Sunday, August 24, 2008

ကဲ---ဘာလုပ်ကြမလဲ?....

24th August,
(၁)
ပြီး ခဲ့တဲ့ စနေနေ့က ရန်ကုန်မှာရှိသော စာရေးဆရာသူငယ်ချင်းဦးဇင်းတပါးကိုဖုန်းဆက်ဖြစ်ခဲ့၏။ ဖုန်းဆက်တဲ့အခါတိုင်း အသစ်ထုတ်မဲ့စာအုပ်အကြောင်းတွေပဲပြောနေကြမို့ မိမိကစပြီး စာအုပ်အကြောင်း နဲ့ Intro ဝင်လိုက်ပါတယ်။
စာရေးသူ။ ။ ကိုယ့်လူဘာစာအုပ်တွေထုတ်ပြီး အလုပ်မရှိ အလုပ်ရှာအုံးမလို့လဲ။
သူငယ်ချင်း။ ။ စာအုပ်လည်းထုတ်ဖို့အစီအစဉ်ရှိပါတယ်။ စာအုပ်ထက်အရေးကြီးတာ တစ်ခုအတွက်လည်း ခေါင်းစားနေတယ်။ အကြံညာဏ်လေးရှိရင်လည်းမစပါအုံး။
စာရေးသူ။ ။ ဟ---တယ်စာတဲ့ဆိုပါလား။ ဘာဝိနိစ္စယတွေပေါ်လာပြန်ပြီလဲ။
သူငယ်ချင်း။ ။ ခုကိစ္စက ဝိနိစ္စယမဟုတ်ဘူး လူ့ကိစ္စ ဗျ။
စာရေးသူ။ ။ အင်း--ငါပြောသားဘဲ ပိုက်ဆံတွေ အရမ်းမချေးနဲ့လို့။ ခုဘယ်လောက်ပါသွားသလဲ။
သူငယ်ချင်း။ ။ စကားဘဲနင်းကန်ပြောနေ ဒီကပြောတာလဲ ခဏလေး သည်းခံ နားထောင်ပါအုံး။ ခုအလုပ်ရူပ်နေတာ ပိုက်ဆံပါလို့မဟုတ်ဘူး နောင်တော်ကြီးရ၊လူတွေပါကုန်လို့ဗျ။ လူတွေဆိုတာထက် ကလေး တွေပါကုန်လို့ပါ။
စာရေးသူ။ ။ လင်းစမ်းပါအုံး မင်းဥစ္စာ ကအမြီးအမောက်မတဲ့လိုက်တာ။ ငါတောင်ခေါင်းရူပ်---ယောင်လို့ ဆံပင်မရှိလို့-- စိတ်ရူပ်လာပြီး။ ကလေးတွေက ဘာ့ကြောင့်ပါရတာလဲ။
သူငယ်ချင်း။ ။ ဒီလိုဗျ ပြီးခဲ့တဲ့မေလ(၂) မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းတိုက်ခတ်လိုက်တာ မြန်မာ့ဆန်အိုးကြီး ဖြစ်တဲ့ ဧရာဝတီတိုင်းတတိုင်းလုံး နီးပါး သုသာန်တစပြင်ဖြစ်ခဲ့တာ လူတိုင်းအသိပါ။ အဲဒီလိုမျိုးလဲမြန်မာ့သမိုင်းမှာ မဖြစ်ဘူးတော့လူတွေမှာ အကုန်ဒိတ်လန့်ကုန်ကြတာ ပေါ့။ အစိုးရပိုင်းအနေနဲ့လည်း ဘေးကြပ်နံကြပ်ဖြစ်သွားတယ်။ တဖတ်က မေလ(၁၀)ရက်ဆန္ဒခံယူပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ ဖြစ်နေတာကိုး။ ဒကာတော်ကျေးဇူးရှင် ဆို ရှင်ဘုရင်တခါထွက်ပဲကြီးတစ်လှေချက်ဆိုတဲ့အတိုင်း အလုပ်တွေတအားရူပ်နေလို့ နဲ့ တူတယ်နာဂစ်ဖြစ်ပြီး (၂) ပတ် (၃) ပတ်ကြာမှပေါ်လာတယ်လေ။ လူတွေကယ်ဖို့။ ဘယ်လိုစောင့်ရှောက်ရမလဲ အစီအစဉ်တွေလုပ်နေရလို့နဲ့တူပါတယ်။
စာရေးသူ။ ။ ဟေ့ မြန်မြန်ပြော မင်းဟာလိုရင်းမြန်မြန်သွားတော့ဒီမှာ ဖုန်းကဒ်ကုန်တော့မယ်။
သူငယ်ချင်း။ ။ အင်းပါပြောပါ့မယ်။အရေးထဲကိုယ့်ဆရာက အဝေးကနေပြီးကြောက်နေသေးလားမသိဘူး။ စာရေးဆရာဆိုတော့ စကားချောအောင် တန်ဆာဆင်နေရလို့ပါ။ ကဲ---ခုနာဂစ်ဖြစ်ပြီး အကျိုးဆက်အနေနဲ့ သိန်းနဲ့ချီတဲ့ခလေးတွေ မိဘမဲ့တွေဖြစ်ကုန်ပြီး သူတို့ကိုစောင့်ရှောက်ထိန်းသိမ်းပြီး ပညာ သင်ပေး ကျွေးမွေးဖို့ အလုပ်တွေ ပေါ်လာပြီလေ။
စာရေးသူ။ ။ ဟ-- ဒါတွေ ဟာ နိုင်ငံတော် ကိစ္စ လေ။ နိုင်ငံတော်မှာ Project ရှိမှာပေါ့။ မိဘမဲ့ဂေဟာတွေဖွင့်။ Community Centre တွေဖွင့်ရမှာ တိုင်းပြည်ဘဏ္ဍာစားတဲ့နိုင်ငံတော်တာဝန်ပဲမဟုတ်လား။

သူငယ်ချင်း။ ။ နောင်ကြီးပြောတာလွယ်တယ်။တကယ်တော့ဒီတာဝန်ကို အစိုးရ တစ်ဦးထဲနဲ့မနိုင်ဘူးဗျ။ မနိုင်တဲ့အပြင် အစိုးရပိုင်း အပေါ် ပြည်သူကမယုံကြည်တဲ့အပိုင်းတွေလည်းပါမှာပါ။ အဲဒါတွေပြောနေအချိန်ကုန်ပါလိမ့်မယ်။ ခုလောလောဆယ် မြန်မာပြည်မှာ သံဃာ့အဖွဲ့အစည်းတချို့ နဲ့ အခြား ဘာသာရေးအဖွဲ့အစည်း တွေ ခလေးတွေလုနေရတဲ့ကိန်းဆိုက်နေပြီဗျ။ သံဃာ့အဖွဲ့အစည်းကလည်း နည်းတဲ့အပြင်အတွေ့အကြုံမရှိတာ ရယ် ပိုက်ဆံများများစားစား Fund မရှိတာဆိုတော့ခလေးများများ မလုနိုင်ပါဘူး။ ကဲ။ ။ ဘာဆက်လုပ်ရတော့မလဲ။
မိမိကြားလိုက်ရသောသတင်းကတော့ ဤမျှသာဖြစ်ပေမဲ့ မိမိရဲ့အတွေးထဲမှာ ဒီခလေးတွေရဲ့မမြင်ရတဲ့အနားဂတ်အတွက် ဝိုးတဝါးအိပ်မက်များမက်နေရပါပြီ။ ဘာလုပ်ပေးရမလဲ။ဘာလုပ်ပေးနိုင်မလဲ။
(၂)
ဓမ္မတာအားဖြင့် ရေများရေနိုင်၊မီးများမီးနိုင်ဆိုတဲ့အတိုင်း များရာအားကြီးရာက နိုင်စမြဲ မို့ ကိုယ့်ဘာသာဝင်တွေအခြားဘာသာဝင်ဖြစ်သွားတာ တွေဝေစရာအထွေအထူးမရှိပါ။ ဘယ်ဘာသာရူထောင့်ကကြည့်ကြည့် ဒုက္ခ ရောက်သူကို ကူညီတာမြင့်မြတ်တဲ့လုပ်ငန်းဖြစ်ပါသည်။သို့သော် ဖြစ်သင့်ဖြစ်ထိုက်တာ လုပ်သင့်လုပ်ထိုက်တာတွေကို မျှမျှတတဖြစ်အောင် တာဝန်ရှိတဲ့သူတွေ လုပ်ပေးသင့် တာတော့အမှန်ဖြစ်ပါသည်။
တဖက်မှလည်း ရင်ဝလှံစူးနေသောလူတစ်ယောက်ကို လှံကိုအရင်နူတ်ပေးပြီးမှ လှံလာရာလမ်းကြောင်း၊လှံဘယ်သူပစ်တာလည်း ကြည့်သင့်ပါသည်။ အပြစ်တွေပြောနေမယ့်အစား အရေးကြီးသည်မှာ စိတ်ဓါတ်ကျနေသော (သို့) သောကလှံစူးနေသော ဒုက္ခသည် ခလေး လူကြီးများကို စိတ်ဓါတ်မြှင့်တင်ပေးနိုင်ဖို့ လူတိုင်းမှာ တာဝန်ရှိနေပါပြီ။
ဓမ္မစင်္ကြာ၌ ဇာတိ-ပဋိသန္ဓေနေရခြင်းဒုက္ခ၊ အိုခြင်းဒုက္ခ၊နာခြင်းဒုက္ခ၊သေခြင်းဒုက္ခ၊ချစ်သောသူနှင့်ကွေကွင်းရခြင်းဒုက္ခ၊မချစ်သောသူနှင့်အတူနေရခြင်းဒုက္ခ၊ လိုခြင်တာမရသောဒုက္ခ ဟူ၍ ဆင်းရဲဒုက္ခ (၇) မျိုး ဟောထားတာတွေ့ရပါသည်။ဇာတိ၊ဇရာ၊ဗျာဓိ၊မရဏ ကဲ့သို့သော ဒုက္ခ လေးမျိုးမှာ မိမိတို့ ရုပ်တရား နာမ်တရားများရှိနေသမျှကာလပတ်လုံး အမြဲဖောက်ပြန်ပျက်စီးနေမည်ဖြစ်၍ အစားထိုးကုစားရန်မလွယ်ပါ။ ချစ်သောသူနှင့်ကွေကွင်းရခြင်း၊မချစ်သောသူနှင့်အတူနေရခြင်း၊ လိုချင်တာမရခြင်းဆင်းရဲဒုက္ခများကို တော့အစားထိုးကုစား၍ ရနိုင်ပါသည်။ သို့သော် သူတို့ချစ်စရာလေးတွေဖြစ်လာအောင်၊ မချစ်တာတွေနဲ့အတူမနေဖြစ်အောင်၊လိုချင်တာလေးတွေ ရအောင်ဖန်တီးပေးတက်ဖို့လိုပါမည်။
(၃)
ဖြစ်သင့်ဖြစ်ထိုက်တာတွေဖြစ်လာဖို့ လုပ်သင့်လုပ်သင့်တာတွေကို နိုင်ငံတော်အနေနဲ့ ပြည်သူတွေယုံကြည်လာအောင် ပရဟိတလုပ်ငန်းများကို လုပ်ပြစေချင်ပါတယ်။ ခုဟာက (-----)ခတ်တဲ့ရေ
(---)ဆေးတာနဲ့ အကုန်ပြောင်ဆိုသလိုပဲ။ အစိုးရမှာ ရလာတဲ့ ပြည်တွင်း၊ပြည်ပ အကူအညီ တွေကို စနစ်တကျ ဖြန့်ဖြူးပါတယ်ဆိုတဲ့ information ကို မှန်မှန်ကန်ကန်ခုထိမပေးနိုင်သေးဘူး။ ဒါ့အပြင် လုပ်ငန်းမကျွှမ်းကျင်တော့အလေအလွင့်တွေ တအားများပြီး ပိုးသာကုန်မောင်းပုံ ဆောင်းမတက်ဖြစ်နေတယ်။ ဒီအချိန်မှာ မိမိစဉ်းစားမိသည့်အပိုင်းကတော့ နိုင်ငံတော်၏ အခန်းကဏ္ဍပဲဖြစ်ပါသည်။ အစိုးရအနေနဲ့ မည်သည့်ဘာသာမှမခွဲခြားပဲ နာဂစ်ဒါဏ်ခံရသော၊မိဘမဲ့အဖြစ်များသောနေရာများမှာ ပရဟိတကျောင်းများကို လွတ်လွတ်လပ်လပ် ဖွင့်လှစ်ပေးနိုင်ရင်မကောင်းဘူးလား။ ထိုပရဟိတ ကျောင်းဝန်းကျယ်ကြီးအတွင်း၌ ကလေးများအား နေစရာ စားစရာဖန်တီးပေးနိုင်ရန်အထူးအရေးကြီးပါသည်။ ထိုပြင် ကလေးများအား စိတ်ဓါတ်ရေးရာဖွံဖြိုးတိုးတက်စေရန် ဝါသနာပါရာ လှုပ်ရှားပါဝင်မူအတွက် ကလေးကစားကွင်းများ၊ အကသင်တန်းခန်းမများ။အိမ်တွင်းစက်မူ လက်မူ သင်တန်းဆောင်များ ကိုဖန်တီးပေးထားဖို့လိုမည်ဖြစ်ပါသည်။ ဤအတွက်တော့ကျွမ်းကျင်သောအသိပညာရှင် အတက်ပညာရှင်များကို ဘာသာလူမျိုး မခွဲခြားပဲ ခန့်အပ်ပေးဖို့လိုပါလိမ့်မည်။ ဤကဲသို့စနစ်တကျ အစိုးရ က လုပ်မပေးနိုင်သ၍ လုပ်နိုင်မယ့်သူတွေကိုတရားဝင်ခွင့်မပြုသ၍ ပြန်လည်ထူထောင်မူလုပ်ငန်းတွေ ကြန့်ကြာနေဦးမည်ဖြစ်၍ မလိုအပ်ဘဲ အပြစ်မဲ့ပြည်သူတွေ လူညွန့်တုံးနေပါလိမ့်မည်။
(၄)
ယခုမြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသောအခြေအနေများသည် ကျားသနားမှ နွားချမ်းသာဆိုသော ဥပမာပုံပြင်ကဲ့သို့ဖြစ်နေပါသည်။ တိုင်းပြည်၏ အခြေခံလုပ်ပိုင်ခွင့်ကစ၍ လုပ်ပိုင်ခွင့်အားလုံးသည် အစိုးရခွင့်ပြုမှ လုပ်ရသော အလုပ်များသာဖြစ်သောကြောင့် အလုပ်ကြီးအကိုင်ကြီး လုပ်လိုသူများသည် အစိုးရကို နည်းမျိုးစုံဖြင့်ချည်းကပ်ရမည်မှာ ဓမ္မတာ ဖြစ်ပါသည်။ ပုဒ်မ (၄) ပေးမှလုပ်ဆိုတဲ့ မြန်မာ နိုင်ငံ၌ သုံးနေကျစကားအတိုင်း ကောင်းတာ လုပ်လုပ်၊ဆိုတာပဲ လုပ်လုပ် အစိုးရနဲ့ အစဉ်ပြေ ပြီးမှ လုပ်ပါမှ ထိုပုဂ္ဂိုလ်အထကောင်းပြီးအထောင်းသက်သာမည်ဖြစ်ပါမည်။ မြန်မာနိုင်ငံ၌ လုပ်းငန်းတစ်ခု ကိုထိရောက်အောင်လုပ်ချင်ရင် လုပ်ငန်းလမ်းကြောင်း တွင်ရှိသော သတ်ဆိုင်ရာ များကို ပေးနိုင်မှ အောင်မြင်နိုင်ပေမည်။
မြန်မာနိုင်ငံ၌ နာဂစ် မုန်တိုင်း ဖြစ်သောအချိန်သည် မိမိသီဟို ၌ နေသောအချိန်ဖြစ်ပါသည်။ မိမိတို့သံဃာများ တက်နိုင်သလောက် ပစ္စည်းဝတ္ထု ငွေကြေး များစုဆောင်းပြီးလူုနေသောအချိန်လည်းဖြစ်ပါသည်။ တစ်နေ့မိမိနှင့်ရင်းနှီးသော သီဟိုဒကာတစ်ဦး မိမိထံလာ၍ သတိပေးစကား ဆိုလာပါသည်။သီဟို၌ ၂၀၀၅ခုနှစ် ဆူနာမီ ဖြစ်တုန်းက လူပေါင်း (၆၀၀၀၀) ကျော်သေဆုံးခဲ့ပါတယ်။ရွာပေါင်းများစွာ လည်းပျောက်ဆုံးခဲ့ပါတယ်။ဘန္တေတို့နိုင်ငံ လောက်တော့မများဘူးပေါ့။ဒီမှာ အစိုးရကကော သက်ဆိုင်ရာ International Aid အဖွဲ့အစည်းတွေ ကကော ကယ်ဆယ်ရေးတွေ ကိုလုပ်တာ မြန်တော့ မလိုအပ်တဲ့အသေအပျောက်တော့မရှိဘူးပေါ့။ နိုင်ငံတကာနှင့်အစဉ်ပြေတာရယ် အကူအညီပေးတဲ့အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးတာလည်းပါမှာပေါ့။ ဂျပန်တို့ အမေရိကန်စတဲ့ ဓနအင်အားကြီး နိုင်ငံတွေက ဝိုင်းလူုလိုက်ကြတာ (၃)နှစ်အတွင်း ဆူနာမီဒေသတွေ ပြန်လည်ထူထောင်ရေးတွေ ပြီးမြောက်သွားတယ်။ဆူနာမီ ဒုက္ခသည်တွေလူုရှင်တွေရဲ့ကျေးဇူးကြောင့်နဂိုထက်တောင်အစဉ်ပြေပြီး ခောတ်ပျက်သူဋ္ဌေးတောင်ဖြစ်ကုန်ကြတယ်။ဝမ်းသာစရာပေါ့။ အဓိကကတော့ သီဟို သံဃာတွေရဲ့ပရဟိတစိတ်ဓါတ်တွေကိုလည်းချီးကျူးရမှာပဲ။ လက်တွေ့ဖြစ်တဲ့နေရာတွေမှာ လက်တွေ့အစိုးရနဲ့ပူပေါင်းပြီးကူညီကြတာ တော်တော်များပါပဲ။ ဘန္တေတို့လည်း သီဟိုရဟန်းတွေလို ပြန်ပြီးVolunteer လုပ်ကြပေါ့။ ဒီအချိန်ဗောဓိပင်အောင်မှာ ဆုတောင်းနေရုံနဲ့မပြီးဘူးဘန္တေ။ ဒကာတော်ပြောလိုက်သောစကားများမှာ မိမိ၏နှလုံးသားထဲကိုစူးဝင်သွားသလိုခံစားလိုက်ရပါတယ်။ သို့သော်ဘာလုပ်သင့်သလဲ၊ဘာလုပ်ရမလဲဆိုတဲ့အဖြေကိုတော့ မိမိရဲ့အတွေးထဲမှာ ပြည့်နှက်နေပါတယ်။ ကဲ--သူငယ်ချင်းရေ မင်းဘာလုပ်ရမလဲဆိုတဲ့အဖြေကိုလဲ ကိုယ်ပေးဖို့ မင်းဆီကို ကိုယ်ပေးမယ့်အဖြေကိုစောင့်မျှော်၍ သာနေရင်း----

Read More...

Tuesday, August 19, 2008

ဦးဂမ္ဘီရကို ပုဒ်မ (၁၀) ခုဖြင့် ရုံးထုတ်

19-08-2008
စက်တင်ဘာသံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရကို စစ်အစိုးရက ယမန်နေ့က အင်းစိန်အထူးတရားရုံးတွင် ပုဒ်မ (၁၀) ခုဖြင့် စွဲချက်တင်ကာ ရုံးထုတ်ခဲ့သည်။

ထောင်ဝင်စာသွားရောက်တွေ့ခွင့်ရရေးအတွက် သွားရောက်ခဲ့သောအစ်မဖြစ်သူ မခင်သူထွေးက အရှင်ဂမ္ဘီရအား ပုဒ် (၁၀) ခုဖြင့် တရားစွဲဆိုကြောင်းပြောဆိုသည်။

"တွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးအပေါက်မှာ (SB) ၁၅ ယောက်လောက်ရှိတယ်၊ တွေ့ခွင့် မပေးဘဲ နှင်ထုတ်တယ်၊ နောက်တော့ ရုံးအနောက်ပေါက်က ပြန်ခေါ်သွားတယ်၊ အဲ့ဒီနောက်မှ ထောင်ဝင်စာအနေနဲ့ တွေ့ခွင့်ရလိုက်တယ်”ဟု အစ်မဖြစ်သူက ပြောသည်။

ဦးဂမ္ဘီရနှင့်အတူ မဂ္ဂင်ဆရာတော်၊ အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ ဂျောင်းဂျောင်း၊ ကိုသန်း နိုင်(တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင်၊ စာရေးဆရာမင်းဆက် (ခ) ဦးသုမန(မန္တလေး)၊ ဦးကေလာသ(မန္တလေး)၊ ဦးရွှေမောင်(မန္တလေး)၊ ကိုဝဏ္ဏမောင်(မန္တလေး)တို့အပါအဝင် (၁၁) ဦး အား ယမန်နေ့က ရုံးထုတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မနက်ဖြန်တွင် ဦးဂမ္ဘီရအား အီလစ်ထရောနစ်ပုဒ်မဖြင့် အင်းစိန်ထောင်တွင်းတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပြီး ယခုလ (၂၇)၊ (၂၈) နှင့် လာမည့်လ (၁) ရက်နေ့တို့တွင် အခြားပုဒ်မများဖြင့် တရားရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနာ သွားရောက်စဉ်က အင်းစိန်အကျဉ်းထောင်ရှိ ဦးဂမ္ဘီရအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခဲ့သည်။
yoma

Read More...

WHAT IS LIFE?

19th August,

Read More...

Friday, August 15, 2008

အန္ဒိယနိုင်ငံ (၆၂)နှစ်မြောက်လွတ်လပ်ရေးနေ့မိန့်ခွန်း

15th August,
ဒီနေ့ဟာ အန္ဒိယနိုင်ငံရဲ့ (၆၂) နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့မရှေးမနှောင်း လွတ်လပ်ရေးရခဲ့တဲ့အန္ဒိယနိုင်ငံဟာယခုဆို ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံ ဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာ တိုးတက်မူတွေကလည်းအံ့မခန်းပါပဲ။ မြန်မာနိုင်ငံလည်းစစ်ကျွန်ဘဝမှဘယ်တော့မှလွတ်လွပ်တော့မှာလဲလို့တွေးတောရင်း ဒီနေ့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့မှာ အိန္ဒိယဝန်ကြီးချုပ် Manmohan Singh ရဲ့လွတ်လပ်ရေးမိန့်ခွန်းလေးကို မူရင်းအတိုင်း ဝေငှလိုက်ပါတယ်။

Divisive politics a threat to unity:

PM New Delhi, PTI: Voicing concern over violence in Jammu and Kashmir, Prime Minister Manmohan Singh onn Friday warned that dividing people in the name of religion could pose a threat to the unity of the country and asked all political parties to come together to resolve issues related to Amarnath land row through dialogue.
Addressing the nation on the occasion of 62nd Independence Day from the ramparts of the Red Fort, he said divisive politics would lead the country nowhere and political parties should keep long term interests of Jammu and Kashmir in view.
With unabated violence in the state apparently weighing heavily on his mind, Singh underlined that issues related to the Amarnath shrine could be resolved in "an atmosphere of peace and goodwill".
"The recent incidents in the state of Jammu and Kashmir are a cause for concern. In this hour of crisis, divisive politics will lead us nowhere," he said in his last Independence Day speech during the UPA's tenure.


Emphasising that all issues related to the Amarnath land controversy can be resolved through dialogue and peaceful means, the Prime Minister said "dividing people in the name of religion can complicate these issues further which can also pose a threat to the unity and integrity of the country."
He appealed to all political parties to keep the "long-term interests of Jammu and Kashmir in view and come together to find a permanent solution to the problems of the state."
Singh highlighted that Amarnath shrine was a "shining example" of the country's secular tradition where Hindu pilgrims have been looked after for years by their Muslim brothers.
"Issues related to the sacred place, especially the issue of providing the best possible facilities to pilgrims, can only be resolved in an atmosphere of peace and goodwill," he said.

His comments came amid violence that has hit Jammu and Kashmir over controversy related to the transfer of about 100 acres of forest land to the Amarnath shrine board for the conduct of annual pilgrimage to the holy cave in the mountains in south Kashmir.
Singh said Jammu and Kashmir requires an era of peace to enable it to catch up with the more developed parts of the country.
He said his government has been taking various initiatives to promote peace and stability in the state and these will be taken forward.
The Prime Minister talked about similar measures for the North-East, saying that the government will have to pay special attention for development of the region.
"Our government has taken several initiatives to increase public investment in the North-East and in Jammu and Kashmir. We are investing in infrastructure and in education in these regions to encourage development and generate employment," Singh said.
Describing terrorism, extremism, communalism and fundamentalism as "major challenges to the unity and integrity of our country", he said the recent attacks in Bangalore, Ahmedabad, Jaipur and other parts of the country have shocked the nation.
Expressing firm determination of his government to deal with these challenges, he said the functioning of the intelligence agencies, police and security forces would be examined.
"We have to further strengthen our intelligence agencies and police forces to deal with the problem of terrorism," Singh said.
He mentioned last month's attack on the Indian embassy in Kabul, saying it had cast a "shadow over efforts to normalise relations with Pakistan and to bring a lasting and honourable peace in our region".
Addressing the country from the heavily-guarded Red Fort, the Prime Minister said he had personally conveyed his "concern and disappointment" to Pakistan over the Kabul embassy attack.
Afghanistan and India have blamed Pakistan's ISI for the July 7 suicide attack in which four Indians, including a Brigadier-level defence attache and a senior IFS officer, were among nearly 60 people killed.
Singh made it clear that Pakistan would have to end cross-border terrorism, saying without the issue being addressed "all the good intentions that we have for our two peoples to live in peace and harmony will be negated.
"We will not be able to pursue the peace initiatives we want to take. The terrorists and those who support them are enemies of people of India and Pakistan, of friendship between the two countries and of peace in the region and the world. We must defeat them."
Singh said India was seeking a peaceful, stable and prosperous neighbourhood and its foreign policy is based on these principles. "We wish all our neighbours well."
The Prime Minister noted that his government had strengthened relations with major powers and other countries of the world and said these efforts would continue, keeping in view the country's interests.
Strongly defending his government's decision to pursue the Indo-US nuclear deal, the Prime Minister said the agreement would end India's nuclear isolation and open up new pathways for industrialisation of the country.
He said the deal would help in providing electricity to meet the needs of farmers, artisans, traders and industry.
"The nuclear agreement that we are negotiating with developed countries will end India's nuclear isolation. It will open up new opportunities for trade in dual-use technologies, opening up new pathways to accelerate industrialisation of our country," Singh said.
He highlighted the handicaps affecting India's atomic energy programme, saying the nation had inadequate uranium production and the quality of uranium resources was not comparable to those of other producers.
"Many countries have imposed sanctions on trade with India in nuclear materials, nuclear equipment and nuclear technology. As a result, our nuclear energy programme has suffered," he said.
Singh acknowledged the concern that the rising prices had caused among the people and expressed his government's determination to bring inflation under "reasonable control".
During his 45-minute address, he also talked about the various initiatives and programmes taken by his government over the last four years, particularly in the areas of agriculture, healthcare, education, employment, urban renewal, rural development and infrastructure.

Read More...

Friday, August 8, 2008

တောင်ကုတ်မြို့ တွင် ဆန္ဒပြ.

8.8.2008

ယနေ့  နံနက် ၇ နာရီခန့် က တောင်ကုတ်မြို့ တွင် လူ ၇၀ ခန့်  စီတန်း လှည့် လည် ဆန္ဒပြ…..N L D အင်္ကျီများ ၀တ် ဆင် ထားကြ……တောင်ကုတ်မြို့ ဦးဥတ္တမလမ်းကနေ မြို့ ထဲ ထိ လျှောက်ပီးတော့ ရဲစခန်း ဘက်ကို လျှောက် အသွားမှာ ဂူတာရပ်ကွက် ညောင်ပင် အ၀ိုင်း အနား အရောက်မှာ ရဲတွေက ၀ိုင်း ဖမ်း……လူ ၅၀ ခန့်  အဖမ်းခံရတယ် လို့  မျက်မြင် တစ်ဦးက ဆို..ပါသည်..သူတို့ အေးဆေးစွာ ချီတက် ဆန္ဒပြ ခြင်းဖြစ်ပါသည်……အော်ဟစ်ခြင်း.တောင်းဆိုခြင်းများ မလုပ်ခဲ့ပါ…

၈.၈.၈၈ ထိမ်းအမှတ် ပြု လုပ်ခြင်းဖြစ်ယခု တောင်ကုတ်မှာမော်တော် ဆိုင်ကယ်တွေ နဲ့ရဲတွေ စစ်တပ်တွေကလည့်ပါတ်နေတာတွေ့ရပါသည်…အသေးဆိတ်အချက်များကိုဆက်လက်စုံစမ်းနေပါသည်..
from -http://dagon.burmabloggers.net/

Read More...

(၂၀)နှစ်မြောက် ၈၈၈၈ အမှတ်တရ။

13.6.2009

ကျောင်းသားခေါင်ဆောင်များ ပြောခဲ့သော ရဲရဲတောက်မိန်းခွန်းများ။



ကျွန်တော်တို့ခောတ်ရောက်တဲ့အခါတိုင်းတပါးကျွန်ဘဝကလွတ်မြောက်ပေမဲ့ ကိုယ့်အမျိုးသားချင်း နှိပ်စက်ခဲ့ကြတဲ့စစ်ကျွန်ဘဝကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တမျိုးသားလုံးကိုင်ဆောင်ခဲ့ရတဲ့ဒေါင်းအလံဟာဘယ်ကျွန်မှ ခံမှာမဟုတ်ပါဘူး။ ရှစ်လေးလုံးရဲ့အနှစ်သာရဟာ ဘယ်သူ့ကျွန်မှမခံဘူးဆိုတဲ့အနှစ်သာရပါပဲ။ ဒါကြောင့်-------
တိုင်းတပါးကျွန်၊ စစ်တပ်ကျွန် ။
ဘယ်ကျွန်မှ မခံ၊ဒေါင်းအလံဟေ့။
ကျောင်းနံရံတ ဝိုက်၊ ဒေါင်းအလံ ပြန်စိုက်မယ်။ (ကိုမင်းကိုနိုင်)














၁၉၇၄ ဥပဒေဟာ နိုင်ငံရေး ပြဿနာတွေကိုဖြေရှင်း နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ နောက်ငံသားတွေမှာ အထွေထွေအခက်အခဲဖြစ်ပြီး ပြောင်းလဲဖို့လိုအပ်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြုပြင်ပြောင်းလဲနိုင်ဖို့ ပျော့ပြောင်းမူမျိုးမရှိခဲ့လို့။ ဥပမာ -၇၄ဖွဲ့စည်းပုံမှာ လွတ်တော်ကိုယ်စလှယ်အားလုံးရဲ့ ၇၅%ကျော်က သဘောတူပြီးတဲ့နောက် ဆန္ဒခံယူပွဲ ကျင်းပပြီှးမှ ပြင်ဆင်လိုရမယ်လို့တင်းကြပ်ထားတဲ့အတွက် နောက်ဆုံး ပြုပြင်လို့မရတဲ့အဆုံး, ဖွဲ့စည်းပုံ ဥပဒေဘောင်မှာ ဖြေရှင်းလို့မရတဲ့အဆုံးမှာ သွေးထွက်သံယိုမူတွေနဲ့ ဖြေရှင်းခဲ့ရတာပါပဲ။ ယခုရေးဆွဲနေတဲ့ ဖွဲ့စည်းပုံဥပဒေဟာလည်း ၇၄ ဖွဲ့စည်းပုံထက် ပိုဆိုးပြီး စစ်တပ် အခွင့်အရေးအတွက် တဖက်သက်ရေးဆွဲပြီးတော့ ပြုပြင်ရခက်လောက်အောင်တင်းကြပ်ထားမယ်ဆိုရင် အလားတူသွေးထွက်သံယိုမူတွေ ဖြစ်လာအုံးမှာပဲလို့သတိပေးချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဖွဲ့စည်းပုံကို ကျွန်တော်တို့ကိုယ်တိုင် ၊နိုင်ငံသားတွေရဲ့ဆန္ဒနဲ့ ဆုံဖြတ်ပေးကြမယ်လို့ ဆော်ဩလိုက်တာဖြစ်ပါတယ်။ (ကိုကိုကြီး)















ကောင်းစားမှ ၊ပေါင်းစားမယ်ဆိုတဲ့အလုပ်ကို ။
သခင်ကြီးဘယ်တော့မှ မလုပ်ဘူး။
ဒီအလုပ်ကို။
ကျုပ်အဖိုးလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ကျုပ်အဖွားလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ကျုပ်အဖေလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ဒါကြောင့်ကျုပ်နာမည်၊သခင်ကြီး။
ကောင်းစားမှ၊ပေါင်းစားမယ်ဆိုတဲ့သူဟာ။
သုဿာန်ဇရပ်ပြတ်ကြီးပေါ်မှာထိုင်ပြီး၊
အပင်းအဆိပ်ကိုမြိုနေရတဲ့အတိုင်းပဲ။
ဒီအလုပ်ကိုကျုပ်လုပ်တာဟာ။
ကျုပ်တယောက်ကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ကျုပ်မိသားစုကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ကျုပ်တဆွေတမျိုးကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ဗမာပြည်သူပြည်သားတွေ၊
တောင်းမစားပဲ ကောင်းစားစေချင်လို့။
အဲဒီအလုပ်ဟာ နိုင်ငံရေးပဲ။ (သခင်ထင်အောင်)














ကျွန်တော်တို့ဒီနေ့ဒီရက်မှာ မြန်မာနိုင်ငံရဲ့သမိုင်းတစ်ခုကိုဖန်တီးခဲ့ကြတယ်။ဘယ်လူ့အဖွဲ့အစည်းမဆို ဒီလူ့အဖွဲ့အစည်းတစ်ရပ်ရဲ့စိတ်ဆန္ဒအတိုင်းပဲပြောင်းလဲရမှာဖြစ်တယ်။လူအဖွဲ့အစည်းရဲ့သဘောထားအမြင်မှန်တွေကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ ကလည်းတခါပြခဲ့ပြီးပြီ။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတုန်းကလည်းတစ်ကြိမ်ပြခဲ့ပြီးပြီ။ ဒီကနေ့ကျွန်တော်တို့နိုင်ငံသားအားလုံး စုပေါင်းပြီးတော့ပြရတော့မယ့်မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သတ်တဲ့အဆုံးအဖြတ်ပွဲတစ်ခုကိုကျွန်တော်တို့
ကြုံရပါတော့မယ်။ အဲဒါဟာပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့အရာဖြစ်တယ်။ ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ ကျွန်တော်တို့ရဲ့ခြေတွေလက်တွေ အနာဂတ်တွေကိုတုတ်နှောင်မယ့် စစ်အစိုးရရဲ့ တဖတ်သတ်ရေးဆွဲထားတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ကျွန်တော်တို့လူ့အဖွဲ့အစည်းအသီးသီးက လက်ခံမလား၊လက်မခံဘူး ငြင်းမလားဆိုတာ ပြတ်ပြတ်သားသား ပြရတော့မှာဖြစ်ပါတယ်။ (ကိုဋ္ဌေးကြွယ်)



ဒီနေ့မြင့်မားနေတဲ့ကုန်ဈေနူံး၊လူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ မတရားမူတွေကို ကျွန်မတို့က တောင်ဒဂုံဆင်းရဲသားရပ်ကွက်မှာနေရတော့ အများကြီးခံစားရပါတယ်။ ဒီနေ့အာဏာပိုင်တွေ အနိုင်ကျင့်တာတွေ၊မတရားဖမ်းဆီး အရေးယူမူတွေကိုကျွန်မတို့က လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအနေနဲ့မပြတ်မလပ်ပါဝင်ဆောင်ရွက်နေပါတယ်။
(ဒေါ်ခင်အေး၊တောင်ဒဂုံ။)














စစ်အာဏာရှင်အစိုးရရဲ့ မတရား ငြင်းပန်းနှိပ်စက်မူတွေကြောင့် ကျွန်မတို့အသက်ပေါင်းများစွာသွေးမြေကျခဲ့ရပါတယ်။ဒါတွေကို ရှေ့ဆက်ပြီးငြိမ်ခံနေမယ်ဆိုရင် ကျွန်မတို့ရဲ့သားစဉ်မြေးဆက် နောင်လာနောင်သားတွေ အကုန်လုံး ဒီလိုပဲဘဝဆိုးတွေနဲ့ ရင်ဆိုင်ရအုံးမှာဖြစ်တဲ့အတွက် ကျွန်မတို့ဒီလိုဘဝမျိုးတွေ ဒီလိုစနစ်ဆိုးတွေကို ဒီနေရာမှာချေဖျတ်သင့်ပြီးလို့ ကျွန်မတို့မှာတာဝန်ရှိတယ်လိုပြောချင်ပါတယ်။ ဒီနေ့ဒီအချိန်မှာ ကျွန်မတို့သူငယ်ချင်းတွေ ၊ညီအကိုမောင်နှမတွေ သွေး မြေကျခဲ့ကျတာကို ဒီလိုပဲငြိမ်ခံမနေပါနဲ့။စစ်အာဏာရှင်ရဲ့စစ်ဘိနပ်အောက်မှာ ငြိမ်ခံမနေပါနဲ့။လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားလုပ်ပါ။ပြတ်ပြတ်သားသားပြောပါ။ရဲ့ရဲ့ရင့်ရင့်ထွက်ကြပါ။ ဒီထဲမှာ ကျွန်မတို့အမျိုးသမီး တွေ ကျရာတာဝန်ကို ကျတဲ့နေရာက တာဝန်ယူဆောင်ရွက်ဖို့အရေးကြီးပါတယ်။ ခောတ်အဆက်ဆက်ကိုကြည့်မယ်ဆိုရင်ကျွန်မတို့အမျိုးသမီးတွေဟာဘယ်တော့မှအညံ့ခံခဲ့တာမရှိပါဘူး။ အင်္ဂလိပ်ခောတ် မှာ ကျွန်မတို့အမျိုးသမီးတွေ ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်ခဲ့တယ်။ ဂျပန်ခောတ်မှာလည်းတွန်းလှန်ခဲ့ကျတယ်။ ဒီနေ့စစ်အာဏာရှင် စစ်အစိုးရကို တွန်းလှန်ဖို့ ကျွန်မတို့အမျိုးသမီးတွေမှာ တာဝန်ရှိတယ်လို့တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေထွက်ကျပါ။
(မထက်ထက်ဦးဝေ၊ရွှေပြည်သာ)


နိုင်တဲ့သူတရားကြေးဆိုပြီး ၊
ကျည်ဆံနဲ့သမိုင်ရေးချင်ကျသလား။
ဟော့ဒီကျောင်းသားမျိုးဆက်ကုန်သွားမှ၊
အဲ့ဒီတရားကိုမင်းတို့ရမယ်။
နိုင်တဲ့သူတရားကြေးဆိုပြီး။
အမြောက်တွေနဲ့သမိုင်းရေးချင်ကျသလား။
ကောင်းကင်ပေါ်ကမိုးစက်တွေခြောက်ခန်းမှ၊
အဲဒီသမိုင်းကိုမင်းတို့ရမယ်။
တရားတဲ့သူသာ နိုင်ကြေးဟေ့။
(ကိုဂျင်မီ)


ကျွန်တော်တို့လက်ရှိပညာသင်ကြားနေရတဲ့ကျောင်းတွေမှာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့အခြေခံအခွင့်အရေးတွေဆုံးရူံးနေပါတယ်။ဒီဆုံရူံးမူတွေကို၊ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို တရားဥပဒေဘောင်အတွင်းကတောင်းဆိုခဲ့တာကို ကျွန်တော်တို့ကိုဆူပူအုံကြွအောင်လုပ်တယ်လို့ပြောတယ်။ ကျွန်တော်တို့ကိုဘယ်သူမှမြောက်ပေးခြင်းမရှိဘူးလို့ပြောချင်တယ်။ ပညာရေးဖြင့်ခောတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတည်ဆောက်နေပါတယ်ဆိုပြီးပြောတဲ့နေရာမှာ ကျွန်တော်တို့ပညာရေးနို့ချိုကိုသောက်သုံးတဲ့အခါ ရသင့်ရထိုက်တဲ့ ကျောင်းသားအခွင့်အရေးတွေမရမပဲ ဘယ်လိုတည်ဆောက်မှာလည်းလို့ အာဏာပိုင်တွေကိုမေးချင်ပါတယ်။
(စည်သူမောင်၊ ဒီငြိမ်းအေး ၊မျိုးဆက်သစ်)




၁၉နှစ်ရှိခဲ့ပါပြီ ကျွန်တော်တို့ကျောင်းတက်ခဲ့တုန်းက သင်ကြားခဲ့ရတဲ့ပညာတွေဟာ ကျွန်တော်တို့လူမျိုးတွေကို ဘယ်မှာလာပြီး အကျိုးပြုနိုင်လောက်တဲ့တက်မြောက်လောက်တဲ့ ပညာရေး ဖြစ်ခဲ့လို့လဲ။ ကျွန်တော်တို့ကျောင်းသားဆိုတာ မတရားမူကိုဘယ်တုန်းကမှ ငုံ့ခံခဲ့တဲ့ထုံးစံမရှိခဲ့ပါဘူး။ ကျွန်တော်တို့ပြန်ပြောချင်ပါတယ် ၁၉ နှစ်ရှိခဲ့ပေမဲ့၊စေးထန်းပြီး နက်မှောင်ကျယ်ကျုပ်နေတဲ့ကတ်တရာလမ်းတွေကို ရိုက်ခွဲကြည့်လိုက်စမ်းပါ။ တစိမ့်စိမ့်ဆိမ့်ရိုစီးကျလာတဲ့၈၈ ကျောင်းသားတွေရဲ့သွေးစက်တွေက ဒီကနေ့ထိအော်ဟစ်မြည်တမ်းနေတုန်းပဲ။ ဒါဟာ---ဒီမိုကရေစီ--ဒီမိုကရေစီး--ဒီမိုကရေစီ--။
(ကိုမြအေး)
(မှတ်ချက်) DVB အသံဖိုင်မှ ကူးယူ ဖေါ်ပြပါသည်။

Read More...

Thursday, August 7, 2008

မဲဆောက်မြို့ မယ်တော်ဆေးခန်းသို့ အမေရိကန်သမ္မတကတော် လော်ရာဘုရှ် အလည်အပတ်လာရောက်

7th August,
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်နှင့်အတူ အလည်အပတ် ရောက်ရှိနေ သည့် သမ္မတကတော် လော်ရာဘုရှ်သည် ယနေ့(၇-၈-၀၈)နေ့လည် (၁၂း၃၀)နာရီက မဲဆောက်မြို့ မယ်တော် ဆေးခန်းသို့ အလည်အပတ် ရောက်ရှိလာရာ မယ်တော်ဆေးခန်း တည်ထောင်သူနှင့် ဒါရိုက်တာ ဒေါက်တာ စင်သီယာမောင်က ပန်းစည်းများ ပေးအပ်ပြီး ကြိုဆိုနှုတ်ဆက်သည်။ ထိုနောက် သမ္မတကတော် လော်ရာဘုရှ် အား လွတ်မြောက်နယ်မြေမှ ရွှေ့ပြောင်းကျောင်းသူကျောင်းသားလေးများက ရိုးရာမြန်မာသီချင်းတပုဒ် သီဆို ပြီး ဂုဏ်ပြုဖျော်ဖြေသည်။


ထို့နောက် လော်ရာဘုရှ်နှင့် အဖွဲ့သည် ဒေါက်တာစင်သီယာမောင်နှင့်အတူ မယ်တော်ဆေးခန်းအတွင်း လှည့် လည်ကြည့်ရှုရာ ခြေတုလက်တုတပ်ဆင်ရေးဋ္ဌာနမှ တာဝန်ခံ စောမိုးကဲ၊ သားဖွားနှင့်ကလေးဆောင်မှ သူနာပြု နော်ဆိုဖီယာလှ၊ မျက်စိနှင့် ခွဲစိတ်ဋ္ဌာနမှ သူနာပြု တာမလာဝါးတို့က အသီးသီး ရှင်းလင်းပြောပြကြသည်။ ထို့နောက် လော်ရာဘုရှ်နှင့်အဖွဲ့သည် မယ်တော်ဆေးခန်း စာကြည့်တိုက်သို့ သွားရောက်ကာ ဆေးခန်း ဒါရိုက်တာ ဒေါက်တာစင်သီယာမောင်၊ ကလေးအခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးကော်မတီမှ ဦးသန့် ဇင်ကျော်၊ မြန်မာနိုင်ငံဆေးပညာရှင်များအသင်းမှ ဒေါက်တာခင်စောဝင်း၊ နိုင်အေးလွင်၊ မယ်တော်ဆေးခန်းမှ စောအောင်သန်းဝေ၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့မှ မန်းမန်းမန်း၊ မြန်မာရွှေ့ပြောင်း အလုပ်သမား ပညာရေးကော်မတီမှ နော်ပေါရေ၊ မြန်မာအမျိုးသမီးများအဖွဲ့ချုပ်မှ သူထိုက်စံနှင့် အိုင်အာစီမှ ဒေါက်တာညွန့်နိုင်သိန်းတို့ကို သီးသန့်တွေ့ဆုံပြီး ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ကျန်းမာရေး၊ ပညာရေး၊ အမျိုး သမီးရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် မေးမြန်းဆွေးနွေး သည်။


ထို့နောက် လော်ရာဘုရှ်သည် သတင်းထောက်များနှင့် တွေ့ဆုံကာ ဒေါက်တာစင်သီယာမောင်နှင့် မယ်တော် ဆေးခန်းမှ လုပ်ကိုင်ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် ဂုဏ်ပြုပြောကြားပြီး အမေရိကန်ပြည်သူများအနေနှင့် မြန်မာပြည်သူများနှင့် တသားတည်းရှိကြောင်း၊ မြန်မာပြည် ဒီမိုကရေစီရရှိ ရေးအတွက် အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် လော်ရာဘုရှ်နှင့် အဖွဲ့သည် နေ့လည် (၁း၃၀)နာရီခန့်တွင် မယ်တော်ဆေးခန်းမှ မဲဆောက်လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားသည်။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်သည် မယ်တော်ဆေးခန်းသို့ မလာရောက်မီ ယနေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်သည့် မယ်လ(ဘဲကလော်) ဒုက္ခသည်စခန်းသို့ သွား ရောက်လည်ပတ်ခဲ့သေးသည်။

အမေရိကန်သမ္မတကတော် လော်ရာဘုရှ်သို့ ဒေါက်တာစင်သီယာမောင်၏ ပေးစာ


From -http://drlunswe.blogspot.com

Read More...

လွတ်မြောက်မှုအတွက် ပေးဆပ်သူများ …

ကြည်ဝေ | သြဂုတ် ၇၊ ၂၀၀၈
ဖေဖေအိမ်မှာရှိသော ညများတွင် အိမ်ရှေ့တံခါးမကြီးဆီမှ တဒေါက်ဒေါက် တံခါးခေါက်သံ ကြားရသည့်အခါတိုင်း ဖေဖေ့ကို လာခေါ်ပြန်ပြီလားဆိုသည့် စိတ်ဖြင့် ထိတ်ခနဲဖြစ်သွားရသော ပူပင်ကြောင့်ကျမှုမျိုးနှင့် နေထိုင်ခဲ့ရသည်မှာ မမင်းမင်းထက် တို့လို မိသားစုတွေအတွက်ကတော့ ယခုဆိုလျှင် နှစ် ၂၀ ပြည့်ပြီဖြစ်သည်။
သူမတို့မိသားစု၏ ဘ၀ကို စတင်ပြောင်းလဲစေခဲ့သော ၁၉၈၈ ခုနှစ်တုန်းက သူမသည် အသက် ၈ နှစ် အရွယ်မျှသာ ရှိသေး သည်။ သို့ပေမယ့် အဖြစ်အပျက်တချို့ကိုတော့ သူမ ကောင်းကောင်းမှတ်မိနေခဲ့သည်။
ထိုစဉ်က ဖေဖေသည် ညတိုင်းလိုလိုပင် ရေဒီယိုနားထောင်တတ်တာ သူမ မှတ်မိသည်။ ပြီးတော့ တရက်တွင် သူမ၏ ဖေဖေ သည် နဖူးပေါ်တွင် အနီရောင် အစတစကို စီးထားပြီး အိမ်ပြန်လာသောအခါ သူမကို ပွေ့ချီရင်း သူ့လက်မောင်းတွင် စည်းထားသော အနီရောင်အစလေးကို ဖြုတ်ကာ သူမ၏ လက်မောင်းရင်းတွင် စည်းပေးခဲ့တာ အမှတ်ရသည်။
ဖေဖေပေးသော အနီရောင်အစလေးကို သူမလက်မောင်းမှာ အမြဲတမ်းစည်းထားခဲ့ပြီး သူငယ်ချင်းတွေနှင့်အတူ “ဒို့အရေး” လုပ်တမ်းကစားခဲ့ကြတာ အမှတ်ရသည်။


ပြီးတော့ သေနတ်သံတွေကြားသည့်နေ့က ကစားနေသော သူမကို မေမေက အိမ်ထဲဆွဲခေါ်ခဲ့ပြီး ခုတင်အောက်တွင် ၀ပ်ခိုင်း နေခဲ့တာ၊ ခုတင်အောက်မှာ အကြာကြီးနေရသောကြောင့် ညောင်းလာသည့်အတွက် လှဲအိပ်ရာမှ သူမ အိပ်ပျော်သွားခဲ့တာ လည်း မှတ်မိခဲ့သေးသည်။

နောက်တော့ အရေးအခင်းဖြစ်နေစဉ်တွင်းမှာပင် ရက်ကြာလာသည်နှင့်အမျှ သူမတို့အိမ်မှာ စားစရာ ဆန်မရှိ တော့သလို၊ အိမ်နားက အိမ်တွေမှာလည်း စားစရာ ဆန်မရှိတော့သောကြောင့် အဒေါ်ရဲ့ ပဲစက်ထဲက ကုလားပဲ တွေကိုယူပြီး ပြုတ်စား ကြရတာ၊ နောက်တော့ ဖေဖေ့ကို လာခေါ်သွားကြပြီး ရက်တော်တော်ကြာ မတွေ့ရတော့ တာ တွေကို မှတ်မိနေခဲ့သည်။
သူများတွေပြောစကားအရ ဖေဖေက ဒို့အရေးလုပ်သောကြောင့် အဖမ်းခံရသည်ဟု သူမ ကြားလိုက်ရသည့် အတွက် ဖေဖေ့ကို တွေ့ချင်သည့်စိတ်နှင့် ဖေဖေ့လို အဖမ်းခံရအောင် ဒို့အရေးလုပ်မည်ဟု စဉ်းစားကာ သူမသည် ဖေဖေပေးခဲ့သော အနီရောင်အစလေးကို နဖူးပေါ်မှာစည်း၊ အိမ်ရှေ့က လမ်းမပေါ်မှာ ဒို့အရေးအော်တော့ ၄ နှစ် အရွယ် ညီမလေးကလည်း သူလည်း ဖေဖေ့ကို တွေ့ချင်သည့်အတွက် အဖမ်းခံမည်ဟုဆိုကာ သူမနောက် လိုက် ပြီး ဒို့အရေး အော်ခဲ့တာ၊ သူမတို့ ညီအမနှစ်ယောက် ဒို့အရေးအော်နေသည်ကို မြင်တွေ့သွားသော အဒေါ် က မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြေးလာပြီး နှစ်ယောက်စလုံးကို ချိုင်းမှ လက်တဘက်ဆီဆွဲကာ အိမ်ထဲ ဆွဲသွင်း ခဲ့ တာလည်း သူမ မမေ့ခဲ့ပါ။
"အဲဒီတုန်းက အဒေါ်က ကျမတို့ကိုပြောတယ်၊ ဒို့အရေးအော်ရင် သေနတ်နဲ့ပစ်သတ်ခံရလိမ့်မယ်၊ မအော်ရဘူးတဲ့၊ အဲဒီလို ပြောပြီး ဖေဖေပေးခဲ့တဲ့ အစ အနီလေးကို သိမ်းသွားတယ်" ဟု ၁၉၈၈ လူထုဆန္ဒ ပြပွဲတွင် ပါဝင်ခဲ့သော နိုင်ငံရေးသမား တဦး၏ သမီးဖြစ်သူ မမင်းမင်းထက် ကပြောပြခဲ့သည်။
ထိုစဉ်က ဆန္ဒပြကြသော ကျောင်းသားများကို စစ်သားများက ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ သုံးထောင် ထက် မနည်း သေဆုံးခဲ့သည်ဟု အဒေါ်ဖြစ်သူ ထံမှ ကြားသိခဲ့ရကြောင်း မမင်းမင်းထက်က ပြောဆိုသည်။
"ဒေါ်လေးပြောစကားအရ ဆိုရင် အင်းလျားကန်ကရေဆိုတာ သွေးရောင်ကို လွှမ်းနေတာပဲ၊ တံတားဖြူနားမှာ ကျောင်းသား တွေကို စစ်သားတွေက သံတုတ်တွေနဲ့ ရိုက်တဲ့ တခွပ်ခွပ်ဆိုတဲ့ အသံတွေကို တံတားဖြူနားက အိမ်တိုင်းလိုလို ကြားရတယ်" ဟု သူမက သူမဒေါ်လေးထံမှ ကြားရသည်ကို ပြန်ပြောပြခဲ့သည်။
ထိုစဉ်က သူမ၏ ဒေါ်လေးမှာ အာစီထဲတွင် ကျောင်းတက်နေခဲ့သူဖြစ်ပြီး စစ်သားများက ကျောင်းသားများကို လိုက်လံ ဖမ်းဆီးသည့်အခါ တံတားဖြူထိပ်မှ အိမ်တအိမ်ထဲသို့ ၀င်ရောက် ပုန်းခိုနေခဲ့ရခြင်းဖြစ်ကြောင်း သိခဲ့ရ သည်။
မမင်းမင်းထက်၏ ဖခင် ဦးရဲထက်သည် ၈ လေးလုံး အရေးတော်ပုံအတွင်း မြို့နယ်တခု၏ သပိတ်ကော်မတီတွင် ပါဝင်ခဲ့ သောကြောင့် စစ်အစိုးရက ၁၉၈၈ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ဖမ်းဆီးပြီး ၅၀၅(ခ)ဖြင့် တရားစွဲကာ ပြစ်ဒဏ် ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။
၈၈ နောက်ပိုင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရသော နိုင်ငံရေးသမားများ၊ ဒေသဆိုင်ရာ မြို့နယ်များအလိုက် ဖြစ်ပေါ်လာသော လူထုခေါင်းဆောင်များသည် နိုင်ငံရေးပါတီများသို့ဝင်ရောက်ခဲ့ကြသည်။ ဦးရဲထက်သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ၀င်ရောက်ခဲ့ပြီး စည်းရုံးရေးမှူးတယောက်ဖြစ်လာခဲ့သည်။
ထိုအချိန်ကစပြီး စစ်ထောက်လှမ်းရေးများက အင်အားအများဆုံးပါတီတခုဖြစ်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးသမားများကို မကြာခဏ ဖမ်းဆီးလိုက်၊ ပြန်လွှတ်ပေးလိုက်၊ ပြန်လွှတ်ပေးပြီး မကြာခင် ပြန် ဖမ်းဆီးလိုက်နှင့် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လာ သည်မှာ ၁၉၈၈ခုနှစ်မှ ယနေ့ထိတိုင် ဖြစ်ကြောင်း သိရှိရသည်။
"ဥပဒေအရ ဆိုရင် လူတယောက်ကို ၂၈ ရက်ထက်ပိုပြီး ဖမ်းဆီးထိန်းသိမ်းထားလို့မရဘူး၊ ဒါပေမယ့် အာဏာရှင် စစ်အစိုးရ ကတော့ ၁၉၈၈ ကနေ ၁၉၉၀ ထိ ၂ နှစ်ကျော်ကြာအောင် ထောင်ချတယ်၊ နောက် ၁၉၉၂ မှာ လပိုင်း လောက်အချုပ်ခံရတာ ၊ ၁၉၉၅ မှာလည်း ၃ လလောက် အဖမ်းခံထားရတယ်၊ နောက် ၁၉၉၈ ကနေ ၂၀၀၆ ထိ ၂နှစ်နဲ့ ၈ လ ကြာအောင် အဖမ်းခံခဲ့ ရတယ်၊ ဒါဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဖမ်းထားတာ" ဟု ဦးရဲထက်က ပြောဆိုသည်။
ဦးရဲထက် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စား လှယ်များ နှင့် ပါတီစည်းရုံးရေးမှုးများကို စစ်ထောက်လှမ်းရေးများက မည်သို့သော အကြောင်းပြချက်မှ မပေးဘဲ ၄င်းတို့ နေအိမ်မှ မကြာခဏဆိုသလိုပင် ဖမ်းဆီးသွားလေ့ရှိပြီး ရဲမွန်တပ်နယ်တွင် လည်းကောင်း၊ သံလျင်ခြေမြန် တပ်ရင်းတွင် လည်းကောင်း ချုပ်နှောင်ထားခဲ့ကြောင်း သိရှိရသည်။
မမင်းမင်းထက်တို့လို မိသားစုဝင်များအနေနှင့် ဖခင်အိမ်ပြန်ရောက်လာပြီဆိုသော်လည်း ဘယ်နေ့ပြန်လာခေါ်ဦးမလဲ ဆိုတာ ကိုပင် အမြဲပူပန်နေရကာ စစ်ထောက်လှမ်းရေးများ လာခေါ်ပါက အဆင်သင့်ထည့်ပေးလိုက်နိုင်ရန် အတွက် ကော်ဖီမစ် ထုတ်များ၊ သောက်နေကြဆေးများ၊ ခေါက်ဆွဲခြောက်ထုတ်များစသည်တို့နှင့် အသုံးအဆောင် ပစ္စည်းတချို့ကို အိတ်တလုံး ထဲတွင် စုထည့်ပြီး အမြဲအဆင်သင့်ဆောင်ထားခဲ့ရကြောင်း ၄င်းမိသားစုဝင်များ၏ ပြောပြချက်များအရ သိရှိရသည်။
"သူတို့က လူခြေတိတ်တဲ့ ည ၁၁ နာရီ ၁၂ နာရီလောက်ဆိုရင် အိမ်ရှေ့မှာ တံခါးလာခေါက်ပြီ၊ သူတို့ တံခါး ခေါက်သံက သူများတွေရဲ့ တံခါးခေါက်သံနဲ့ မတူတော့ ကြားရင် သူတို့ပဲ ဆိုတာ သိတယ်၊ ဒါဆို အမေက ဖေဖေ့ အတွက် ပြင်ဆင်ထား တဲ့ အိတ်ကလေးကို ဆွဲထုတ်လာတော့တာပဲ" ဟု မမင်းမင်းထက်က ဆိုသည်။
ထို့ပြင် စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားသူများအား ရှေ့နေဆိုလျှင် ရှေ့နေလိုင်စင်သိမ်းခြင်း၊ ဆရာဝန်ဆိုလျှင်လည်း ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသလို၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများကိုလည်း အဆိုပါ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိစေရန်အတွက် အကိုင်းချိုင်ခြင်း မူဝါဒကို သုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကိုင်ချိုင်ခြင်းမူဝါဒ ဟူသည်မှာ အပင်တပင်လုံး၏ အကိုင်းအခက်များကို ဖြတ်တောက်ပစ်ပြီးနောက်ဆုံး အပင် ကိုယ်ထည် ချည်းပဲ ထားခဲ့သော မူဝါဒ ဖြစ်ကြောင်း သိရသည်။
၈၈ မတိုင်မီ ပုံနှိပ်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့သူ နိုင်ငံရေးသမားတဦးအား ၁၉၉၀ ခုနှစ်တွင် အဆိုပါ လုပ်ငန်း လိုင်စင် သက်တမ်းတိုးသည်ကို သက်တမ်းတိုးခွင့်မပြုတော့သောကြောင့် အဆိုပါ ပုံနှိပ်တိုက်ပိတ်ပစ်ရခြင်း၊ စားသောက်ဆိုင် ဖွင့်ထားသော နိုင်ငံရေးသမားတဦး၏ ဆိုင်ကိုလည်း ဆိုင်မှာ ကျန်းမာရေးနှင့်မညီညွှတ်ဟု ဆိုကာ ဆိုင်ပိတ်ပစ်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးသမားများ ရပ်တည်ရေးခက်ခဲစေရန် နည်းလမ်းမျိုးစုံနှင့် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ နိုင်ငံရေး သမားများက ပြောဆိုကြသည်။
"ကျနော် အဖမ်းခံရပြီးကတည်းက မိန်းမက မိသားစု စားဝတ်နေရေးအတွက် ရှိတာလေးတွေ ထုခွဲပြီး ကွန်ပျူတာလေး ၁ လုံး ၀ယ်ပြီးစာစီစာရိုက်လုပ်ငန်းလေး လုပ်ဖို့ ကြိုးစားတယ်၊ စည်ပင်သာယာဥပဒေအတိုင်း လိုအပ်တာတွေ အကုန်လုပ် တယ်။ ဒါပေမယ့် စာပေစိစစ်ရေးနဲ့ ပုံနှိပ်ဥပဒေအရ ကွန်ပျူတာကို လိုင်စင်လုပ်ရမယ်ဆိုလို့ လိုင်စင် သွားလုပ်တော့ နေ့ရွှေ့ ညရွှေ့နဲ့ လိုင်စင် ထုတ်မပေးဘူးနောက်တော့ ကွန်ပျူတာကို ပြန်ရောင်းလိုက်ရ တော့တာပဲ"ဟု ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ၄င်း၏ အဖြစ်အပျက်ကို ပြောပြသည်။
ထိုနည်းအတိုင်းပင် မိသားစု စားဝတ်နေရေးအတွက် လက်ဖက်ရည်ဆိုင်လေးတဆိုင်ဖွင့်ပြီး စီးပွားရှာနေသော မမင်းမင်း ထက်တို့၏ မိခင်ကိုလည်း လက်ဖက်ရည်ဆိုင်အတွင်း နှစ်လုံးထီ ရောင်းချသူများကို ရောင်းချခွင့်ပြု သည်ဟုဆိုကာ ဆိုင်ပိတ် ပစ်လိုက်ကြောင်း မမင်းမင်းထက်၏ ပြောပြချက်အရ သိရသည်။
ထို့အတူပင် နိုင်ငံရေးမိသားစုတစုက မိသားစုစီးပွားရေးလုပ်ငန်းတခုအနေနှင့် ဗီဒီယိုအခွေငှားဆိုင် ဖွင့်ခဲ့ရာ၊ နိုင်ငံခြားဇာတ် ကားများ ဆိုင်တွင် ထားရှိသည်ဟူသော ပြစ်မှုနှင့် ဆိုင်ကို ပိတ်ပြီး၊ ပြစ်ဒဏ်ချခဲ့ကြောင်း၊ မြန်မာ နိုင်ငံတ၀န်းရှိ ဗီဒီယို အခွေငှားဆိုင်များသည် နိုင်ငံခြားဇာတ်ကားပါ ဗီဒီယိုခွေများ၊ ဗီစီဒီများ၊ ဒီဗီဒီများကို နားလည် မှုဖြင့် ငှားရမ်းနေကြသော် လည်း နိုင်ငံရေးနှင့်ပတ်သက်သော မိသားစုဝင်များကတော့ အများသူငါ တွေလို စီးပွား ရေး ကို လုပ်ပိုင်ခွင့်မရခဲ့ကြောင်း သိရှိရသည်။
"၈၈ နောက်ပိုင်းကတည်းက သူတို့က ခဏခဏလာဖမ်းတော့ စီးပွားရေးလည်းမလုပ်နိုင်တော့ဘူး၊ အိမ်ကို ပိုက်ဆံမပေးနိုင် တော့ဘူး၊ မိသားစု စားဝတ်နေရေးအတွက် ဘာမှကို လုပ်မပေးနိုင်တော့ဘူး၊ ပြီးတော့ သားတွေ သမီးတွေကိုလည်း မစောင့် ရှောက်မသွန်သင်နိုင်တော့ဘူး၊ အဲဒီအတွက် မိသားစုထဲမှာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ တယ်၊ ဥပမာ တခုပြောရမယ်ဆိုရင် သမီးကြီး အိမ်ထောင်ကျသင့်တဲ့ အချိန်ထက် စောပြီးအိမ်ထောင်ကျသွား တယ်၊ သားတွေ ဆယ်တန်းမအောင်ဘူး၊ အဲဒီလို မိသားစု ဘ၀ ကိုပေးခဲ့ရတယ်" ဟု စစ်ကိုင်းတိုင်းမှ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပြခဲ့သည်။
စစ်အစိုးရသည် နိုင်ငံရေးသမားမိသားစုဝင်များ၏ စားဝတ်နေရေးအခက်အခဲရှိစေရန် ၄င်းတို့၏စီးပွားရေး လုပ်ငန်း များကို အကြောင်းအမျိုးမျိုးနှင့် နှောင့်ယှက်ဖျက်ဆီးခြင်း၊ မိသားစုဝင်များကို ဖိနှိပ်ခြင်းများ ပြုလုပ် လျက်ရှိသော ကြောင့် တချို့ နိုင်ငံရေးသမားများမှာ အခြေအနေအရ နိုင်ငံရေးလောကကို ကျောခိုင်းသွားရခြင်း များရှိလာသည် ကို တွေ့မြင်ရသည်။
"၁၉၉၈ ခုနှစ်မှာ ပြန်လွတ်လာတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေ တော်တော့ကို ဆိုးနေတာတွေ့ရတယ်၊ အမေ့ အိမ်ကို ပေါင်ထားရတဲ့အပြင် သားကြီးကိုလည်း ကျောင်းဆက်မထားနိုင်လို့ အဝေးသင်ပြောင်းခိုင်းပြီး မိသားစု စား ၀တ်နေရေး အတွက် အလုပ်ဝင်ခိုင်းထားရတယ်၊ ကျနော် တော်တော်ကိုစိတ်မကောင်းဖြစ်သွားမိတယ်၊ ဒါပေမယ့် မိသားစုက ကျနော့်ကို ပါတီထဲကနေ ထွက်ပေးပါလို့ မတောင်းဆိုပါဘူး" ဟု မန္တလေးတိုင်းမှ နိုင်ငံရေးသမားတဦး က ၄င်းတို့မိသားစု အခြေအနေ ကို ပြောပြသည်။
မမင်းမင်းထက်တို့ သည်လည်း ဖခင် ဦးရဲထက် မကြာခဏဖမ်းဆီးခံနေရသောကြောင့် အိမ်၏ စီးပွားရေးကို မိခင် ဖြစ်သူက ခက်ခဲပင်ပန်းစွာ ဦးဆောင်ခဲ့ရပြီး ဆင်းရဲကြပ်တည်းစွာ ကျောင်းတက်ခဲ့ရကြောင်း၊ ကျောင်းတက် စဉ် ကာလများတွင် မမင်းမင်းထက်တို့ညီအစ်မ၂ ယောက်ကို အိမ်မှ ကျောင်းမုန့်ဖိုးမပေးနိုင်ခဲ့သလို တခါတရံ ဘတ်စ် ကားခပင် မရှိသောကြောင့် ကျောင်းပျက်ခဲ့ရသည့်နေ့များရှိခဲ့ကြောင်း၊ မမင်းမင်းထက်မှာ အစ်မကြီးဖြစ်သော ကြောင့် အထက်တန်းအောင်ပြီးကတည်း က အဝေးသင်တက်ကာ ကလေးတွေကို ဂိုက်သဘောမျိုး အိမ်လိုက်ပြီး စာသင်ပေးသည့်အလုပ်ကို လုပ်၍ မိသားစုစားဝတ် နေရေးကို ဖြည့်ဆည်းခဲ့ရကြောင်းပြောပြသည်။
နိုင်ငံရေးသမားမိသားစုဝင်များအနေနှင့် ယနေ့ထိအောင်ပင် ဖိနှိပ်ခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးသမားတဦး၏ သားဖြစ်သူ ကိုအောင်နိုင်ကလည်း ပြောဆိုသည်။
"ကျနော်တို့တွေကို စစ်အစိုးရက သူများတွေနဲ့ တန်းတူအခွင့်အရေးဘယ်တော့မှ မပေးခဲ့ဘူး၊ သူများတွေ လုပ်လို့ ရတဲ့ အလုပ်တွေကို ကျနော်တို့လုပ်လို့မရဘူး၊ ပတ်ဝန်းကျင်မှာလည်း သူ့အဖေဟာ နိုင်ငံရေးသမားတယောက် ဆိုတဲ့ အမြင်ကို အတိုင်းအတာတခုထိ လွှမ်းမိုးအောင် လုပ်ထားတယ်" ဟု သူက ဆိုသည်။
သူသည် ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပံ္ပဘွဲ့ကို ရရှိခဲ့ပြီး မဟာသိပ္ပံဘွဲ့ကို ဆက်တက်ခဲ့သော်လည်း သူဖြစ်ချင် သော တက္ကသိုလ် ဆရာတယောက်ဖြစ် မလာခဲ့ဟုသိရသည်။
မဟာတန်းတက်နေသူများနှင့် မဟာဘွဲ့ရများ မည်သူမဆို လျှောက်ထားပါက ၉၉ ရာနှုန်း သေချာလေ့ရှိသော တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်မှာ သူကတော့ ရှားရှားပါးပါး ၁ ရာနှုန်းထဲတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း ပြောပြ သည်။
၁၉၈၈ ခုနှစ် မတ်လတွင်မွေးဖွားခဲ့သော နိုင်ငံရေးသမားတဦး၏ သမီးမှာ သူမအနေနှင့် ဖခင်ဖြစ်သူနှင့် အတူတူ နေရသည် မှာ ရက် ၃၀ ပင် မပြည့်ခဲ့ကြောင်း ပြောပြသည်။
ဖခင်ဖြစ်သူမှာ ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ တကြိမ်၊ ၁၉၉၂ ခုနှစ်မှ ပြန်အဖမ်းခံလိုက်ရသည်မှာ ၂၀၀၄ ခုနှစ်တွင် အင်းစိန် ထောင်မှ ပြန်လွတ်လာခဲ့ပြီး အိမ်သို့ ပြန်ရောက်ပြီးမကြာခင်မှာပင် ကွယ်လွန်သွားခဲ့သည်ဟု သိရှိရသည်။
“အဖေက အိမ်မှာထက် ထောင်မှာက များတော့ အဖေ့မျက်နှာကို သေချာတောင် မမှတ်မိဘူး၊ သေသွားတဲ့နေ့မှ အ၀ ကြည့်လိုက်ရတယ်”ဟု သူမက ပြောပြခဲ့သည်။
(အမည်ရင်းများကို လုံခြုံရေးအရ လွှဲ၍ဖော်ပြထားပါသည်)
ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်။

Read More...

ရှစ်လေးလုံး အရိပ်မည်း

7th August,


အနှစ်နှစ်ဆယ်ဆိုတာ ဒီနေ့ပဲ
အတိတ်တစ္ဆေတွေ ခြောက်လှန့်နေရင်း
အာဏာရှင်များရဲ့ ကြမ်းတမ်းရက်စက်မူများ
တစတစ ပိုမိုကြီးထွားလာနေခဲ့တယ်။
အစားပြန်မရဘဲ ငွေဖြူတွေကိုငွေမည်းလုပ်လို့
ပြည်သူတွေကို နှိပ်စက်ခဲ့တယ်။
မောင်ဖုန်းမော်နဲ့ကျောင်းသားများစွာကို သတ်ဖြတ်လို့
ရှစ်လေးလုံးဟာ ရုပ်လုံးကြွခဲ့တယ်။

လူတွေကို ပေါ်တာထုတ်ရင်း ညှင်းဆဲခဲ့
လူသားတွေကို မိုင်းရှင်းကရိယာအဖြစ် အသုံးပြုခဲ့
ရဟန်းသံဃာတော်များ၊ဆရာဝန်များ
သူနာပြုများ၊၀န်ထမ်းများ
ကျောင်းသားများ၊ပြည်သူများ
ထောင်တွင်းအကျဉ်းချလို့
အသတ်ခံခဲ့ရ၊နှိပ်စက်ခံခဲ့ရ၊ရိုက်ပုတ်ခံခဲ့ရ
ရက်စက်မှု ကန်းကုန်အောင်ကျင့်လို့
ကျောင်းသူများကို အဓမ္မပြုကျင့်ခဲ့ရင်း
ရှစ်လေးလုံးဟာ ပိုမိုရက်စက်ကြမ်းကြုတ်လာခဲ့တယ်။

ကျောင်းသား သမဂ္ဂ အဆောက်ဦးကို ဖြိုခွဲလို့
တစ်ပါတီအာဏာရှင်စနစ်ဟာ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့
လက်ရဲဇက်ရဲ လူသတ်သမားတွေဖြစ်လာခဲ့တယ်။
အကြောက်တရားနဲ့ ဖိနှိပ်ရင်း
လူတွေကို ညှာတာစိတ်ကင်းမဲ့လာခဲ့တယ်။
ဒီလိုနဲ့
မိုက်ရူးရဲဆန်တဲ့ စနစ်ဆိုးကြီးအောက် ပြားပြားမှောက်ရင်း
ဒီပဲယင်းလူသတ်မှုတွေ
စက်တင်ဘာ လူသတ်မူတွေကို
ဗြောင်ကျကျ ကြူးလွန်းလာခဲ့ရင်း
ပြည်သူတွေရဲ့သွေးတွေ အခုထိမခမ်းခြောက်သေးဘူး။
အာဏာရှင်စနစ်ဆိုးရဲ့ ၀ပ်ကျဉ်းထဲ
ဘ၀တွေ ယဇ်ပူဇော်ခံရရင်း
ရှစ်လေးလုံးရဲ့ အရိပ်မည်းကြီးဟာ
အခုထိခြောက်လှန့်နေဆဲ။
ကြောက်စိတ်တွေဖျောက် လမ်းတွေလျှောက်လို့
အာဏာရှင်တော်လှန်ရေး သွေးအေးလို့မဖြစ်ဘူး။
ဆာ့ဒ်တွေ၊ပိုလန်ပြည်သူတွေ၊ချီလီတွေကို အတုယူပါ
ဒိန်းမတ်၊အာဖရိက၊အိန္ဒြိယတွေကို အားကျပါ
မျက်စေ့ဖွင့် နားစွန့်ရင်း
လက်တစ်ဆုတ်စာ အာဏာရူးတွေကို
တွန်းလှန်ကြဖို့လိုတယ်။
အာဏာရှင်ဆိုတာ လွယ်လွယ်နဲ့ဖြုတ်ချလို့ မရဘူး
လက်တွေရဲရင့်ဖို့လိုတယ်
ခြေတောက်တွေ သန်မာဖို့လိုတယ်
အတွေးတွေ စူးရှဖို့လိုတယ်
ဓမ္မကိုအနိုင်ယူသွားတဲ့ အဓမ္မဆိုတာ
ဘယ်တော့မှ မရှိခဲ့သလို
ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။
ငါတို့အားလုံး
သွေးချင်းနီးလို့၊လက်ချင်းဆက်လို့
မနက်ဖန်ဆိုတာ
အာဏာရူးတွေရဲ့ နိဂုံးပဲ။
(အနှစ်နှစ်ဆယ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံကို ဂုဏ်ပြုပါသည်)
ရာဇာစိုး၊ရန်ကုန်။
from MSMA,

Read More...

Bush in Thailand on Asian tour

7th Auguest,

President Bush is in Thailand, the latest stop on his Asian tour, before he goes to China for the opening of the Olympic Games on Friday.
That date coincides with the twentieth anniversary of a democracy uprising in Burma which was crushed by the military, and Mr Bush is expected to meet activists who took part and had to flee to Thailand.
Mr Bush is also expected to address the current political situation in Thailand's neighbouring country when he makes what US officials describe as a wide ranging speech on American policy in Asia on Thursday.
U Aung Zaw, editor with the Irrawaddy magazine, is among about 10 Burmese dissidents and activists who will have lunch with the President.
He told BBC Burmese Service that Mr Bush will set an example for his successor president to follow at least his steps of encouraging Burmese democratic movement.
In another development, first lady Laura Bush, who backs Burma human rights as a personal cause, travels to the Thai-Burma border to meet Burmese refugees.
And she is expected to visit a health clinic.

from BBC Burmese News,

Read More...

မဝေးတော့သည့်အနာဂတ်

(၁)
ပြီးခဲ့သည့် စက်တင်ဘာ ရွေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် မိမိတို့သံဃာများထံသို့ လူထုထံမှ ပဲတင်ထပ်သံ များ နားနဲ့မဆန့်အောင်ကြားခဲ့ရ၏။ မိမိအားလည်း ဒကာနှစ်ဦးထံမှ သူတို့ရဲ့အမြင် တွေကို ပြောလာတာကို ကြားခဲ့ရပါတယ်။ တစ်ဦးကတော့ “ဦးဇင်းတို့ တွေဒီလို ငြိမ်းငြိမ်းချမ်းချမ်း အမှန်တရားဘက်က ဖေါ်ထုတ်ပေး ကြတာ တပည့်တော်တို့ဂုဏ်ယူပါတယ် ဘုရား။ ဒီလိုသာမီးမောင်းထိုးမပြရင် ဒီ စစ်အစိုးရ အုပ်ချုပ်နေတဲ့အမှား ယန္တယား ကြီး ဟာ ကြာလာရင် ပြည်သူတွေ အမှန်ထင်လာနိုင်တယ်ဘုရား။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သတင်းနဲ့ပြန်ကြား ရေး ကို ချုပ်ကိုင်ထားတော့ ပြည်သူတွေနားထဲ၊မျက်စိထဲကို ဝါဒ ဖြန့် မိုးလုံးပြည့် မုသာဝါဒတွေ၊ ဝါဒဖြန့် သတင်းဓါတ်ပုံ၊ရုပ်ရှင်၊ဗွီဒီယို စတဲ့ မဟုတ်မမှန်တာကို ဟုတ်မှန်သယောင် လုပ်ကြံ ပစ်သွင်းနိုင်တာကိုးဘုရား။ ယခုတော့ကမ္ဘာကကော၊မြန်မာကကော ဦးဇင်းတို့ကျေးဇူးကြောင့် မြန်မာဆိုတာ မဟုတ်တာကို ငုံ့ခံတက်တဲ့သူမဟုတ်ဘူးဆိုတာ အရင်ထက်ပိုသိလာကြပြီဘုရား။ တပည့်တော်တို့မှာ လည်း တာဝန်ရှိ ပါတယ်ဘရား၊ ဆရာဒကာ လက်တွဲ၍ အမှန်တရားကို ဖေါ်ထုတ်သွားကြ တာပေါ့ဘုရား”။

အခြားတဦးထံမှလည်း အထက်ပါနှင့်မတူသော အယူအဆကိုကြားရပြန်ပါသေးတယ်။”ဦးဇင်းတို့ ရေ ညောင်သီးလည်းစာပေါ့၊သို့သော် လေးသံလည်းနားထောင်အုံးဘုရား။ တပည့်တော်လည်း ဒီစစ်အစိုးရကို မကြိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဝဋ်ကြွေးကြောင့်ပဲ ဒီမင်းဆိုးမင်းညစ်နဲ့နေနေရတာပဲ လို့ သက်မှတ်ပြီး မချစ်သော်လည်းအောင့်ခါနှမ်းနေရတယ်။ ဦးဇင်းသိတဲ့အတိုင်းဒီလိုမှ မနေရင် တပည့်တော်တို့ဆွေစဉ်မျိုးဆက် စစ်အစိုးရ နှိပ်စက်လို့နလံထူနိုင်မှာ မဟုတ်ဘူး ဘုရား”။
အထက်ပါစကားနှစ်ရက် အနုသန္ဓေစပ် ကြည့်သောအခါ ပထမဒကာ၏စကား ရပ်၌ သံဃာတွေ အမှန်တရားကို ဖေါ်ထုတ်ပေးခဲ့လို့ အမှန်တရား ကို လူတွေသိခွင့် ရခြင်းဖြစ်၏။အကယ်၍သာ မဖေါ်ထုတ်ခဲ့ရင် “အမှားကြာလို့အမှန်ထင်၊ အမှန်စင်စစ်၊အမှားဖြစ်လိမ့်”။ဆိုတဲ့အတိုင်း အမှားသံသရာက ပြည်သူတွေရုန်းထွက်နိုင်မှာ မဟုတ်ကြောင်း ဝဏ္ဏနာသံ(ချီးမွှမ်းမြှောက်ပင့်သံ) ဖြင့် ပြောကြားတဲ့အသံဖြစ်ကြောင်းမိမိယူဆမိ၏။ ဒုတိယ တစ်ဦး၏အသံကတော့ နိုင်ငံရေးနဲ့ပတ်သတ် ၍ သံဃာတွေ အပေါ်မှာကော၊ သူနှင့်သူ့မိသားစုအပေါ်မှာကော စိုးရိမ်ကြောင့်ကြစိတ် တွေ ပြည့်နှပ်နေသော အသံဖြစ်ကြောင်းသိသာထင်ရှား လှ ပေ၏။

(၂)
မြန်မာနိုင်ငံ၌ ယခုရင်ဆိုင်နေရသော ဒုက္ခများ သက်ဆိုးရှည်အောင် လက်ရှိစစ်အစိုးရ သည် အကြောက်တရားများ ဖြင့် ခြိမ်းခြောက်ပြီး အုပ်ချုပ်ထားသောကြောင့်ဖြစ်၏ဟု မိမိယူဆချင်ပါသည်။
ပြည်သူတွေ လူ့အခွင့်အရေး ဆိုင်ရာ အမှန်တရားများကို မပြောရဲအောင်၊မလုပ်ရဲအောင် နည်းမျိုးစုံဖြင့်နှောင့်ယှက်တားဆီးပိတ်ပင်မူများကိုစနစ်တကျပြုလုပ်သည်မှာစစ်တပ်၏သေနင်္ဂပျူဟာတခုပင်ဖြစ်ပါသည်။ ပြည်သူများလူထုတော်လှန်ရေးကို အဆက်မပြတ်မပြုလုပ်ရဲအောင် နအဖ ၏ အဓိကနည်းဗျူဟာမှာ ဥပဒေမဲ့စွာ ဖမ်းဆီး၊နှိပ်စက်၊ထောင်ချ၊သက်ဖြတ်ခြင်းများပင်ဖြစ်၏။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ် ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ် မခံစိတ်ဓာတ်ကိုပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လို အင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့အစိုးရဖြစ်ဖြစ် တိုင်းရင်း သားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ်မဟုတ်ပါဘူး၊ ကိုယ့် ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။
ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်။”
(ဆရာတော်ဦးဥတ္တမ)

“အလုပ်တစ်ခုဖြစ်လာပြီဆိုရင်အမှတ်တမဲ့ မနေကြပါနဲ့။ဗမာတွေထင်နေတာက မလုပ်၊ မရူပ်၊ မပြုတ်ဆိုပြီးတော့ အေးအေး ဆေးဆေး နေရရင် ပြီးရောလို့ ထင်နေတယ်။ ဒီကနေ့ ဗမာပြည်မှာ ဘာဖြစ်လို့အခုလိုဖြစ်နေသလဲဆိုတော့ဗမာတွေအေးအေးဆေးဆေးနေလို့။အေးအေးဆေးဆေးနေတယ်ဆိုတာ တာဝန်ယူရမှာကိုတာဝန်မယူတာ။အင်္ဂလိပ်လိုပြောရရင် The risk of the action နဲ့ The risk of the in-action လို့ခေါ်ပါတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါအလုပ်လုပ်တာလည်း တာဝန်တစ်ခုရှိတယ်။ အလုပ်မလုပ်ပဲနေတဲ့တာဝန်က လုပ်တာကြောင့်ဖြစ်တဲ့တာဝန်ထက်ပိုကြီးတယ်လို့ပြောတယ်။ အင်္ဂလိပ် လိုပြောရင် far greater than လို့ပြောတယ်။ The risk of the in-action is far greater than the risk of the action အဲဒီလိုပြောတယ် “။
(သာသနမောဠိ ဥက္ကဋ္ဌ ပီနန်ဆရာတော်)
အထက်ပါမျိုးချစ်ဆရာတော်ကြီးများရဲ့သြဝါဒကိုကြားရတဲ့အခါတိုင်းပြည်တခုသူ့ကျွန်ဘဝမှလွတ်မြောက်ဖို့၊နိုင်ငံသားအခွင့်အရေး,လူအခွင့်အရေးတွေရရှိဖို့၊ကျွန်ုပ်တို့လူမျိုးတိုင်းမှာတာဝန်ရှိပါသည်။လူတိုင်းတာဝန်သိသိသတ္တိရှိရှိနဲ့မိမိတို့မိမိတို့စွမ်းသလောက် လုပ်ဆောင်သင့်သည်အရာ, လုပ်ဆောင်နိုင်သည့် အရာ များကို အမှန်တရားဖက်မှနေ၍ ရဲရဲဝံ့ဝံ့လုပ်ဆောင်သွားမည်ဆိုရင် မဝေးတော့သည့်အနာဂတ်မှာ--------
သစ္စာရှင်

Read More...