှားများစွာပြုလုပ်မိတဲ့အတွက်တောင်းပန်ပါတယ်”လို့ရေးသားသွားခဲ့တာဖတ်ခဲ့ရပါတယ်။ဒီအတွက်ကောမိတ်ဆွေဘယ်လိုထင်ပါသလဲ။သူအမှားတွေအများကြီးလုပ်ခဲ့ပါတယ်။သူကိုယ်သူတောင်ခွင့်မလွတ်နိုင်လို့တောင်ပေါ်ကခုန်ချသွားခဲ့ပါတယ်။သူသေရုံနဲ့သူ့အပြစ်က ခွင့်လွတ်လို့ရမလား။မိမိကတော့ကိုယ့်ကိုကိုယ်သက်သေတာကို
အားမပေးပါဘူးး အပြစ်ဝန်ခံပြီးနောင်လာနောင်သားတွေအတွက်စံနမူနာအဖြစ်ထိုက်သင့်တဲ့အပြစ်ကို တရားဥပဒေအရ ခံသွားမှ အနာဂတ်အတွက်တာဝန်ကျေမယ်လို့ထင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီးမိတ်ဆွေတစ်ဦးက”လာဘ်စားမူကြောင့်ရှက်ပြီးကိုယ့်ကိုကိုယ်သေကြောင်းကြံကြမယ်ဆိုရင်မြန်မာစစ်အစိုးရထဲမှာ ဘယ်နှစ်ယောက်အသက်ရှင်ကျန်ခဲ့မလဲဆိုတာ ခန့်မှန်းရခတ်ပါတယ်” လို့ပြောကြားသွားတာကိုလည်းဖက်ခဲ့ရပါတယ်။
မိမိအနေနဲ့သက်သေရုံနဲ့မိမိတို့ပြုလုပ်တဲ့အပြစ်တွေမကျေနိုင်ပါဘူး။အပြစ်အားလျှော်စွာတော့ လောကရဲ့စီရင်ချက်တွေကိုတော့ခံသွားသင့်ပါတယ်။ဒါမှပြည်သူတွေလည်းတရားဥပဒေပေါ်ယုံကြည်လာပြီးတရားဥပဒေစိုးမိုးရေးဆိုတာရှိလာမှာဖြစ်ပါတယ်။အပြစ်ရှိသူကိုအပြစ်ပေးမှလည်း လောကအတွက်တရားမျှတမှာဖြစ်ပါတယ်။














ဒီနေရာမှာ အပြစ်များစွာကျူးလွန်ထားတဲ့ နအဖ အစိုးရပေါ် နိုင်ငံတကာတရားရုံးICCကိုတင်ဖို့ကြိုးစားနေတာနဲ့ပတ်သက်ပြီးမဇ္စျိမသတင်းဋ္ဌာနမှအင်တာဗျူးထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဆရာကြီးဦးဝင်းတင်ရဲ့အမြင်လေးကိုတင်ပြ ရင်းဒီဆောင်းပါးလေးကိုနိဂုံးချုပ်လိုက်ပါတယ်။
“ ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေ လည်းဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရား စွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်းများစွာပေါ့၊ အာဖရိကနိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင်ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။

ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေမျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့မရတဲ့ အနေအထား။ မီဒီယာတွေထဲပါလို့ ကျနော်က ငြင်းလို့မရတာလို့ ပြောတာမဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူ တွေဟာ ရှစ်လေးလုံးကာလလို ကာလမျိုးကစပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင်တော်လှန်ရေးလို ကာလမျိုး နောက်တခါ နိုင်ငံရေးအကျဉ်းသားများစွာကို ညှင်းဆဲ သတ်ဖြတ်ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်း အားဖြင့် ဒီလူတွေဟာ တရားစီရင်ခံရမယ့် အနေအထားမှာရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ်ပေးရမယ် လို့ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့်ကိစ္စ။ ကျနော့်ဘက်ကတော့ ဒီလူတွေဟာ အဲဒီ လို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင်တယ်။ သတ်သတ် မှတ်မှတ် ပြောတယ်။

သို့သော် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းကရှိခဲ့တဲ့ သဘောထားပေါ့ဗျာ။ ကျနော်တို့ ဗ မာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ဟာတွေ အ ကုန်လုံး တယောက်နဲ့တယောက် လက်စားချေကြမယ်ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ်ဆိုတာ သဘော တူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီရယ် လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ်ဆိုရင် ချေချင်တိုင်းချေလို့မရဘူး။ ဘာ လို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှုကျူးလွန်မှုဟာ လူသား အပေါ်မှာ အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

အဲဒီလို ပုံစံအမျိုးမျိုးကျူးလွန်တဲ့ လူတွေကို သင်ပုန်းချေတယ်ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ်လိုက်ရင် ရမ လား။ နိုင်ငံရေးပါတီတခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေးခေါင်းဆောင်တယောက်ကနေ လုပ်ရင် ရမလား။ မရဘူး။ တရားဝင်ဖြစ်ဖို့လိုတယ်။ ပြည်ပတရားရုံးတို့ ဘာတို့ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီးမကြားသေးဘူးပေါ့ဗျာ။ ကျနော်တို့က ဘယ်လိုတွက်လဲဆိုတော့ လွှတ်တော်တို့ ဘာတို့ မှာတင်ပြီးတော့ ဥပဒေပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာဖြစ်စေ၊ ဒါကတခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆို ရင် ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ - တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။ သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော်အဆင့်ကို မရောက်ခဲ့တဲ့အတွက် ကျ နော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာမဟုတ်တဲ့အတွက်၊ ကျနော်တို့ဆို တာ ကျနော်တို့ ဒီမိုကရေစီသမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ဆိုတာ ဖွဲ့နိုင်တဲ့အနေအထားမှာ မရှိဘူး။ လွှတ်တော် လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိတယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင်ခံရမယ်လို့ တထစ်ချ မပြောနိုင်သေးပေမယ့် ဒီ လူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော်ယုံကြည်ပါ တယ်”။
ယုတ်မာဆိုးကောင်း၊ကျင့်မကောင်းကို။
မှားကြောင်းတစ်စိ၊သိလျှင်သိချင်း။
စွန့်ပယ်လျှင်းလော့။
အတင်းယူစွဲ၊ဖားမြွေခဲသို့။
အမြဲမှတ်သို၊မစွန့်လိုက။
ဤကိုယ်သုခ၊နောင်မရဘူး။(မဃဒေဝ)
သစ္စာရှင်

0 Comments: